Skip to main content

Posts

Showing posts from August, 2017

Faith

[ သစ္စာ]  🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠🏠 ဒီခြံစည်းရိုးသစ်သားတန်းဖြူဖြူလေးတွေကို မင်းစိတ်ကျဉ်းကြပ်မယ်လို့ ငါမထင်ဘူး  ဘာလို့လဲဆိုတော့...  ငါတို့က အပျော်သက်သက်  ပျော်ပွဲစားထွက်ခဲ့တာမှ မဟုတ်တာ ဘဝအတွက် အိမ်တစ်လုံး ရည်ရွယ်တည်ဆောက်ခဲ့တာ ။    ။ #သစ္စာ #လေပြည်ချမ်းချမ်း

Our Smile Language - 2

  [ Our Smile Language ] ❤ 💙 💚 💛 💜 💜 💛 💚 💙 ❤   "A smile costs nothing, but creates much." အပြုံးတစ်ခုဟာ ဘယ်လောက်မှမကုန်ကျ ၊ ဒါပေမယ့် အရာများစွာကို ဖန်တီးပါတယ်။  # လေပြည်ချမ်းချမ်း

Doubt

  [ သံသယ ] ⏳ ⏳ ⏳ ⏳ အမှန်ပေးထားတာကို အမှားခြစ်လိုက်ဖို့ သိပ်လွယ်တယ် အမှားကို အမှန်အဖြစ် ပြန်ဖတ်ကြည့်ဖို့ ဘယ်တော့မှ မလွယ်တော့ဘူး အနည်းဆုံး ... သံသယတစ်ထပ်တော့ ကြည့်ပေးလိုက်ရတယ် ။ ။ # လေပြည်ချမ်းချမ်း 00:08 AM/ Jul 29th/ 2015/ Wed.   

Theory

[ Theory ] 💖 💖 💖 💖 Life is an echo, all come back. The good, the bad, the false, the truth. So you give the world the best you have, And all the best will return to you. # Anonymous [သီအိုရီ] 💖 💖 💖 'ဘဝ'ဆိုတာ 'ပဲ့တင်သံ'ပမာ... အကောင်း၊ အဆိုး၊ အမှား၊ အမှန် အားလုံး သင့်ထံပြန်လာမှာ ... ကမ္ဘာကြီးကို သင်က အကောင်းဆုံးတွေပေးပါ အကောင်းဆုံးတွေ အားလုံးဆိုတာ အားလုံး သင့်ထံပြန်လာမှာ ။ # လေပြည်ချမ်းချမ်း

The Tree - 2

  [ သစ်ပင်_၂ ] 🌳 🌳 🌳 🌳 ကိုယ့်ယုံကြည်မှုကို ကောင်းကင်ကြီးက လက်မခံတော့လည်း မြေကြီးပေါ်ထိုးစိုက်လိုက်တယ် ... နှလုံးသွေးကြောထဲအနက်ရှိုင်းဆုံးဆန့်ကျင်ဘက်ကုပ်တွယ်မှု နောက်ဆုံးတော့ ငါ မတ်မတ်ရပ်ခဲ့ပြီ လွှဲထားတဲ့မင်းမျက်နှာ နားသယ်စပ်နား တဖြည်းဖြည်းမြင့်မားတိုးကပ် တီးတိုးပြောလိုက်တယ် သာမန်လူသားတစ်ယောက်ထက်တော့ ငါ မင်းကို ပိုချစ်ပြခဲ့ပါတယ် ... ကောင်းကင် မင်းကိုယ်မင်းချစ်တဲ့အချစ်တွေနဲ့ ဒီကမ္ဘာရေမြေအဆုံးထိ အတူဆောင်ယူသွားပါတော့ ... ငါက ထာဝရထက် တစ်ရက်ပို... မင်းပြာလွင်ဖို့ အောက်ဆီဂျင်တွေ ထုတ်လွှင့်ပေးချင်ခဲ့သူပေါ့ မြေကြီးရင်ခွင် တစ်နေရာဆီက မင်းရဲ့ ........... ငါ ။ ။ # လေပြည်ချမ်းချမ်း 5:23 PM/ 2017/ July 15th/ Sat.

Who's Up For Her Glad Game?

[ Who´s up for her `Glad Game´ ] 💛 💙 💜 💚 ❤ 💖 💖 ❤ 💚 💜 💙 💛 ကိုယ့်၏ အကောင်းမြင်စိတ် ကိုယ့်၏ သနားကြင်နာတတ်မှု ကိုယ့်၏ အရာရာတိုင်းအပေါ်ကြောက်ရွံ့တွေဝေမှုများအစား အရာရာတိုင်း၏ ဖြစ်ပျက်သဘောကို စိတ်ပျော်ပျော်လက်ခံစေတတ်ခဲ့သော မျက်နှာပေါ် မှဲ့ခြောက်ကလေးများနှင့် ရွှေရောင်ကျစ်ဆံမြီးရှည်နှင့် ကောက်ရိုးဦးထုပ်ဝိုင်းနှင့် ကလေးမငယ်လေး ပေါ်လီယာနာ ... ငယ်ဘဝကာလများတွင် စိတ်ညစ်တိုင်း အတွေးထဲသို့ ခေါ်ယူစရာ Hero တစ်ယောက် ဖြစ်ခဲ့သည်။ ခုထိစိတ်ညစ်တိုင်း ပေါ်လီယာနာစာအုပ်ကလေးကို ပြေးဖွင့်ဖို့ စိတ်ကူးတတ်သော သူငယ်ချင်းများရှိလျှင် Thumb Up ! 😍 😍 😍 # လေပြည်ချမ်းချမ်း

A Review to Rebecca

  [ မစ္စက်ဒီဝင်းတား ] Mrs. de Winter မုတ်​သုန်​နယ်​နမိတ်​အစ နေ့လည်​ခင်းတစ်ခုမှာ မိုးဖွဲဖွဲ​အေးစိမ့်​စိမ့်​နဲ့ မန်​ဒါ​လေ စံအိမ်​ကြီးကို ​နောက်​တစ်​​ခေါက်​ အလည်​သွားမိတယ်​။ `မန်​ဒါ​လေ´ဆိုတာ ... ရဲရဲနီလွန်းလို့ အလှအပကိုခံစားရခက်​တဲ့ တောင်​ဇလပ်​ပွင့်အုပ်ထူထူတွေရယ်​ ​တောအုပ်​နဲ့ပင်​လယ်​ကြားက ​ပျော်​စရာ​တောင်​ကြားရယ်​ ​ ဝက်​သစ်​ချပင်​ကြီးရယ်​ ပန်းတမာပွင့်​​မွှေးပျံ့ပျံ့​တွေရယ်​ အညို​ရောင်​​ကျောက်​တုံးကြီး​တွေနဲ့ ပြတင်းမှန်​ကူကွက်​​တွေရယ် ကြီးကျယ်​ခမ်းနားတဲ့စံအိမ်​ကြီးထဲက အိမ်​ကြီးအရှင်​သခင်​ဟာ သူပိုင်​ဆိုင်​တဲ့ ပင်​လယ်​ပြင်​နဲ့အပြိုင်​ ကျယ်​​ပြောစွာ မိုးကုပ်စက်​​ဝိုင်းနဲ့ မန်​ဒါ​လေနယ်​နမိတ်​ အကျယ်​ကြီးကြား ချစ်​ခြင်းတစ်​ခုအတွက်​နဲ့ တစ်​သက်​လုံးစိတ်​နာကျင်​မှု​တွေ၊ စိတ်​ဒဏ်​ရာ​တွေနဲ့ တအုံးအုံး​တောက်​​လောင်​ကာ ပိတ်​မိ​နေခဲ့တယ်​။ သူမ အံသြတယ်​။ သူမချစ်​တဲ့မက်​ဇင်​မ်အ​ပေါ်​ အဲဒီမိန်းမဟာ ဘယ်​​​လောက်​လွှမ်းမိုးချုပ်​ကိုင်​ထားခဲ့ပါသလဲ။ ​နောက်​ဆုံး Rebecca ဆိုတဲ့ဖြစ်​တည်​မှု ဒီ​ကမ္ဘာ​လောကကြီးမှာ မြူမှုန်တစ်စတောင် မျက်​ဝါးထင်​ထင်​​ မရှိ​တော့တာ​တောင်​မှ​ပေါ့။ ထ...

Rainy Season

မိုးရာသီ အနိမ့်အမြင့်အတက်အကျအနီးအဝေး ဖြောင့်တန်းမလို ကောက်ကွေ့ခြင်းများ ဟောဒီမှာ လောကကြီးကိုနားလည်အောင်ကြည့်ဖို့ မျက်မှန်တစ်လက် အပြင်ကမ္ဘာရှုခင်း မိုးတွေရွာနေလိုက်တာ ရည်ရွယ်ချက်တွေ နှာစေးချောင်းဆိုးခဲ့ရ မိုးခိုခဲ့ရတဲ့ ကော်ဖီဆိုင်မှာအတွေးခါးခါးနဲ့ အလဟဿဖြစ်သွားတဲ့အလေးနက်ဆုံးဆန္ဒပူပူပြင်းပြင်းတစ်ခွက် မိုးပျံပူဖောင်းတစ်လုံးလို မျက်မှန်တစ်လက်ထဲတငွေ့ငွေ့ပျံတက် မိုးမှုန်မှုန်မှန်ချပ်နောက် နောက်ဆုံးတော့ ချပ်ခနဲ မှောင်သွားတဲ့မြင်ကွင်း ခပ်မတ်မတ်လက်ထောက်ထိုင်ငေးမောဆဲ ။ # လေပြည်ချမ်းချမ်း 9:44 AM/ June 6th/ 2017/ Wed.

What Doesn't Kill You Make You Stronger

  [ သန်မာခြင်း ] ✨ ✨ ✨ ✨ ဒဏ်ရာတွေ စိုစွတ်ပြီးမှ ပွင့်တဲ့ပန်းဟာ လေကြမ်းနည်းနည်းဝှေ့ရုံနဲ့တော့ အလွယ်တကူကြွေလွင့်ရိုးထုံးစံ မရှိဘူး ။ လောကဓံကို ထုသားပေသားကျခံပြီးမှ သံမဏိဖြစ်လာတဲ့သံဟာ အလွယ်တကူတော့ သံချေးတက်ရိုးထုံးစံ မရှိဘူး ။ အခက်အခဲတွေ ဆွဲသီခေါင်းဆောင်းပြီးမှ အောင်မြင်မှုရလာတဲ့သူဟာ ဘယ်တော့မှ အလွယ်တကူ မကျရှုံးတော့ဘူး ။ ‘ဒဏ်ရာ’ ဆိုတာ … ‘လောကဓ’ံ ဆိုတာ … ‘အခက်အခဲ’ ဆိုတာ … တကယ်တော့ လှေကားထစ်တွေရဲ့ လျှို့ဝှက်ထားတဲ့ အသွင်သဏ္ဍာန်ဖြစ်တယ် ။ နင်းတက်သွားမလား … ။ လှည့်ပြန်သွားမှာလား ။ ။ “ လေပြည်ချမ်းချမ်း ” Apr 11th/4:44 pm/2014/Friday!