Skip to main content

A Review to Rebecca


[ မစ္စက်ဒီဝင်းတား ]
Mrs. de Winter


မုတ်​သုန်​နယ်​နမိတ်​အစ နေ့လည်​ခင်းတစ်ခုမှာ
မိုးဖွဲဖွဲ​အေးစိမ့်​စိမ့်​နဲ့ မန်​ဒါ​လေ စံအိမ်​ကြီးကို ​နောက်​တစ်​​ခေါက်​ အလည်​သွားမိတယ်​။
`မန်​ဒါ​လေ´ဆိုတာ ...
ရဲရဲနီလွန်းလို့ အလှအပကိုခံစားရခက်​တဲ့ တောင်​ဇလပ်​ပွင့်အုပ်ထူထူတွေရယ်
တောအုပ်​နဲ့ပင်​လယ်​ကြားက ​ပျော်​စရာ​တောင်​ကြားရယ်​ 
ဝက်​သစ်​ချပင်​ကြီးရယ်​ ပန်းတမာပွင့်​​မွှေးပျံ့ပျံ့​တွေရယ်
အညို​ရောင်​​ကျောက်​တုံးကြီး​တွေနဲ့ ပြတင်းမှန်​ကူကွက်​​တွေရယ်
ကြီးကျယ်​ခမ်းနားတဲ့စံအိမ်​ကြီးထဲက အိမ်​ကြီးအရှင်​သခင်​ဟာ
သူပိုင်​ဆိုင်​တဲ့ ပင်​လယ်​ပြင်​နဲ့အပြိုင်​ ကျယ်​​ပြောစွာ
မိုးကုပ်စက်​​ဝိုင်းနဲ့ မန်​ဒါ​လေနယ်​နမိတ်​ အကျယ်​ကြီးကြား ချစ်​ခြင်းတစ်​ခုအတွက်​နဲ့
တစ်​သက်​လုံးစိတ်​နာကျင်​မှု​တွေ၊ စိတ်​ဒဏ်​ရာ​တွေနဲ့ တအုံးအုံး​တောက်​​လောင်​ကာ ပိတ်​မိ​နေခဲ့တယ်​။
သူမ အံသြတယ်​။ သူမချစ်​တဲ့မက်​ဇင်​မ်အ​ပေါ်​ အဲဒီမိန်းမဟာ ဘယ်​​​လောက်​လွှမ်းမိုးချုပ်​ကိုင်​ထားခဲ့ပါသလဲ။
နောက်​ဆုံး Rebecca ဆိုတဲ့ဖြစ်​တည်​မှု ဒီ​ကမ္ဘာ​လောကကြီးမှာ မြူမှုန်တစ်စတောင် မျက်​ဝါးထင်​ထင်​​ မရှိ​တော့တာ​တောင်​မှ​ပေါ့။
ထက်​မြက်​တယ်​။ လှပ​ချော​မောတယ်​။ သွက်​လက်​တယ်​။ လုပ်​ချင်​ရာလုပ်​တယ်​။ အနီးကလူ​တွေအ​ပေါ်လွှမ်းမိုးချုပ်​ကိုင်​တတ်​တယ်​။
လိုချင်​တာကို ရ​အောင်​ယူတယ်​။ အိမ်​ကြီးတစ်​​ဆောင်​ကို အပြည့်​အဝစီမံခန့်​ခွဲပြီး စိတ်​ကြိုက်​လိုရာသုံးဖန်​တီးနိုင်​စွမ်းရှိတယ်​။
ဒါ​ပေမယ့်​ ​အလို​လောဘနဲ့ဖန်​တီးတဲ့အချစ်​တစ်​ခုဟာ သစ္စာတရားကို ဘယ်​လိုမျက်​နှာချင်းဆိုင်​နိုင်​မှာလဲ။ သစ္စာတရားမရှိတဲ့ အချစ်​ဟာ ဘဝ​ပေါင်းများစွာကို ရှင်​​နေလျက်​နဲ့ ​သေ​အောင်​ဖန်​တီးနိုင်​တယ်​။
အားလုံးအထင်​ကြီးအားကျ​လေးစားမက်​​မောရတဲ့ မိန်းမတစ်​​ယောက်​ကို အ​ပေါ်ယံအ​ရေခွံ​တွေချွတ်​ပြီး ပင်​လယ်​ပြင်​ထဲ နစ်​မြုပ်​​စေခဲ့တာ သစ္စာတရားရဲ့ပြစ်​ဒဏ်​ပါပဲ။
သူမ​ကြေကွဲမိတယ်​။ အမည်​ပညတ်​ချက်​​တောင်​ ဖော်​ပြခြင်းမခံခဲ့ရတဲ့ သူမဟာ Rebecca နဲ့ယှဉ်​ရင်
အဖြည့်​ခံသက်​သက်​ရယ်​ပါ။ ဒါ​ပေမယ့်​ အချစ်​တစ်​ခုအတွက်​နဲ့ ချစ်​မြတ်​နိုးသူတစ်​​ယောက်​ရဲ့ စိတ်​ဒဏ်​ရာ​တွေကို သစ္စာတရားနဲ့ အဆိပ်​​ဖြေ​ပေးရင်း အ​ဖော်​ပြု​နေဆဲ​ပေါ့။
Rebecca ​ရေ မင်းနိုင်​ပါတယ်​ကွယ့်​ ... မင်းမရှိတာ​တောင်​ မက်​ဇင်​မ်​ဟာ မင်းထံပါးမှာဒူး​ထောက်​ သူ့ဘဝတစ်​ခုလုံး ရှင်​လျက်​​သေ​နေတုန်း။
Rebecca ရေ မင်း ပြုံး​နေ​နိုင်​ပါတယ်​ ... ကိုယ်​တို့ဟာ မင်း​ပေးတဲ့ အိပ်​မက်​ဆိုးကြား ခုထိရုန်းကန်​​နေရတုန်း။
အ​ဇေလီယာပန်းများ၊ ​ရေညှိ​ပေါ်မှ ပန်း​ကြွေပွင့်​များ၊ ​ခေါင်း​လောင်းပြာပန်းများ၊ မန်ဒါလေရဲ့ မီးခိုးရောင် တံတိုင်းအပျက်များ၊ အစိမ်းရောင် ခြုံနွယ်ပိတ်ပေါင်းထူထူများ၊
လူ့ဘဝရဲ့ ပျော်ရွှင်နှစ်လိုခမ်းနားကြီးကျယ်မှုကို ပိတ်ဖုံးကာဆီး ခပ်တင်းတင်း လိမ်ညှစ်ဖုံးကွယ်ထားဆဲပေါ့။
ကြင်နာယုယမြတ်နိုးခြင်းနဲ့ မဟုတ်တောင် ကြောက်ရွံ့မှုစိတ္တဇနဲ့ Rebecca ဟာ မန်ဒါလေရဲ့ နှလုံးအိမ်ပေါ် တက်ခုန်ရယ်မောနေတုန်း ။

 
#လေပြည်ချမ်းချမ်း
7:56 pm /2016/ Nov 11th/ Fri.


Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´