အကြိမ်ကြိမ်အခါခါ
ပြုံးတယ် ။
အကြိမ်ကြိမ်အခါခါ
ငိုတယ် ။
“အချစ်”
ဆိုတာ …
ပြုံးလိုက်၊
ငိုလိုက် အရူးလိုပဲ … ။
အကြိမ်ကြိမ်အခါခါ
တွေးတယ် ။
အကြိမ်ကြိမ်အခါခါ
ဆွေးတယ် ။
“အလွမ်း”
ဆိုတာ …
အုံ့လိုက်၊
မှိုင်းလိုက် မုတ်သုန်ရာသီဥတုလိုပဲ … ။
“အချစ်”
ဆိုတာ
မျှားဖို့မရည်ရွယ်ပါဘဲ
မိလာတဲ့
အလွမ်းအတွက်
“ငါးစာ” ။
“အလွမ်း”
ဆိုတာ
အချစ်ယောင်ဆောင်ထားတဲ့
ရင်ဘတ်တစ်ခြမ်း
။
“အချစ်နဲ့အလွမ်း”ဆိုတာ
နှစ်လွှာပေါင်းမှ
တစ်ရွက်ဖြစ်တည်တဲ့
နှလုံးသားသစ်ပင်ရဲ့
သက်တမ်းအရှည်ကြာဆုံး
သစ်ရွက်တစ်ရွက်။
ခေတ်အဆက်ဆက်
ဘယ်အချစ်သမားမှ
“အလွမ်း”
ဆိုတဲ့ ကဏ္ဍကို
တသီးတသန့်
မရေးထိုးခဲ့ကြပေမယ့်လည်း
၊
အလွမ်းရဲ့နေ့
အလွမ်းရဲ့ည
အလွမ်းထောင့်ချိုးနဲ့
အလွမ်းကဖီး
အလွမ်းရဲ့ကဗျာနဲ့
အလွမ်းအထာ
အလွမ်းသံစဉ်နဲ့
အလွမ်းရဲ့စာလွှာ …၊
အချစ်ရဲ့လမ်းမပေါ်မှာ
…
အလွမ်း
… အလွမ်း …
အလွမ်း
…. တွေချည်းပဲ
ဖွေးနေအောင်
ပြန့်ကျဲနေခဲ့တယ် ။ ။
“
လေပြည်ချမ်းချမ်း”
Comments
Post a Comment