တိတ်ဆိတ်ခြင်းနဲ့ ... ၊
အရောင်တွေမုန်းတဲ့သူ ...
အမှောင်မှာပဲ သူ့မျက်ဝန်းတွေ
တောက်ပလာတယ် ။
ညက ဆွဲသီထားတဲ့ကြယ်တွေထဲ
ငယ်စိတ်ဝိညာဉ်တပ်မျက်လုံးတစ်စုံနဲ့
သူ ... ညတိုင်းငေးတယ် ။
တဖျပ်ဖျပ် ... လက်၊
တလက်လက် ... ခုန်၊
မှိတ်တုပ်တုပ်မှိတ်တုပ် ... ပြုံး၊
တခါတခါ ရင်ခွင်ထဲကြွေကျမလို
တခါတခါ တိမ်ကန်လန့်ကာဆွဲချသလို
ကြည်နူးလိုက် ၊ မျှော်လင့်လိုက်
တွေဝေလိုက် ၊ ငေးမောလိုက်
လေပြည်က အမှောင်နဲ့တွဲက
ကြယ်ရောင်စုံရဲ့ ညဂီတ...မှာ
သူ ... တွေးနေမိတာ တစ်ခုတည်း
သူ့ကြယ်ကလေး ...
ဘယ် ကို ငေး နေ တာ လဲ ။ ။
`လေပြည်ချမ်းချမ်း´
Oct /24/2014/4:55 PM/Fri.
Comments
Post a Comment