[ ကျွန်မချစ်သောဖိနပ်လေးတစ်ရံ ] ❤ ❤ ❤ ❤ ❤ ❤ ❤ ❤ ❤ ❤ ❤ ကျွန်မမှာ ဖိနပ်လေးတစ်ရံရှိတယ် ။ နွေကျတော့လည်း ပူအိုက်လို့ ဖုန်တွေနဲ့မို့ ထုတ်မဝတ်ဖြစ်ဘူး ။ မိုးကျတော့ စွတ်စိုလို့ ကျွန်မနေထိုင်တဲ့အရပ်ဟာ မြေလမ်းကြောင်းတွေပေါများလို့ ရွှံ့ဗွက်တွေနဲ့မို့ မဝတ်ဖြစ်ဘူး။ ဆောင်းရာသီအတွက် ဖိနပ်လေးတစ်ရံကို ကျွန်မရည်ရွယ်ခဲ့ပါတယ် ။ ဟုတ်ကဲ့... ဆောင်းရာသီအတွက် ဖိနပ်လေးတစ်ရံကို ကျွန်မရည်ရွယ်ခဲ့ပါတယ် ...။ အချစ်ဆိုတာလည်း ကျွန်မအတွက် ဒီလိုမျိုးပါပဲ။ ဖိနပ်လေးကျွန်မအတွက် ဘယ်သူလက်ဆောင်ပေးပေး ဆောင်းရာသီမှ ကျွန်မထုတ်ဝတ်ဖြစ်တော့မှာ ။ ဒီလိုနဲ့ နွေနဲ့မိုးမှာ ကျွန်မကို မုန်းသူတွေ ထပ်,ထပ်လာတယ်။ မကြာခင် ဆောင်းရောက်ပါတော့မယ် ။ ကျွန်မရင်ထဲမှာဖွက်ထားတဲ့ ဖိနပ်လေးတစ်ရံက အခုထိသစ်လွင်တောက်ပတုန်း ။ သူများဖိနပ်တွေဟာ ရာသီမရွေးချဝတ်လို့ ဟောင်းနွမ်းစုတ်ပြတ်နေပေမယ့်  ကျွန်မရင်ထဲမှာဖွက်ထားတဲ့ ဖိနပ်လေးတစ်ရံဟာ တကယ့်ကို သစ်လွင်တောက်ပတုန်း။ ဟိုးနှစ်ပေါင်းများစွာအဝေးက ပိုင်ရှင်လေးကတော့ ကျွန်မနံဘေးမှာမရှိတော့ပြီ ။ ဒီနှစ်ဆောင်းမှာတော့ ဒီဖိနပ်ကြီးကို ကျွန်မချဝတ်ပါတော့မယ်။ ကောင်းကင်ပြာလွင်လွင်ကြီးရ...
" Let's Write ... Let's Read " လေပြည်ချမ်းချမ်း ကဗျာများ နှင့် ရသ ထောင့်ချိုး