[ အခိုက်အတန့်များ - ၂ ]
ကြေကွဲမှုအမှောင်ကို
ပျော်ရွှင်မှုဆိုတဲ့ မီးတောက်ချိုကလေးနဲ့ ထွန်းညှိဖယ်ရှားဖို့ ကြိုးစားကြတယ်။ ပျော်ရွှင်မှုကို
ဖယောင်းတိုင်ထိပ်က မီးစာလေးပေါ် ထွန်းညှိရင်း စိတ်အခန်းကို လင်းချင်းစေမလား။ ဖယောင်းတိုင်လို
တအိအိလောင်ကျွမ်းရင်း အချိန်တွေ ကုန်လွန်စေမလား။ ဒီကမ္ဘာမြေပေါ် အရာရာအားလုံးဟာ တဒင်္ဂလေးပါပဲ။
#လေပြည်ချမ်းချမ်း
8:43 PM/
Nov 30th/ 2016/ Wed.
Comments
Post a Comment