“Lovemix”
(ဗိုင်းရပ်စ်များဖြင့် ဖော်စပ်သည်)
‘အချစ်’ ဆိုတာ
ဗိုင်းရပ်စ် တစ်ကောင်လိုပဲ …
အတွေးတိုင်းမှာလိုက်ပြီး
စွဲကပ်နှောင့်ယှက်နေတတ်တယ် …။
တစ်ခါတစ်ရံ အလွမ်းသဏ္ဍာန် Folder တွေ
မရေမတွက်နိုင်အောင် သူ့အလိုလိုဆဲလ်ပွားပေးတတ်ပြီး
မမ်မိုရီတစ်ခုစာလုံးအပြည့်
နေရာယူသွားတတ်တယ် …။
သိမ်မွေ့ပျော့ပျောင်းမြန်ဆန်တဲ့
‘ပန်းနုရောင်’မျက်လှည့်နဲ့
Desktop ‘အာရုံ’ တစ်ခုလုံး
လှည့်စားပြီးမှ …
CPU ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တွေကို
ခိုးယူသွားတတ်တယ် …။
ထိန်းချုပ်ဖို့ သတိတစ်ချက်
ရလာချိန်မှာတော့ …
CPU ကြီးရဲ့
အသည်းနှလုံးဒေတာအစိတ်အပိုင်းတွေက
သုံးမရအောင်
ကြေမွကျိုးပျက်သွားနှင့်ပြီ …။
မိုးသည်းသည်းညနေခင်းမှာ
ကော်ဖီသောက်ရင်း အင်တာနက်သုံးရသလို …
‘ဆွတ်ပျံ့ကြည်နူးမှု’ တွေဟာ တစ်ခါတစ်ရံ
‘အချစ်’ ယောင်ဆောင်ပြီး
‘ခံစားချက်’နယ်စပ်ကို ခိုးဝင်လာတတ်တယ် …။
‘ အချစ်စစ် ’ ဆိုတာ
ဆွတ်ပျံ့ကြည်နူးမှုသက်သက် မဟုတ်ဘူး။
‘ အချစ်စစ်’ ဆိုတာ
လေယူရာတိမ်းတဲ့ စိတ်ကူးတွေက မပွင့်ဝေဘူး။
‘ အချစ်စစ် ’ ဆိုတာ
အချုပ်အနှောင်မြဲတယ်လို့ နာမည်ကြီးတဲ့ သံယောဇဉ်နဲ့ တကယ်တမ်း မသက်ဆိုင်ဘူး။
‘ အချစ်စစ် ’ ဆိုတာ တကူးတက
ဖိတ်ခေါ်ယူရတဲ့ ခံစားချက်တစ်ခက် မဟုတ်ဘူး ။
‘ အချစ်စစ်’ ဆိုတာ
ရင်ခုန်သံတိုင်းကို ကိုယ်စားမပြုဘူး ။
အသေချာဆုံးက …
‘ အချစ်စစ် ’ ဆိုတာ … ‘ဗိုင်းရပ်စ်’
တစ်ကောင်တော့ မဟုတ်ခဲ့ဘူး ။ ။
'လေပြည်ချမ်းချမ်း'
September 24th,
22:16 pm
Tuesday , 2013
Comments
Post a Comment