“Lovemix” (ဗိုင်းရပ်စ်များဖြင့် ဖော်စပ်သည်) ‘အချစ်’ ဆိုတာ ဗိုင်းရပ်စ် တစ်ကောင်လိုပဲ … အတွေးတိုင်းမှာလိုက်ပြီး စွဲကပ်နှောင့်ယှက်နေတတ်တယ် …။ တစ်ခါတစ်ရံ အလွမ်းသဏ္ဍာန် Folder တွေ မရေမတွက်နိုင်အောင် သူ့အလိုလိုဆဲလ်ပွားပေးတတ်ပြီး မမ်မိုရီတစ်ခုစာလုံးအပြည့် နေရာယူသွားတတ်တယ် …။ သိမ်မွေ့ပျော့ပျောင်းမြန်ဆန်တဲ့ ‘ပန်းနုရောင်’မျက်လှည့်နဲ့ Desktop ‘အာရုံ’ တစ်ခုလုံး လှည့်စားပြီးမှ … CPU ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို ခိုးယူသွားတတ်တယ် …။ ထိန်းချုပ်ဖို့ သတိတစ်ချက် ရလာချိန်မှာတော့ … CPU ကြီးရဲ့ အသည်းနှလုံးဒေတာအစိတ်အပိုင်းတွေက သုံးမရအောင် ကြေမွကျိုးပျက်သွားနှင့်ပြီ …။ မိုးသည်းသည်းညနေခင်းမှာ ကော်ဖီသောက်ရင်း အင်တာနက်သုံးရသလို … ‘ဆွတ်ပျံ့ကြည်နူးမှု’ တွေဟာ တစ်ခါတစ်ရံ ‘အချစ်’ ယောင်ဆောင်ပြီး ‘ခံစားချက်’နယ်စပ်ကို ခိုးဝင်လာတတ်တယ် …။ ‘ အချစ်စစ် ’ ဆိုတာ ဆွတ်ပျံ့ကြည်နူးမှုသက်သက် မဟုတ်ဘူး။ ‘ အချစ်စစ်’ ဆိုတာ လေယူရာတိမ်းတဲ့ စိတ်ကူးတွေက မပွင့်ဝေဘူး။ ‘ အချစ်စစ် ’ ဆိုတာ အချုပ်အနှောင်မြဲတယ်လို့ နာမည်ကြီးတဲ့ သံယောဇဉ်နဲ့ တကယ်တမ်း မသက်ဆိုင်ဘူး။ ‘ အချစ...
" Let's Write ... Let's Read " လေပြည်ချမ်းချမ်း ကဗျာများ နှင့် ရသ ထောင့်ချိုး