Skip to main content

Hmat Nyan Seinn Taw Oak


ဝဿန် (သို့ )မှတ်ဥာဏ်စိမ်းတောအုပ် 




နွေတစ်နွေဟာ
အယ်လ်နီညိုကို ပွေ့ယူလာတယ်
ကမ္ဘာမြေပေါ် အင်နဲ့အားနဲ့ကျဲပက်ချလိုက်တာ
တစ်နေ့တာလုံးပိုင်စိုးတဲ့နေမင်းကြီးကို
ကျွန်မ မုန်းသွားတယ်
မျက်မှောင်ရှုံ့ထားတဲ့ ‘မေလ … ဟော ဖွဖွလေးပြုံးလာပြီ
မုတ်သုန်ရေ …
မင်းအသံကြားရုံနဲ့ ကိုယ် ရင်ခုန်နေတတ်တာ
မုတ်သုန်ဟာ သူ့ရဲ့ရှေ့တော်ပြေးမုန်တိုင်းကိုစေလွှတ်ပြီးနောက်
လူသားတွေရဲ့နှလုံးအိမ်ထဲ
မိုးရာသီခံစားချက်ကို ဖန်ဆင်းအသက်သွင်းပေးလိုက်တယ်
တိမ်တွေ ချွေးတစ်ပြိုက်နှစ်ပြိုက်ကျရုံနဲ့
ကမ္ဘာကြီးက အစိမ်းရောင်ဆေးနဲ့ လတ်သစ်စိမ့်မြလို့
တိမ်တွေ တ၀ုန်းဝုန်းကြွေတဲ့အခါ
ကောင်းကင်ကြီးဟာ သည်းသည်းမည်းမည်းငိုလို့
တီရှပ်အဖြူနဲ့ ဂျင်းန်ဘောင်းဘီအောက်က ဖိနပ်တစ်ရံဟာ
မျက်ဝန်းတွေထဲ လာရောက်ရိုက်ခတ်လို့
မိုး … အရင်လို ရှင်းသန့်စိမ့်မှောင်စွာပြုံးတတ်ဆဲ
ဝဿန်ရဲ့ မှိုင်းအုပ်အုပ်အစိမ်းရောင်နယ်မြေမှာ   ။       ။

“လေပြည်ချမ်းချမ်း

5:40 PM/ May 16th /Mon/ 2016.

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´