[နောက်ဆုံးစာမျက်နှာ] အကြည့်လေးတစ်ချက်နဲ့ပဲ သူမစကားပြောခဲ့တယ် ထွက်ခွာသွားတော့မယ့်မျက်ဝန်းဖွဖွမှန်း (ကိုယ်) မသိခဲ့ပါဘူးကွယ် နှုတ်ဆက်ခဲ့တာလား စိတ်ဆိုးသွားခဲ့လေသလား ခွင့်လွှတ်တတ်သူအပေါ်မှာမှ ကိုယ် အစွမ်းကုန်ဆိုးခဲ့တယ် မသိသားဆိုးရွားစွာပဲပေါ့ . . . ။ [ဝေဒနာစာမျက်နှာ] ဝေဒနာအဖွင့်နဲ့အပိတ်ကြား သူမကတော့ ကိုယ့်အပေါ်ရတနာတစ်ပါးလို ယုယ အရိပ်တကြည့်ကြည့်နဲ့ဖေးမလို့ ခယောင်းလမ်းထက် ကတ္တီပါလက်ဖဝါးခင်းပေးလို့ လဲရင်ပြန်ထ ဒါဘဝ တဲ့ လမ်းလျှောက်တတ်အောင် သင်ပေးခဲ့တယ်။ ရင်ဘတ်နုနုကို ချစ်ခြင်းနဲ့ကြမ်းရှစေလို့ လောကဓံကိုစိန်ခေါ် ကိုယ့်ရှေ့မှာမြဲမြဲရပ်ခဲ့တာ သူမပေါ့ တစ်နေ့ထက်တစ်နေ့ အသားမာတွေပြည့်လာတဲ့ သူမလက်ဖဝါးတွေကို ကိုယ်တို့ လူဘုံအလယ်မှာ နှာခေါင်းရှုံ့ခဲ့ကြပါသလား သွေးခြေတောင်မဥတဲ့ ကိုယ်တို့ခြေဖဝါးတွေအပေါ် သူမရဲ့ကြင်နာခြင်းပြယုဂ်တွေပေါ့ အချိန်နှောင်းအသိထဲမှာ တန်ဖိုးဖြတ်မရတဲ့ အစားထိုးမရမှုတွေထဲ သူမကရုဏာအပြည့်နဲ့ပြုံးနေဆဲ ...
" Let's Write ... Let's Read " လေပြည်ချမ်းချမ်း ကဗျာများ နှင့် ရသ ထောင့်ချိုး