" အဖြေ "
အပြုံးတစ်ပွင့်ကို မျှော်လင့်ရင်း
မျက်ဝန်းတွေ ဆွေးမြေ့လာတယ် …
ကမ်းမယ့်လက်ကို မျှော်ရင်း
... လက်ချောင်းတွေ ထုံကျင်အေးစက်လာတယ် …
မျှော်လင့်ချက်ကို အသက်သွင်းရင်း
အသက်ရှုရတာ ခြောက်ကပ်လာတယ် …
“ စွဲလမ်းမှုတစ္ဆေ” ဆိုတာ
ငြိတွယ်မှုလေးတစ်ခုအပေါ် လျှပ်တပြက်အတွင်း ရူးသွပ်ခဲ့ခြင်းမျိုးပေါ့
တော်တော်နဲ့တော့ မကျွတ်လွတ်နိုင်ဘူး ။
ဝေဒနာတွေ ပေရှည်အောင်
အဲဒီ ငြိတွယ်မှုကို
အချစ်ဆိုတဲ့ စာအုပ်နဲ့တိုက်ပြီး
ဘာသာပြန်ကြည့်ရုံလောက်ပါ ပဲ … ။
သိခဲ့ … တယ် ..
“ နှလုံးသားဆိုတာ …
ထိုးကျွေးလိုက်တိုင်း အလျော်အစားပြန်မရဘူး”
ပြန်တွေးလိုက်တိုင်း ခါးတယ် ။
အခုမှ လှည့်ထွက်ဖို့ကြိုးစားတော့
ခံစားချက်ဆူးတွေ စိုက်ဝင်နေတဲ့နှလုံးသားမှာ
နိုင်လိုမင်းထက် “ကြိုး”တွေ …
“ ကြိုး” တွေနဲ့ … ။
မျှော်လင့်ချက်ကလေး ရင်ကြားစေ့ထားတဲ့
အကျီင်္ကလေးကို ၀တ်ဆင်ရင်း
အနာတရတွေ တင်းကြမ်းနဲ့
ဒီ နှလုံးသား …
အခုထိ အမှား …များခဲ့တယ် …. ။
“ လေပြည်ချမ်းချမ်း ”
ကမ်းမယ့်လက်ကို မျှော်ရင်း
... လက်ချောင်းတွေ ထုံကျင်အေးစက်လာတယ် …
မျှော်လင့်ချက်ကို အသက်သွင်းရင်း
အသက်ရှုရတာ ခြောက်ကပ်လာတယ် …
“ စွဲလမ်းမှုတစ္ဆေ” ဆိုတာ
ငြိတွယ်မှုလေးတစ်ခုအပေါ် လျှပ်တပြက်အတွင်း ရူးသွပ်ခဲ့ခြင်းမျိုးပေါ့
တော်တော်နဲ့တော့ မကျွတ်လွတ်နိုင်ဘူး ။
ဝေဒနာတွေ ပေရှည်အောင်
အဲဒီ ငြိတွယ်မှုကို
အချစ်ဆိုတဲ့ စာအုပ်နဲ့တိုက်ပြီး
ဘာသာပြန်ကြည့်ရုံလောက်ပါ ပဲ … ။
သိခဲ့ … တယ် ..
“ နှလုံးသားဆိုတာ …
ထိုးကျွေးလိုက်တိုင်း အလျော်အစားပြန်မရဘူး”
ပြန်တွေးလိုက်တိုင်း ခါးတယ် ။
အခုမှ လှည့်ထွက်ဖို့ကြိုးစားတော့
ခံစားချက်ဆူးတွေ စိုက်ဝင်နေတဲ့နှလုံးသားမှာ
နိုင်လိုမင်းထက် “ကြိုး”တွေ …
“ ကြိုး” တွေနဲ့ … ။
မျှော်လင့်ချက်ကလေး ရင်ကြားစေ့ထားတဲ့
အကျီင်္ကလေးကို ၀တ်ဆင်ရင်း
အနာတရတွေ တင်းကြမ်းနဲ့
ဒီ နှလုံးသား …
အခုထိ အမှား …များခဲ့တယ် …. ။
“ လေပြည်ချမ်းချမ်း ”
Comments
Post a Comment