Skip to main content

Posts

Showing posts from June, 2016

Moe Kaung Kin Khaung Moe Out Mae

Happiness Is Strength

`​ပျော်​ရွှင်​မှု´ဆိုတာ တံခါးဖွင့်​ထားရုံနဲ့ သူ့အလိုလို​ရောက်​လာတတ်​တဲ့အရာ ...  အဲဒီတံခါး​လေးဖွင့်​ဖို့ ​`ပေးဆပ်​နားလည်​ ...  ခွင့်​လွှတ်​သည်းခံ ...  စွန့်​လွှတ်​ပေးလိုက်​ရတဲ့အရာ​တွေ´က အများကြီးပဲ ။  ဒါ​ပေမယ့်​ တကယ်​​ပျော်​ရရင်​ တန်​ပါတယ်​။  တကယ်​​ပျော်​ချင်​ရင်​ `ပေးဆပ်​နားလည်​ ...   ခွင့်​လွှတ်​သည်းခံ​ ...  စွန့်​လွှတ်​ပေးလိုက်​ရတဲ့အရာ​တွေ´ကို   ဘယ်​​တော့မှ ပြန်​မ​တွေးနဲ့ ။        လက်​ထဲ​ရောက်​​နေတဲ့ ​ပျော်​ရွှင်​မှုကို တန်​ဖိုးထားပါ ။ #​လေပြည်​ချမ်းချမ်း #I_Choose_Happiness. 4:45 Pm/June 25/Sat/2016.

About Our Dreams

`အိပ်​မက်​​တွေရဲ့အ​ကြောင်း´ The future belongs to those who believe in the beauty of their dreams. ~ Eleanor Roosevelt  သူတို့အိပ်မက်တွေရဲ့လှပမှုကို သက်ဝင်ယုံကြည်တဲ့သူတွေဟာ    သူတို့ရဲ့အနာဂတ်ကို ပိုင်ဆိုင်တတ်ကြပါတယ်။ ~ အယ်လီနော ရုစဗဲ့

Thanks Dad

`​ကျေးဇူးပါ ​ဖေ​ဖေ´ ••• My Father gave me the greatest gift anyone could give anothe person, he believed in me.  • Author Unknown• ကျွန်တော် ခြောက်နှစ်သားတုန်းကပေါ့ ။ ကျွန်တော်တို့မိသားစုတွေနေထိုင်တဲ့နာနာ(အဘွား)အိမ်နဲ့ ဘေးကပ်ရပ်မှာရှိတဲ့ ရထားသံလမ်းတစ်လျှောက် ကျွန်တော် အပြေးလျှောက်လာခဲ့တယ်။ မျက်လုံးမှာမျက်ရည်တွေဝေေ၀၀ါးဝါးနဲ့ ကိုက်သုံးရာလောက်အဝေးက ကျွန်တော်တို့ အစိမ်းရောင်အိမ်အိုကြီးကို လှမ်းမြင်နေရတယ်။ လက်တွေဟာနာကျင်နေပြီး ခြေထောက်တွေက ဒယိမ်းဒယိုင်ဖြစ်နေတယ်။ ဒါပေမယ့် ငိုနေရင်းနဲ့ပဲ အိမ်ဆီကို ဆက်လျှောက်လာခဲ့တယ်။ ကျွန်တော်ဟာ တောအုပ်ထဲလျှောက်သွားတဲ့လမ်းမှာ မြက်ပင်နဲ့သစ်ရွက်တွေဖုံးနေတဲ့ သတ္တုအရာဝတ္တုတစ်ခုကို စူးစမ်းမိတယ်။ အဲဒီမှာ သတ္တုအရာဝတ္ထုဟာ ကျွန်တော့်လက်ကို ဆတ်ခနဲဖမ်းညှပ်လိုက်တယ် ။ အဲဒါက မြေခွေး ဒါမှမဟုတ်  ရက်ကွန်းကောင်တွေရဲ့ခြေထောက်ကို ဖမ်းဖို့ထောင်ထားတဲ့ ထောင်ချောက်တစ်ခုပါ ။ လက်ချောင်းတွေကို ထောင်ချောက်ထဲကဆွဲထုတ်ဖို့ ကျွန်တော်ကြိုးစားတယ်။ ဒါပေမယ့် မရဘူး။ နောက်ဆုံးမှာ ထောင်ချောက်သံကွင်းတွေတော့ ချောင်သွားအောင်လုပ်နိုင်ခဲ့ပြီး၊ လက်ညှပ်မိနေတဲ့ထောင်ချောက်ကိုကိုင်၊ အိမ်ဆ...

Happy Father's Day Poem

အ​ဖေ (သို့) ဓူဝံကြယ်​ (သို့) ပင်​လယ်​တစ်​စင်းရဲ့ဖြစ်​တည်​မှု ပင်လယ်ပြင်ဟာ ကျယ်ပြောခြင်းနဲ့အတူ အလွန်တရာ တည်ငြိမ်အေးစက်သတဲ့ ။ သူ့ရင်ထဲက မေတ္တာဓါတ်ရဲ့ အနက်အရှိုင်းကိုတော့ ဘယ်လိုမှ အလွယ်တကူ မမြင်သာပေဘူး ။ ဘ၀ဓါးချက်တွေမှာ သွေးနီရင့်သလောက် သားသမီးမျက်ရည်တစ်စက်မှာ ဖော့ဖယောင်းလို ပျော့ပျောင်းသွားတတ်တာ ဘယ်သူများပါလဲ ။ ဘ၀ရိပ်မြုံ  “မိသားစု” ဆိုတဲ့ အိမ်ကလေးမှာ အဖေဟာ အိမ်ခေါင်မိုး ၊ အဖေဟာ ခြံစည်းရိုး ၊ အဖေဟာ စစ်သူကြီး ၊ အဖေဟာ မဟာတံတိုင်း ။ မိသားစုအပြုံးကို ချွေးစက်တွေနဲ့ လဲလှယ်သူ ၊ လောကဓံလှိုင်းလှေမှာ မိသားစုအတွက် ပဲ့ကိုင်သူ ။ ဘ၀သင်ခန်းစာ ကို လက်တွေ့သင်ပြပေးပြီး အမှားအမှန် ကို ကိုယ်တိုင်စံပြုလမ်းပြသူ ။ “အဖေ” ဆိုတာ … အခါများစွာ နံဘေးမှာ လမ်းတူတူ လျှောက်မပေးခဲ့နိုင်လည်း လျှောက်ရမယ့်လမ်းကလေးကို နောက်ကွယ်က ကိုယ်တိုင်ကိုယ်ကျ ဖောက်ထားပေးတတ်သူ ။ အဆင်းအတက်  အချိုးအကွေ့ ဘ၀ရဲ့ ရှုပ်ရှုပ်ထွေးထွေး လမ်းတွေမှာ အတွေးတိမ်တိမ်နဲ့ ခြေချော်ကျတိုင်းလည်း ကောင်းကင်ထက်က ဓူဝံကြယ်လို လမ်းပြညွှန်ဖို့  အစဉ်အမြဲရှိနေတတ်သူ ။ “ဘ၀” ဆိုတာ … အမှောင်ဝင်္ကပါလမ်းတွေ ၊ အန္တရာယ်...

Loot Myout Chin

`လွတ် ​​ မြောက် ​ ခြင်း´ နံရံ ​ လေးဘက် ​ အခန်းထဲကထွက် ​ မယ် ​ တံခါးပိတ် ​ ဝါဒကိုယ့်ကိုကိုယ် ​ ရှုပ် ​ ချ နံရံ ​ တွေဖြိုချခဲ့တယ် ​ ။ အို ကျယ် ​ ပြန့် ​ သော ​ လေ ... ကြည် ​ စိမ့် ​ သော ​ ကောင်းကင် ​ လဲ့မှုန် ​​ သောရှုခင်း ရိုးတံထိပ် ​ ဖျားမှာဒန်းစီး ​ နေတဲ့ပန်းပွင့် အသင် ​ တို့ကို ကျွန်ုပ် ​ ချစ် ​ တယ် ​ ။ တဖျပ် ​ ဖျပ် ​ လက် ​​ သော အပြုံးရိုင်းများ တမြိမြိချို ​ သော စကားလုံးဆန်းများ နူးညံ့ ​ ထွေးအိသည့် တွန်းချတတ် ​ သည့်လက် ​ များ ကြမ်းရှ ​ အေးစက် ​ သည့် တွဲထူသည့်လက် ​ များ ​ နောက် ​​ ကျောဘက် ​ က ချိန် ​ ရွယ် ​ ထား ​ သောဓားများ ချိုမြိန် ​ သည့်မျက် ​ နှာဖုံးများနှင့် ခါးသက် ​ မှုများ အုပ် ​ စုဖွဲ့တတ် ​​ သော အားနည်းသူများ ကျဉ်း ​ မြောင်းသည့်အယူဝါဒနှင့် ကျယ် ​ ပြန့်သည့်အ ​ ရောင် ​ အယူအဆများ ​​ ရေများရာ ​ မျှောစီးသည့် လူတစ် ​ ပိုင်းငါးတစ် ​ ပိုင်းများ ​ မြေနိမ့်ရာလှံစိုက် ​ သည့် ​ ရေ ​ ပေါ်ဆီသတ္တိခဲများ ​ မှားယွင် ​...

Our Smile Language

[Our `Smile Language´] •••••••••••••••••••••• #ကျွန်မတို့မြတ်နိုးသောအရာများ • လူတွေက မြတ်နိုးတဲ့အရာတွေအတွက် ရှင်သန်ကြတယ် . • မြတ်နိုးတဲ့အရာတွေကို မှန်းဆရင်း၊ မြင်ယောင်ရင်း၊ တွေးတောရင်း    တစ်ချို့လူတွေမှာ စကားနည်းတိတ်ဆိတ်လည်း • မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့်နဲ့တော့ ဖော်ထုတ်တတ်ကြတယ် . • ဒါ့ကြောင့် များများပြုံးတဲ့လူတွေကိုတွေ့ရင် စိတ်ချမ်းသာတယ် . • သူမြတ်နိုးတဲ့အရာတွေနဲ့ပတ်သက်ပြီး     သူ့မှာ စိတ်ကြည်နူးစရာဆက်စပ်မှုလေးရှိနေတဲ့သဘော . • တကယ်လို့မြတ်နိုးတဲ့အရာတွေနဲ့ အလှမ်းကွာဝေးနေသူတစ်ယောက်ဆိုလည်း    အကောင်းမြင်စိတ်ကလေးနဲ့ အေးအေးချမ်းချမ်းဆက်ပြီးမြတ်နိုးနေတဲ့အခါ • အဲဒီအပြုံးလေးက... သိပ်လှပါတယ်   ။    ။ #Keep_Your_Smile_Everyday 😍😍😍​ `လေပြည်ချမ်းချမ်း ´

Hmat Nyan Seinn Taw Oak

ဝဿန် (သို့ ) မှတ်ဥာဏ်စိမ်းတောအုပ်  နွေတစ်နွေဟာ အယ်လ်နီညိုကို ပွေ့ယူလာတယ် ကမ္ဘာမြေပေါ် အင်နဲ့အားနဲ့ကျဲပက်ချလိုက်တာ တစ်နေ့တာလုံးပိုင်စိုးတဲ့နေမင်းကြီးကို ကျွန်မ မုန်းသွားတယ် မျက်မှောင်ရှုံ့ထားတဲ့ ‘မေ ’ လ … ဟော ဖွဖွလေးပြုံးလာပြီ ‘ မုတ်သုန်ရေ … မင်းအသံကြားရုံနဲ့ ကိုယ် ရင်ခုန်နေတတ်တာ ’ မုတ်သုန်ဟာ သူ့ရဲ့ရှေ့တော်ပြေးမုန်တိုင်းကိုစေလွှတ်ပြီးနောက် လူသားတွေရဲ့နှလုံးအိမ်ထဲ မိုးရာသီခံစားချက်ကို ဖန်ဆင်းအသက်သွင်းပေးလိုက်တယ် တိမ်တွေ ချွေးတစ်ပြိုက်နှစ်ပြိုက်ကျရုံနဲ့ ကမ္ဘာကြီးက အစိမ်းရောင်ဆေးနဲ့ လတ်သစ်စိမ့်မြလို့ တိမ်တွေ တ၀ုန်းဝုန်းကြွေတဲ့အခါ ကောင်းကင်ကြီးဟာ သည်းသည်းမည်းမည်းငိုလို့ တီရှပ်အဖြူနဲ့ ဂျင်းန်ဘောင်းဘီအောက်က ဖိနပ်တစ်ရံဟာ မျက်ဝန်းတွေထဲ လာရောက်ရိုက်ခတ်လို့ မိုး … အရင်လို ရှင်းသန့်စိမ့်မှောင်စွာပြုံးတတ်ဆဲ ၀ဿန်ရဲ့ မှိုင်းအုပ်အုပ်အစိမ်းရောင်နယ်မြေမှာ   ။       ။ “လေပြည်ချမ်းချမ်း ” 5:40 PM/ May 16 th /Mon/ 2016.

Use the magic word

[Use the magic word : `Let´] •••••••••••••••••••••••••••• Use the word`Let´ in your life. Be your days the best with pleasant and fresh mind! #နားလည်မှုတွေထားနိုင်စေ။

Way Lwint Sel Thet Tant Yaung Shu Myaw Khinn

 ဆည်းဆာမရှိတဲ့ ည​နေခင်း သစ်​ရွက်​​တွေ​ရေချိုးတဲ့ ည​နေခင်း ​တိမ်​​တွေ လွှတ်​ချတဲ့ကောင်းကင်​ရဲ့ည​နေခင်း ကြည်​ပြာ​ရောင်​အ​ဆွေးနဲ့ ​အေးစိမ့်​စိမ့်​​​ည​နေခင်း တစ်​ခါတစ်​​လေ မခမ်းနားတဲ့အလွမ်းနဲ့ ​မြူဖွဲ့ မိုးည​နေခင်း ... ။ `​လေပြည်​ချမ်းချမ်း´ May 31st 2016 6:02 Pm Tuesday.