`လက်ဆောင်စိတ်ရောင်စုံများ´
တစ်ချို့ပါကင်ထုပ်လှလှလေးတွေ
ဘဝထဲ ဝင်လာခဲ့ဖူးတယ် ။
စိတ်တွေကို ဖဲကြိုးဖြည် ဖွင့်မကြည့်ရဲခဲ့ဘူး ။
မျှော်လင့်ချက်ကို ရိုက်သတ်ခံရတဲ့ခံစားချက်မျိုး ။
ဟိုးအမြင့်ကြီးကအကောင်းမြင်စိတ်ကို
နောက်ဘက်ကနေ ချောက်ထဲတွန်းချခံလိုက်ရသလိုမျိုး ။
ကိုယ့်ကိုကိုယ်တမြေ့မြေ့တုံးနေတဲ့ဓားတစ်လက်လို
သတ်မှတ်မိမှာစိုးတယ် ။
တကယ်က ဓားတုံးတုံးနဲ့ ပူးကပ်အထိုးခံလိုက်ရသလိုမျိုးပေါ့ ။
အဓိပ္ပာယ်မသိတဲ့အပြုံးချိုချိုဟာ ...
တကယ်တော့ ကြောက်စရာကောင်းတယ် ။ ။
`လေပြည်ချမ်းချမ်း´
20:50PM /2015/Nov/Sat.
Comments
Post a Comment