မိုးရာသီ
အနိမ့်အမြင့်အတက်အကျအနီးအဝေး
ဖြောင့်တန်းမလို ကောက်ကွေ့ခြင်းများ
ဟောဒီမှာ
လောကကြီးကိုနားလည်အောင်ကြည့်ဖို့ မျက်မှန်တစ်လက်
အပြင်ကမ္ဘာရှုခင်း မိုးတွေရွာနေလိုက်တာ
ရည်ရွယ်ချက်တွေ နှာစေးချောင်းဆိုးခဲ့ရ
မိုးခိုခဲ့ရတဲ့ ကော်ဖီဆိုင်မှာအတွေးခါးခါးနဲ့
အလဟဿဖြစ်သွားတဲ့အလေးနက်ဆုံးဆန္ဒပူပူပြင်းပြင်းတစ်ခွက်
မိုးပျံပူဖောင်းတစ်လုံးလို မျက်မှန်တစ်လက်ထဲတငွေ့ငွေ့ပျံတက် မိုးမှုန်မှုန်မှန်ချပ်နောက်
နောက်ဆုံးတော့ ချပ်ခနဲ မှောင်သွားတဲ့မြင်ကွင်း
ခပ်မတ်မတ်လက်ထောက်ထိုင်ငေးမောဆဲ ။

Comments
Post a Comment