Skip to main content

The Shoes of Mine

[ ကျွန်မချစ်သောဖိနပ်လေးတစ်ရံ ]

 


ကျွန်မမှာ ဖိနပ်လေးတစ်ရံရှိတယ် ။
နွေကျတော့လည်း ပူအိုက်လို့ ဖုန်တွေနဲ့မို့
ထုတ်မဝတ်ဖြစ်ဘူး ။
မိုးကျတော့ စွတ်စိုလို့
ကျွန်မနေထိုင်တဲ့အရပ်ဟာ မြေလမ်းကြောင်းတွေပေါများလို့ ရွှံ့ဗွက်တွေနဲ့မို့ မဝတ်ဖြစ်ဘူး။
ဆောင်းရာသီအတွက်
ဖိနပ်လေးတစ်ရံကို ကျွန်မရည်ရွယ်ခဲ့ပါတယ် ။
ဟုတ်ကဲ့...
ဆောင်းရာသီအတွက်
ဖိနပ်လေးတစ်ရံကို ကျွန်မရည်ရွယ်ခဲ့ပါတယ် ...။

အချစ်ဆိုတာလည်း ကျွန်မအတွက် ဒီလိုမျိုးပါပဲ။
ဖိနပ်လေးကျွန်မအတွက် ဘယ်သူလက်ဆောင်ပေးပေး
ဆောင်းရာသီမှ ကျွန်မထုတ်ဝတ်ဖြစ်တော့မှာ ။
ဒီလိုနဲ့
နွေနဲ့မိုးမှာ ကျွန်မကို မုန်းသူတွေ ထပ်,ထပ်လာတယ်။

မကြာခင် ဆောင်းရောက်ပါတော့မယ် ။
ကျွန်မရင်ထဲမှာဖွက်ထားတဲ့ ဖိနပ်လေးတစ်ရံက
အခုထိသစ်လွင်တောက်ပတုန်း ။
သူများဖိနပ်တွေဟာ ရာသီမရွေးချဝတ်လို့
ဟောင်းနွမ်းစုတ်ပြတ်နေပေမယ်
ကျွန်မရင်ထဲမှာဖွက်ထားတဲ့ ဖိနပ်လေးတစ်ရံဟာ
တကယ့်ကို သစ်လွင်တောက်ပတုန်း။

ဟိုးနှစ်ပေါင်းများစွာအဝေးက
ပိုင်ရှင်လေးကတော့ ကျွန်မနံဘေးမှာမရှိတော့ပြီ ။
ဒီနှစ်ဆောင်းမှာတော့ ဒီဖိနပ်ကြီးကို
ကျွန်မချဝတ်ပါတော့မယ်။

ကောင်းကင်ပြာလွင်လွင်ကြီးရယ် ....
မြောက်လေညင်းက ရစ်ငင်ဆွဲခေါ်လာတဲ့ တိမ်နွယ်မျှင်ဖြူလွလွတစ်ချို့ရယ် ....
သစ်ပင်တွေကြားက နှင်းရည်လောင်း ရွှေရည်ဆွတ်လက်တောက်တောက်နေခြည်နုအလင်းရဲ့စိတ်ကူးအသွေးရယ် ....
မြူ တွေခြုံဆိုင်းဆဲ မနက်ခင်း ကတ္တရာလမ်းမရှည်ကြီးရယ်...

Hood ထူထူတစ်ထည်ဟာတော့ ဖိနပ်လေးတစ်ရံကို ကြင်နာစွာ ငုံ့မိုးကြည့်နေမှာပေါ့နော်
အနည်းဆုံးတော့ အချိန်တွေကြာခဲ့ပေမယ့် ချစ်ခြင်းတရားကို တန်ဖိုးတထားဝတ်ဆင်ခဲ့တယ်လို့ပေါ့ ။
နောက်ဆုံးတော့ ထာဝရတည်မြဲမယ့်အချစ်တစ်ခုကို ကျွန်မဆီမှာ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။
`ဘယ်တော့မှ မနာကျင်နိုင်စေမယ့်၊ ဘယ်တော့မှ နောင်တမရနိုင်မယ့် ချစ်ခြင်း။'
`ကိုယ့်ကိုကိုယ် လေးစားမြတ်နိုးတန်ဖိုးထားခြင်း' ပါတဲ့။

`Learning to love yourself is the greatest love of all. '
_Michael Masser

#လေပြည်ချမ်းချမ်း
23:12 PM/Sept 26th/ 2017/ Tuesday.
 

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”