" ရာသီစာအလွမ်း "
နွေရာသီက
ဘာတစ်ခုမှ အချက်မပြဘဲ
တိတ်တိတ်ကလေး …
... ထွက်ပြေးသွားတယ် ။
မုန်တိုင်းတွေ အစပျိုးမှ
“မိုးဦး” ရောက်မှန်း ရိပ်မိ … ။
တိမ်ပုလဲသွယ်တွေ ကြိုးပြတ်ကျတဲ့ရာသီမှာ
ငိုနေတဲ့ကောင်းကင်ကြီးအောက်
နှလုံးသားတစ်ခုလုံး ရွှဲရွှဲစိုအောင်
ခြေပစ်လက်ပစ် ...
လျှောက်ပစ်လိုက်တယ် … ။
အလွမ်းတွေ … အလွမ်းတွေ၊
ဆားမခတ်ရဘဲ လေးလွန်းလို့ ….။
... ထွက်ပြေးသွားတယ် ။
မုန်တိုင်းတွေ အစပျိုးမှ
“မိုးဦး” ရောက်မှန်း ရိပ်မိ … ။
တိမ်ပုလဲသွယ်တွေ ကြိုးပြတ်ကျတဲ့ရာသီမှာ
ငိုနေတဲ့ကောင်းကင်ကြီးအောက်
နှလုံးသားတစ်ခုလုံး ရွှဲရွှဲစိုအောင်
ခြေပစ်လက်ပစ် ...
လျှောက်ပစ်လိုက်တယ် … ။
အလွမ်းတွေ … အလွမ်းတွေ၊
ဆားမခတ်ရဘဲ လေးလွန်းလို့ ….။
“လေပြည်ချမ်းချမ်း”
Comments
Post a Comment