“သုညတစ်လုံးကို ငုံ့မိုးကြည့်ခြင်း”
လူတွေက ဘာမှမဟုတ်ဘူး
အခက်အခဲတွေက ဘာမှမဟုတ်ဘူး
အနိုင်က ဘာမှမဟုတ်ဘူး
အောင်မြင်မှုက ဘာမှမဟုတ်ဘူး
ထင်ပေါ်ကျော်ကြားမှုက ဘာမှမဟုတ်ဘူး
လောကကြီးက ဘာမှမဟုတ်ဘူး
………………………………………………….
ဘာမှမဟုတ်တဲ့
သုညတစ်လုံးကို
အပေါ်စီးကနေ ငုံ့မိုးကြည့်ဖို့
ကြိုးစားရတာ
……………………………………. မောတယ်
ဒါပေမယ့် … လည်း
ဒူးမထောက်ချင်ရင် အရပ်မြင့်အောင်
ကြိုးစားရဦးမယ်
။ ။
"လေပြည်ချမ်းချမ်း"
Comments
Post a Comment