Skip to main content

Posts

Showing posts from 2017

Believe

[ ယုံကြည်မှု ] 🎈🎈🎈🎈 အုတ်တွေနဲ့ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့နေရာကို 'အိမ်' လို့ လူတွေကခေါ်ကြတယ်။ ဘ၀ရဲ့လှပမှုကို သတိမပြုမိဘဲနဲ့ဘဲ ၊ ကိုယ့်ကိုကိုယ်ကယ်တင်ခြင်းမပြုဘဲ ကိုယ့်စိတ်ခံစားမှုတွေ ပိုပြီးဒုက္ခတွင်းထဲရောက်အောင် ကျွန်တော်တို့အများစုက ဖန်တီးမိနေကြတယ်။ အချိန်နဲ့ ရည်မှန်းချက်တွေက  ကိုယ့်အိပ်မက်တွေကို တည်ဆောက်ပေးပါလိမ့်မယ်။ အဲဒီသဘောသဘာဝတရားကို သတိမမူမိဘူးဆိုရင် ကိုယ့်အိပ်မက်တွေပြည့်ဝလာလိမ့်မယ်လို့ ယုံကြည်မှုရလာမှာမဟုတ်ဘူး။ ကိုယ့်စိတ်ဝိညာဉ်ရဲ့စွမ်းပကားကို ယုံကြည်ပါ။ ကိုယ့်စိတ်ရဲ့ကြံ့ကြံ့ခိုင်နိုင်မှုကို ယုံကြည်ပါ။ ကိုယ့်မျက်လုံးတွေရဲ့မြင်ပုံမြင်နည်းကို ယုံကြည်ပါ။ ကိုယ့်စိတ်ရဲ့ ခွန်အားကို ယုံကြည်ပါ။ နေ့တစ်နေ့တိုင်းမှာ ကိုယ့်ရဲ့စစ်မှန်တဲ့စိတ်ဝိညာဉ်ကို ရှာဖွေတွေ့ရှိဖို့ကို လက်ဆောင်အဖြစ် ရရှိထားပါတယ်။ ကိုယ်သည် ကိုယ်ပဲ အလုံးစုံဖြစ်တယ်လို့ လုပ်ဆောင်ပေးမယ့် အရာဝတ္ထုတွေကို ဦးနှောက်ထဲမှာ ဖန်တီးပါ။ အခု ကျွန်တော့်နောက်ကနေလိုက်ရွတ်ကြည့်ပါဦး။ ငါ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ချင်တယ်။ ငါ အသင့်တော်အမှန်ကန်ဆုံးဖြစ်အောင် လုပ်ဆောင်ချင်တယ်။ ငါ...

Forgetting

[ သတိမေ့ခြင်းများ ] ☕☕☕☕☕ ☕ကော်ဖီတစ်ခွက်ကို  အဓိပ္ပါယ်ပြည့်ဝစွာသောက်ဖို့ ဘာတွေလိုအပ်လဲ ...? ☕ဆောင်းနှင်းငွေ့အေးအေးထဲ နေခြည်မှုန်တွေ အလောတကြီးလိုက်ရှာရင်း ကိုယ်ဟာ သောက်လက်စ  ကော်ဖီတစ်ခွက်ရဲ့အရသာကို ဆန်းစစ်ဖို့ မေ့လျော့နေခဲ့သူ ။ လေပြည်ချမ်းချမ်း 

What is 'Human Right'?

[About Human Right.... လူ့အခွင့်အရေးဆိုသည်မှာ.... ] လူတွေဆိုတာ  အခွင့်အရေးပေးလိုက်ရင် လက်တဆုံးထိနှိုက်မယ့် လူစားတွေချည်း (၉၉) ရာခိုင်နှုန်းပဲ ။ အဲဒီပေးလိုက်တဲ့ အခွင့်အရေးနဲ့တန်တဲ့  တာဝန်သိတတ်မှု၊ တာဝန်ယူမှုရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ခုနဲ့သာ 'လူ့အခွင့်အရေး'ဟာ  တင်းပြည့်ကြပ်ပြည့် ထိုက်တန်တယ်။  အဲဒီအခါ နိုင်ငံလည်းစည်းစနစ်ကျ ၊ နိုင်ငံရဲ့ အဆင့်အတန်းလည်း သူ့အလိုလို မြင့်မားလာပါလိမ့်မယ် ။ နိုင်ငံတစ်နိုင်ငံကို ပြုပြင်ချင်ရင် အဲဒီပြည်သူပြည်သားတွေရဲ့ စိတ်ကို အရင်ဆုံး စ,ပြင်ရလိမ့်မယ်။  #လူ့အခွင့်အရေးနေ့ #လေပြည်ချမ်းချမ်း  20:28 PM/Dec 10th/ 2017/ Sunday.

Fever

❤ December ❤

•[ Hello, Sweet December ] • 🍃❄❄❄❄❄❄❄❄❄🍃 Oh White December,.... ♥ Your weather is bleak ;  But,make my mind sweet. ♥ Your cold is strong ; But,make everybody's dream long. ♥ Also, your heart is  white & cool ;   But, give someone hue. ♥ #Laypyaychanchan ♥❄🍃 www.laypyaychanchan.blogspot.com

Autumn

• [ ဆောင်းဦး ] • ❄🍃🍃🍃❄ 'နေခြည်မှုန်တစ်ကျဲစာ ကော်ဖီခွက်နှုတ်ခမ်းပေါ် အငွေ့ပျံသွားတဲ့နှင်းစက်တွေ ခြုံပုဝါတစ်ထည်ကို အသာပြုံးပြ မနက်ခင်းဟာေ သာက်ကောင်းရုံကော်ဖီတစ်ခွက်ဖြစ်သွားတယ်' 💭 💭 💭 သိမ့်သိမ့်မောမောစောင့်ခဲ့ရ ညတစ်ခုလုံးစာ ။ မှန်ချပ်တွေနောက်ကွယ်က ရဲရဲရင့်ရင့်လှမ်းထွက်ခဲ့ပါတယ် ။ ဒါတောင်မှ ငါ့စိတ်ကို ပူပြင်းမှုတွေနဲ့ စွတ်စိုစေဦးမှာလား....ဆောင်း။ သက်ပြင်းတစ်ရှိုက်မြင်ကွင်းမှာ ဟော.....  ကြည့် နှင်းအပြည့်မပီပြင်သေးတဲ့ လှလှပပရွက်ကြွေတွေနဲ့ ဆွဲလက်စပန်းချီကား ဟိုး.... လေထုထဲမှာ တွဲလဲချိတ်ခိုလို့....  ။ #လေပြည်ချမ်းချမ်း www.laypyaychanchan.blogspot.com

The Two Wolves

• [ မြေခွေးနှစ်ကောင် ] • 🍂🍂🍂🍂🍂🍂🍂🍂 ညနေခင်းတစ်ခုမှာပေါ့။ အဘိုးအိုချာအိုကီဟာ တိုက်ပွဲတစ်ခုကြောင်း မြေးကလေးကို ပြောပြနေတယ်။ " ငါ့မြေး၊ တိုက်ပွဲတစ်ခု ရှိတယ်။ အဘိုးတို့အားလုံးရဲ့ အတွင်းစိတ်ထဲမှာရှိတဲ့ မြေခွေးနှစ်ကောင်ကြားက တိုက်ပွဲပေါ့။ တစ်ကောင်ကတော့ 'မကောင်းဆိုးဝါး' ဖြစ်တယ်။ အဲဒီမကောင်းဆိုးဝါးက ဘာတွေလဲဆိုတော့ အမျက်ဒေါသ၊ မနာလိုဝန်တိုမှု၊ ၀မ်းနည်းပူဆွေးမှု၊ နောင်တတရား၊ အလိုလောဘ၊ မာနတရား၊ ကိုယ့်ကိုကိုယ်သနားတဲ့စိတ်၊ လိပ်ပြာမလုံမှု၊ အရှက်သိက္ခာမဲ့မှု၊ သိမ်ငယ်မှု၊ မရိုးမဖြောင့်လိမ်ညာမှု၊ ဂုဏ်မောက်မှု၊  ပြီးတော့ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းမှုတွေနဲ့ အတ္တတရားတွေ ဖြစ်တယ်။ နောက်ထပ်တစ်ကောင်ကတော့ 'ကောင်းမွန်တဲ့မြေခွေးတစ်ကောင်' ဖြစ်တယ်။ ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ချက်၊ တည်ငြိမ်အေးချမ်းမှု၊ နှိမ့်ချတတ်မှု၊ ကြင်နာတတ်မှု၊ စေတနာထက်သန်မှု၊ ကိုယ်ချင်းစာတရားထားရှိမှု၊ သဘောထားကြီးမှု၊ အမှန်တရားကို မြတ်နိုးမှုနဲ့ နောက်တော့ .... သစ္စာတရားပြည့်ဝမှုတို့ ဖြစ်တယ်။" မြေးကလေးဟာ သေချာနားစိုက်ထောင်နေတယ်။ နောက်ထပ် တစ်မိနစ်လောက်အကြာမှာတော့ သူက အဘိုးကို မေးတယ်။ ...

About Rivers

• [ မြစ်တွေရဲ့အကြောင်း ] • 💭💭💭💭💭💭💭💭 ကျွန်တော်တို့ဟာ မြစ်တွေပါ သစ္စာရှိရှိ မှန်မှန်ကန်ကန်  ရည်မှန်းချက်ဆီ စီးနေဖို့ပဲလိုတာပါ ဒါဟာ မြစ်တစ်စင်းရဲ့ဂုဏ်သိက္ခာ ။ လေပြည်ချမ်းချမ်း ❤ 5:40 PM Nov 16th 2017 Thurs. www.laypyaychanchan.blogspot.com

Colour

The sound of love in the waterfall

 [   ရေတံခွန်တစ်စင်းထဲကဂီတ ] "ဒီမှာ `သံလွင်'....၊ မေတ္တာဆိုတာ  ပေးအပ်ခြင်းပဲ။ ကိုယ် ပြန်ရဖို့ ဘာတစ်ခုမှ မပါဘူး။ သူများရဖို့ ကိုယ်ကပေးတာ။ ပေးချင်လို့ပေးတာ။ ကရုဏာ၊ အကြင်နာ၊ သန့်စင်တဲ့စိတ်ဝိညာဉ်ထဲကအမှန်တကယ်စာနာနားလည်နိုင်ခြင်းနဲ့ ချစ်ခင်နှစ်လိုစိတ်ဖြစ်ထွန်းခြင်းကြောင့်ပေးတာ။ ကိုယ်ရယူချင်တာ ရှိခဲ့တယ်ဆိုရင်လည်းကိုယ့်ဆီက မေတ္တာကြောင့် သူ့ဆီမှာ နွေးထွေးလင်းလက်သွားတဲ့ ပီတိလေးအပေါ် ကိုယ်ပါနွေးထွေးချမ်းမြေ့လှိုင်းခတ်ပျော်ရွှင်ရမှုလေးကို သူနဲ့အတူတူ နှစ်သိမ့်ကျေနပ်စွာ ခံစားကြည့်ချင်ခဲ့တဲ့ စိတ်ကလေးပဲ။ ကိုယ့်မေတ္တာကို ပြန်လည်တုံ့ပြန်နိုင်ဖို့ အသာထား။ ကိုယ့်မေတ္တာကို နားလည်သူတစ်စုံတစ်ယောက်သောပုဂ္ဂိုလ်နဲ့ အတူသွားရတဲ့ခရီးဟာ သဘာဝအတိုင်းစမ်းချောင်းလေးတစ်စင်း စီးဆင်းရတဲ့ခရီးလိုပဲ။ ချိုလွင်တယ်။ အေးချမ်းတယ်။ သာယာတယ်။ ဒါပေမယ့် မေတ္တာပေးခြင်းဆိုတာ အစ ပထမတော့ ဟိုးတောင်ကုန်းအမြင့်ကြီးကနေ ရေတံခွန်လို တဝုန်းဝုန်းမြည်အောင် ခုန်ချစီးဆင်းဖို့ သတ္တိမွေးရတယ်။ လူတိုင်းက အမြင့်ကိုသာတက်ချင်တာ။ အမြင့်မှာသာ နေချင်တာလေ။ 'အပေး-အယူ' လို့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့ လောကကြ...

Kyal Nge Thu - 2

The Shoes of Mine

[ ကျွန်မချစ်သောဖိနပ်လေးတစ်ရံ ] ❤ ❤ ❤ ❤ ❤ ❤ ❤ ❤ ❤ ❤ ❤   ကျွန်မမှာ ဖိနပ်လေးတစ်ရံရှိတယ် ။ နွေကျတော့လည်း ပူအိုက်လို့ ဖုန်တွေနဲ့မို့ ထုတ်မဝတ်ဖြစ်ဘူး ။ မိုးကျတော့ စွတ်စိုလို့ ကျွန်မနေထိုင်တဲ့အရပ်ဟာ မြေလမ်းကြောင်းတွေပေါများလို့ ရွှံ့ဗွက်တွေနဲ့မို့ မဝတ်ဖြစ်ဘူး။ ဆောင်းရာသီအတွက် ဖိနပ်လေးတစ်ရံကို ကျွန်မရည်ရွယ်ခဲ့ပါတယ် ။ ဟုတ်ကဲ့... ဆောင်းရာသီအတွက် ဖိနပ်လေးတစ်ရံကို ကျွန်မရည်ရွယ်ခဲ့ပါတယ် ...။ အချစ်ဆိုတာလည်း ကျွန်မအတွက် ဒီလိုမျိုးပါပဲ။ ဖိနပ်လေးကျွန်မအတွက် ဘယ်သူလက်ဆောင်ပေးပေး ဆောင်းရာသီမှ ကျွန်မထုတ်ဝတ်ဖြစ်တော့မှာ ။ ဒီလိုနဲ့ နွေနဲ့မိုးမှာ ကျွန်မကို မုန်းသူတွေ ထပ်,ထပ်လာတယ်။ မကြာခင် ဆောင်းရောက်ပါတော့မယ် ။ ကျွန်မရင်ထဲမှာဖွက်ထားတဲ့ ဖိနပ်လေးတစ်ရံက အခုထိသစ်လွင်တောက်ပတုန်း ။ သူများဖိနပ်တွေဟာ ရာသီမရွေးချဝတ်လို့ ဟောင်းနွမ်းစုတ်ပြတ်နေပေမယ့်  ကျွန်မရင်ထဲမှာဖွက်ထားတဲ့ ဖိနပ်လေးတစ်ရံဟာ တကယ့်ကို သစ်လွင်တောက်ပတုန်း။ ဟိုးနှစ်ပေါင်းများစွာအဝေးက ပိုင်ရှင်လေးကတော့ ကျွန်မနံဘေးမှာမရှိတော့ပြီ ။ ဒီနှစ်ဆောင်းမှာတော့ ဒီဖိနပ်ကြီးကို ကျွန်မချဝတ်ပါတော့မယ်။ ကောင်းကင်ပြာလွင်လွင်ကြီးရ...

All About Love

• - [All About Love ] - • 💝 💙 💚 💜 💖 💖 💜 💚 💙 💝 `အချစ်'တစ်ခုတည်းသာ ဒီကမ္ဘာမြေပေါ်မှာ ထာဝရရှင်သန်နေမယ့် အရာပါ။ `အမုန်း၊ အညှိုး၊ လက်စားချေခြင်း၊ ရက်စက်ခြင်းတရား'တွေဟာ လူတစ်ယောက်သေဆုံးသွားတိုင်း သူနဲ့အတူပါသွားကြတယ်။ `အချစ်'တစ်ခုတည်းကပဲ ပေးဆပ်သည်ဖြစ်စေ၊ ရယူသည်ဖြစ်စေ ဒီကမ္ဘာမြေပေါ် နှင်းဆွတ်စံပယ်ဖြူ တွေလို ဖြူ လွသန့်စင်စွာ ထာဝရမွှေးပျံ့ကျန်နေရစ်ခဲ့မှာပါ။ ။ #လေပြည်ချမ်းချမ်း 5:11 PM/ Oct 6th/ 2017/ Friday.

As A Rainbow

[သက်တံမြစ်] ညနေခင်းတစ်ခု  မိုးစဲလင်းပွင့်ကောင်းကင်မှာ ဟာ.... လှလိုက်တဲ့သက်တံကြီးတစ်စင်း စီးဆင်းနေတာ တွေ့တယ်။ ရုတ်တရက်ပဲ ငါ ကြေကွဲခဲ့ရပေါ့။ ဘဝဆိုတာ သက်တံလိုပါလား.... ရှိတော့ ရှိရဲ့  ဒါပေမယ့်  အရှိမဲ့ ။ #ထူးအိမ်သင် 🎼🌌🎶 #အဆုံးအစမဲ့မိုးသားထဲသွားရဦးမယ်💭 📚

IF

[ အကယ်၍ ] အကယ်၍ မင်း အသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. .။ အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. .။ အကယ်၍ မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . . . . . ..။ အကယ်၍ မင်း နိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…. ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်…. ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . . ..။ အကယ်၍ သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်း အလ...