" အဖြေ " အပြုံးတစ်ပွင့်ကို မျှော်လင့်ရင်း မျက်ဝန်းတွေ ဆွေးမြေ့လာတယ် … ကမ်းမယ့်လက်ကို မျှော်ရင်း ... လက်ချောင်းတွေ ထုံကျင်အေးစက်လာတယ် … မျှော်လင့်ချက်ကို အသက်သွင်းရင်း အသက်ရှုရတာ ခြောက်ကပ်လာတယ် … “ စွဲလမ်းမှုတစ္ဆေ” ဆိုတာ ငြိတွယ်မှုလေးတစ်ခုအပေါ် လျှပ်တပြက်အတွင်း ရူးသွပ်ခဲ့ခြင်းမျိုးပေါ့ တော်တော်နဲ့တော့ မကျွတ်လွတ်နိုင်ဘူး ။ ဝေဒနာတွေ ပေရှည်အောင် အဲဒီ ငြိတွယ်မှုကို အချစ်ဆိုတဲ့ စာအုပ်နဲ့တိုက်ပြီး ဘာသာပြန်ကြည့်ရုံလောက်ပါ ပဲ … ။ သိခဲ့ … တယ် .. “ နှလုံးသားဆိုတာ … ထိုးကျွေးလိုက်တိုင်း အလျော်အစားပြန်မရဘူး” ပြန်တွေးလိုက်တိုင်း ခါးတယ် ။ အခုမှ လှည့်ထွက်ဖို့ကြိုးစားတော့ ခံစားချက်ဆူးတွေ စိုက်ဝင်နေတဲ့နှလုံးသားမှာ နိုင်လိုမင်းထက် “ကြိုး”တွေ … “ ကြိုး” တွေနဲ့ … ။ မျှော်လင့်ချက်ကလေး ရင်ကြားစေ့ထားတဲ့ အကျီင်္ကလေးကို ၀တ်ဆင်ရင်း အနာတရတွေ တင်းကြမ်းနဲ့ ဒီ နှလုံးသား … အခုထိ အမှား …များခဲ့တယ် …. ။ “ လေပြည်ချမ်းချမ်း ”
" Let's Write ... Let's Read " လေပြည်ချမ်းချမ်း ကဗျာများ နှင့် ရသ ထောင့်ချိုး