Skip to main content
`နှလုံးသားထဲက မီးပြတိုက်​´
[နောက်​ဆုံးစာမျက်​နှာ]
အကြည့်​​လေးတစ်​ချက်​နဲ့ပဲ သူမစကား​ပြောခဲ့တယ်
ထွက်​ခွာသွား​တော့မယ့်​​မျက်​ဝန်းဖွဖွမှန်း 
နှုတ်​ဆက်​ခဲ့တာလား စိတ်​ဆိုးသွားခဲ့​လေသလား
ခွင့်​လွှတ်​တတ်​သူအ​ပေါ်မှာမှ ကိုယ်​ အစွမ်းကုန်​ဆိုးခဲ့တယ်
မသိသားဆိုးရွားစွာပဲ​ပေါ့  . . . ။
[​ဝေဒနာစာမျက်​နှာ]
ဝေဒနာအဖွင့်​နဲ့အပိတ်​ကြား
သူမက​တော့ ကိုယ့်​အ​ပေါ်ရတနာတစ်​ပါးလို ယုယ
အရိပ်​တကြည့်​ကြည့်​နဲ့​ဖေးမလို့
ခ​ယောင်းလမ်းထက်​ ကတ္တီပါလက်​ဖဝါးခင်း​ပေးလို့
လဲရင်​ပြန်​ထ ဒါဘဝ တဲ့
လမ်း​လျှောက်​တတ်​​အောင်​ သင်​​ပေးခဲ့တယ်​။
ရင်​ဘတ်​နုနုကို ချစ်​ခြင်းနဲ့ကြမ်းရှ​စေလို့
လောကဓံကိုစိန်​​ခေါ် ကိုယ့်​​ရှေ့မှာမြဲမြဲရပ်​ခဲ့တာ သူမ​ပေါ့
တစ်​​နေ့ထက်​တစ်​​နေ့ အသားမာတွေပြည့်​လာတဲ့ 
သူမလက်​ဖဝါး​တွေကို ကိုယ်​တို့ လူဘုံအလယ်​မှာ
 နှာ​ခေါင်းရှုံ့ခဲ့ကြပါသလား
သွေး​ခြေ​တောင်​မဥတဲ့ ကိုယ်​တို့​ခြေဖဝါး​တွေအ​ပေါ် 
သူမရဲ့ကြင်​နာခြင်းပြယုဂ်​​တွေ​ပေါ့ 
အချိန်​​နှောင်းအသိထဲမှာ တန်​ဖိုးဖြတ်​မရတဲ့ အစားထိုးမရမှု​တွေထဲ
သူမကရုဏာအပြည့်​နဲ့ပြုံး​နေဆဲ
အပြစ်​​ပေးခြင်းထက်​နာကျင်​တဲ့ ခွင့်​လွှတ်​မှု​တွေ​ ...
ပေးဆပ်​သူနှလုံးသားမှာ ကိုယ်​တို့သိပ်​နာကျင်​မှာ
စိုးရိမ်​​နေ​လေဦးမယ်။
ဘဝကို​လျှောက်​လာတဲ့သူမဟာ လမ်း​တွေကို​ဖောက်​နိုင်​သူ​ပေါ့
သူမချခင်းပေးတဲ့လမ်း​ပေါ်မှာ ကလန်​ကဆန်​လုပ်​တဲ့ကို​ယ်​တို့ကို 
မျက်​ရည်​ကျ​အောင်​ စိတ်​ပူပန်​ခဲ့သူ​ပေါ့
နှောင်း​နောင်​တဆိုတာခါးသီး​ပေမယ့်​ ​စေတနာကို
နားမလည်​နိုင်​ခဲ့ခြင်းက 
ပိုယူကျုံးမရ​အောင်​  ဝမ်းနည်း​စေတဲ့​အရာ
အ​ပျော်​​တွေနဲ့​ဝေဒနာ​တွေ​ရောယှက်​​နေတဲ့ သူမအ​ကြောင်းဟာ 
အ​တွေးအိမ်​မှာ အိပ်​ရာဝင်​ပုံပြင်​တစ်​ပုဒ်​လို​ပဲ
ပိုင်​ဆိုင်​ခဲ့ဖူးတာ ဒဏ္ဍာရီဆန်​တယ်​ ဘယ်​​လောက်​တမ်းတ​ပေမယ့်​ အိပ်​မက်​အဖြစ်​ပဲ သူမ ကိုယ့်​ဆ်ီပြန်​လာခဲ့တယ်
[အခုစာမျက်​နှာ]
ကိုယ်​ပိုင်​ခ​ရောင်းလမ်းကျဉ်းက​လေးထဲမှာ အခု ကိုယ့်​ခြေဖဝါး​​တွေ သွေးသံရဲလှပြီ
ကိုယ်​မငိုပါဘူး ကြယ်​တစ်​စင်းလို သူမ လမ်းပြ​နေဆဲပဲ
လမင်းကြီးလို ​နွေးမြအလင်းကိုယ့်​ပါးပြင်​ဆ်ီဖြာဆင်း​စေတုန်းပဲ
ကိုယ်​တို့မျက်​ရည်​တစ်​​ပေါက်​ကို သွေ့​​ခြောက်​​စေတဲ့
လေပြည်​ညင်းေ​လးလို
ဖမ်းဆုပ်​မရ​တော့​ပေမယ့်​ ကိုယ့်​အနားမှာ သူမရှိ​နေတုန်းပါပဲ
ကိုယ်​တို့ဘဝ​တွေထဲ တစ်​သက်​တာအလင်းထွန်းညှိထားခဲ့တဲ့ 
မီးပြတိုက်​လို သူမရဲ့အသည်းနှလုံးတစ်​စုံ​ပေါ့ 
သူမကို ကိုယ်​ ဝမ်းပန်းတနည်း မြတ်​မြတ်​နိုးနိုး အက်​အက်​ကွဲကွဲ လှိုက်​လှိုက်​လှဲလှဲ 
တီးတိုးတမ်းတမိတယ်​ တိုင်​တည်​ရမ်း​ရော်​မိတယ်​ ... 
`မေမေ​ ... ​မေ​မေ ရေ။´
`​လေပြည်​ချမ်းချမ်း´
20:14PM/ Nov 6/ 2015/ Friday.
(မီးအိမ်​ရှင်​​ပျောက်​ဆုံးခဲ့ရ​သော အသက်​အရွယ်​မ​ရွေးက​လေးများစွာအတွက်​ သို့မဟုတ်
မီးအိမ်​ရှင်​ကို ပိုင်​ဆိုင်​ထား​သော ကမ္ဘာ့က​လေးများအားလုံးအတွက်​ ရည်​ညွှန်းဖွဲ့ဆိုပါသည်​။)
[​မေ​မေ့အားလွမ်းဆွတ်​တ,သခြင်း ကိုးနှစ်​ပြည့်​အမှတ်​တရ]
Comments
Popular posts from this blog
" မျက်နှာဖုံး "
" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]
ရနံ့ကုထုံး
`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...
`လက်​​ဆောင်​´
ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´