[ အဝေး -၂ ]
💛
❤
💚
💛

အခမ်းနားဆုံးအိပ်မက်တွေမက်ပြီး
အကြီးမားဆုံးကြောက်ရွံ့တတ်တဲ့
လူငယ်မလေး....
မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်
သူ့မှာ
တွေဝေတတ်တဲ့ ယုံကြည်ချက်တွေရှိတယ်
ကြောက်ဖို့ကောင်းတဲ့ စွဲမက်ဖွယ်ခံစားချက်တွေရှိတယ်
ခူးဆွတ်မသီမယ့် တယုတယ စိုက်ပျိုးမှုတွေရှိတယ်
အလှကြည့်ထားမယ့် ဒဏ်ရာအနာတရတွေ ရှိတယ်
ပြုံးနေတတ်တဲ့ နာနာကျင်ကျင်မျက်ဝန်းတံခါးတွေ ရှိတယ်
အနာဂတ်ကို လက်ထောက်ချထားတဲ့ ရင်မောမှုတွေရှိတယ်
ဗလာမှန်းသိသိရက် ဖွင့်ဖောက်မိတဲ့ မျှော်လင့်ချက်တွေရှိတယ်
အလွမ်းလို့ တည့်တည့်ဝန်မခံဖြစ်မယ့် ဆွတ်ပျံ့မှုတချို့တဝက်ရှိတယ်
ဖြူစင်မှုအရောင်တွေမြတ်နိုးရင်း မက်မောမိခဲ့တဲ့သက်တန့်ကြီး ရှိခဲ့တယ်...

Comments
Post a Comment