“နှလုံးသားရေဒီယိုမှ ဆက်လက်အသံလွှင့်နေသည်”
လက်သီးဆုပ်မထားဘူး
လက်ဖ၀ါးဖွင့်ထားတယ်
‘ပျော်ရွှင်ခြင်း’ ‘နာကျင်ခြင်း’
‘၀မ်းနည်းခြင်း’ ‘ချမ်းမြေ့ခြင်း’
တံခါးမရှိ ဓါးမရှိ ခေါက်တုံ့ခေါက်ပြန်
နေပါစေကွယ်
‘ဘ၀’ဆိုတဲ့ ပေါင်းကူးတံတားထဲ
တစ်ခါတစ်လေ ရည်ရွယ်တာလေးများ
ပစ်မှတ်ဗဟိုတည့်တည့် ထိစိုက်ရင်တော်ပြီ
‘နေထိုင်မှု’ဆိုတာ
‘မြားပစ်ကျင့်သလို အချိန်ဖြုန်းရခြင်း’
တစ်ခါတစ်လေတော့လည်း
လေလာလှိုင်းခတ် ခံစားချက်တွေ
နှလုံးသား အဝေးထိန်းခလုတ် ပိတ်ထားတယ် ။
#လေပြည်ချမ်းချမ်း
Feb 25th /1:35 am/ Thurs / 2016.
Comments
Post a Comment