[ သစ်ပင်_၂ ]
🌳
🌳
🌳
🌳

ကိုယ့်ယုံကြည်မှုကို
ကောင်းကင်ကြီးက လက်မခံတော့လည်း
မြေကြီးပေါ်ထိုးစိုက်လိုက်တယ် ...
နှလုံးသွေးကြောထဲအနက်ရှိုင်းဆုံးဆန့်ကျင်ဘက်ကုပ်တွယ်မှု
နောက်ဆုံးတော့ ငါ မတ်မတ်ရပ်ခဲ့ပြီ
လွှဲထားတဲ့မင်းမျက်နှာ နားသယ်စပ်နား
တဖြည်းဖြည်းမြင့်မားတိုးကပ် တီးတိုးပြောလိုက်တယ်
သာမန်လူသားတစ်ယောက်ထက်တော့
ငါ မင်းကို ပိုချစ်ပြခဲ့ပါတယ် ... ကောင်းကင်
မင်းကိုယ်မင်းချစ်တဲ့အချစ်တွေနဲ့
ဒီကမ္ဘာရေမြေအဆုံးထိ အတူဆောင်ယူသွားပါတော့ ...
ငါက ထာဝရထက် တစ်ရက်ပို...
မင်းပြာလွင်ဖို့ အောက်ဆီဂျင်တွေ ထုတ်လွှင့်ပေးချင်ခဲ့သူပေါ့
မြေကြီးရင်ခွင် တစ်နေရာဆီက
မင်းရဲ့ ........... ငါ ။ ။

#လေပြည်ချမ်းချမ်း
5:23 PM/ 2017/ July 15th/ Sat.
5:23 PM/ 2017/ July 15th/ Sat.
Comments
Post a Comment