Skip to main content

Posts

Showing posts from September, 2015

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

`အိပ်​မက်​-၃´

`အိပ်​မက်​-၃´ ကြယ်​​တွေ ​ကောင်းကင်​မှာ​ကြွေဖူးတယ်​ ည​တွေ အိပ်​မက်​ဆိုးမှာ​ခေါင်းနစ်​ဖူးတယ်​ ခံစားမှုဟာ နွံလို  အ​ကြောက်​တရားဟာ ရုန်းကန်​မှုလို ။ ငြိမ်​ငြိမ်​သက်​သက်​​လေး​ဖြေ​လျော့  ( ပလတ်​စတစ်​စွန်​လို ) အ​ကောင်းမြင်​စိတ်​​လေးအမြင့်​တင်​ မျှော်​လင့်​ချက်​​တွေငါးစာချ  မနက်​ဖြန်​​တွေကို မျှားကြမယ်​ ။ ဒီ​နေ့ရပ်​တည်​မှုအတွက်​အပြုံးတစ်​ပွင့်​ဟာ နှလုံးသားကသာ ပွင့်​​ဝေနိုင်​တာ​ပေါ့ နှလုံးသားမှာ အပြုံးပင်​စိုက်​ကြရ​အောင်​ ကမ္ဘာကြီး​မွှေးပျံ့​ချို​အေးအောင်​ ။   ။ `လေပြည်​ချမ်းချမ်း´

ဘဝကင်းဗတ်​စ်ပေါ်က သဘာဝဆေးစက်​များ

[1] `တစ်​ကိုယ်​​​ကောင်းဆန်​ခြင်း´ ❄⛄⛄⛄⛄⛄⛄❄ ငါက ​အေးခဲ​နေတဲ့ ​ဆောင်းရာသီ . . .  ​နေ​ရောင်​ခြည်​ကို​တော့ ကြိုက်​တယ်​။  `ကိုယ်​တိုင်​က​တော့ မ​နွေး​ထွေးတတ်​ဘူး´တဲ့။ လူ​တွေက အပြစ်​တင်​တယ်​ ။ [2] `အခွင်​ထူးခံ​ဆေးစက်​များ´ ☔☔☔☔☔☔☔ သူက မိုးရာသီ ​ကောင်းကင်​ပြာကို တိတ်​တိတ်​​မုန်း​နေတဲ့သူ  ​နေခြည်​တစ်​ဝက်​ မိုးမှုန်​တစ်​ဝက်​ ​​ရောင်​စုံတဲ့သက်​တန့်​​တွေ  မျက်​နှာလိုမျက်​နှာရ ကောင်းကင်​ဆီက သူ လက်​​ဆောင်​ရထားတယ်​။ [3] `​ပျော်​တတ်​တဲ့ နတ်​သမီး´ 🌺🍁🌺🌺🍁🌺 ​တခါတ​ရံ ​လေညင်းနဲ့ကခုန်​တယ်​ တခါတ​ရံ ဆောင်းရွက်ေ​ဟာင်းကို ညှို့​ခြွေလို့ တခါတရံ ပူပြင်းမှုနဲ့ သက်​ပြင်း​တွေ မှုတ်​ထုတ်​လို့ ​တောက်​ပတဲ့​နေမင်းရဲ့အဆင်းမှာ  လူ​တွေကို မွန်းတည့်​တိုင်း မျက်​နှာငယ်​နဲ့​  ချောင်းကြည့်​တတ်​တဲ့သူ​ပေါ့ မင်းမှာ... သိပ်​လှတဲ့ ​နွေဦးကကြိုးရှိခဲ့တယ်​ ။ `​လေပြည်​ချမ်းချမ်း´ 17:25 PM 2015 Aug 30 Sunday.

`အိပ်​မက်​-၂´

အိပ်​မက်​​တွေ ဖူးပွင့်​တဲ့မြို့မှာ ...  မနက်​ခင်း ပုန်းကွယ်​​နေခဲ့တယ်​ ။ နိမိတ်​ပုံ​တွေထဲ ​လျှောက်​...​လျှောက်​ တခါတ​လေ...  အဆိပ်​ကိုကြောက်​ရင်​ ... ဘယ်​​တော့မှ ​ ဖြေ​ဆေးရှာမ​တွေ့​တော့ဘူး ။ အ​ကြောက်​တရားဟာ အ​မှောင်​ထက်​ပိုဆိုး။ အနာဂတ်​ကို ပုဒ်​မချပစ်​ဖို့  ခပ်​တည်​တည်​ပဲ  ၊ သူ ...​ ချောင်း​မြောင်း​နေခဲ့တယ်​။ `​လေပြည်​ချမ်းချမ်း´

`အိပ်​မက်​-၁´

`အိပ်​မက်​-၁´ လှပတဲ့ အိပ်​မက်​​လေး  မက်​တယ်​ ။ အဆွတ်​ပျံ့ဆုံး ခံစားရတဲ့ ခံစားချက်​အတွက်​  ​ကျေးဇူးတင်​ရမလား ။ ဘယ်​​တော့မှ မိုးလင်းမလာမယ့်​ အိပ်​မက်​​တွေရဲ့​ရေ​သောက်​မြစ်​ ည... ကိုပဲ  နာကျည်းရမလား ။ `​လေပြည်​ချမ်းချမ်း´

ပိုက်​ဆံမကုန်​​သောလက်​​ဆောင်​(၈)မျိုး

🎁🎁 `ပိုက်​ဆံမကုန်​​သောလက်​​ဆောင်​(၈)မျိုး´ 🎋🎈🎁🎁🎁🎈🎋 ​ပေါင်းသင်းဆက်​ဆံ​ရေးအတွက်​ ကိုယ့်​မှာရှိထားသင့်​​သော အရည်​အ​သွေးများဆိုလည်း မမှားပါဘူး​နော်​။ (၁) နား​ထောင်​ခြင်းလက်​​ဆောင်​ လွယ်​လွယ်​​လေးပါ။ တစ်​စုံတစ်​​ယောက်​ကို သူ​ပြော​နေတဲ့အ​ကြောင်းအရာအ​ပေါ်မှာ ဘာ​ဝေဖန်​သုံးသပ်​ချက်​မှမ​ပေးဘဲ စိတ်​ပါလက်​ပါနား​ထောင်​ခြင်းသက်​သက်​နဲ့ လက်​​ဆောင်​​ပေးခြင်းပါ။ (၂) ​မေတ္တာတရားလက်​​ဆောင်​ ကြင်​နာတဲ့စကား​လေးတစ်​ခွန်း​ပြောလိုက်​တာ၊ သူ့အ​ပေါ်ဂရုတစိုက်​ရှိတဲ့ အပြုအမူမျိုးနဲ့ ကိုယ့်​​မေတ္တာတရား​ကြောင့်​ သူ့ကို ​နွေး​ထွေးသွား​စေခြင်းလက်​​ဆောင်​​လေးပါ။ (၃) ရယ်​​မောခြင်းလက်​​ဆောင်​ ကာတွန်း​လေး​တွေ၊ ​ဆောင်းပါး​လေး​တွေ၊ ရယ်​စရာပုံပြင်​​လေး​တွေ မျှ​ဝေ​ပေးပါ။ အဲဒါက မင်းနဲ့အတူ ရယ်​​မောရတာကို နှစ်​သက်​တယ်​ဆိုတဲ့ အဓိပ္ပာယ်​ပါ။ ​(၄) ရေးထားတဲ့စာလက်​​ဆောင်​ ရိုးရိုးက​လေးလည်းဖြစ်​နိုင်​ပါတယ်​။ `ကူညီ​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​´ ဒါမှမဟုတ်​ ကဗျာ​လေးတစ်​ပုဒ်​၊ ကိုယ့်​လက်​​ရေးနဲ့​ရေးထားတဲ့ စာတို​လေးတစ်​​စောင်​ပဲဖြစ်​ဖြစ်​ ဘဝတစ်​သက်​စာ အမှတ်​တရဖြစ်​​စေနိုင်​ပါတယ်​။ သူ့အတွက်​ ဘဝတစ်​...

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...