Skip to main content

Posts

Showing posts from January, 2016

ဆန့်​ကျင်​ဘက်​​တွေရဲ့တင်းအား

" မင်းကို ငါ ဆန့်​ကျင်​ဘက်​​တွေရဲ့တင်းအားအ​ကြောင်း ​ပြောပြပြီးပြီလား။  ဘဝဆိုတာ တစ်​ခုခုကိုလုပ်​ချင်​တယ်​။  ဒါ​ပေမယ့်​ မလုပ်​မဖြစ်​လုပ်​ရမှာက အခြားတစ်​ခုဖြစ်​​နေတယ်​။ တစ်​စုံတစ်​ခုက မင်းကို ထိခိုက်​​စေတယ်​။ ဒါ​ပေမယ့်​ ဒီလို မဖြစ်​သင့်​ဘူးဆိုတာ မင်းသိ​နေတယ်​။ ​လောကမှာ ဘယ်​အရာကိုမှ မဆန်းစစ်​၊ မ​ဝေဖန်​ဘဲ မယုံကြည်​၊ လက်​မခံရဘူး ဆိုတာ မင်းသိထားတယ်​။ ဒါ​ပေမယ့်​ တစ်​ချို့ကိစ္စ​တွေကိုကျ​တော့ မဆန်းစစ်​ မ​ဝေဖန်​ဘဲ ယုံကြည်​လက်​ခံတယ်​။ `ဆန့်​ကျင်​ဘက်​​တွေရဲ့ တင်းအား´ဆိုတာ ကြက်​​ပေါင်​ကွင်းတစ်​ကွင်းကို ဆွဲဆန့်​တာနဲ့တူတယ်​။ တို့​တွေ အများစုက အစွန်းနှစ်​ဖက်​ရဲ့အလယ်​တစ်​​နေရာရာမှာ ကျင်​လည်​​နေထိုင်​ကြတာ​ပေါ့။" "နပန်းသတ်​ပွဲတစ်​ပွဲ လို​ပေါ့​နော်​" လို့ ကျွန်​​တော်​​ပြောတယ်​။ "နပန်းသတ်​ပွဲတစ်​ပွဲ" ... သူရယ်​လိုက်​တယ်​။ "ဟုတ်​တယ်​၊ ဘဝကို အဲဒီလို ပုံ​ဖော်​လို့ရတယ်​။" "ဒီ​တော့ ဘယ်​ဘက်​က နိုင်​မလဲ။" ကျွန်​​တော်​​မေးတယ်​။ သူ ကျွန်​​တော့်​ကို ပြုံးပြတယ်​။ မျက်​​ကြောတွန့်​​နေတဲ့ မျက်​လုံး​တွေနဲ့၊ မညီညာတဲ့သွားေ...

The Art Of Living [ဘဝ​နေထိုင်​မှုအနုပညာ]

ပြတင်း​ပေါက်​ကို ဖွင့်​လိုက်​​တော့ အိမ်​အပြင်​ဘက်​မှာ မနက်​ခင်းပန်း​တွေ။ ​လေက​လေးတဖြူးဖြူးမှာ မိတ်​ကပ်​လိမ်းလို့ ။ ပျိုမြစ်​နုနယ်​တဲ့မနက်​ခင်းအသစ်​တစ်​ခု​ ရောက်​ပြန်​ပြီ။ မနက်​ခင်းဟာ ပန်းအငုံလိုပဲ ​နေ့တိုင်း ဖူး...လို့။ တစ်​​နေ့စာ ပွင့်​​ဝေတဲ့ခရီးမှာ သူ ကျွန်​​တော်​တို့ကို အမြဲတမ်းသ​ရော်​တယ်​။ မနက်​ခင်း​ကော်​ဖီမ​သောက်​ခင်​ မနက်​စာအရင်​ပြင်​ရသလို တစ်​​နေ့တာ မစ,ခင်​သွားတိုက်​မျက်​နှာသစ်​ပြီးမှ ဖြစ်​မှာ​ပေါ့။ နေ့စဉ်​ရက်​ဆက်​ဆို​တော့လည်း မနက်​ခင်းရဲ့နုပျိုမှုဟာ လူ​တွေအတွက်​ ငြီး​ငွေ့စရာ။ လန်းဆန်းမှုရဲ့​နောက်​မှာ တာဝန်​ဝတ္တရား​တွေ တစ်​သီကြီးနဲ့ဗျ။ နာရီသံ `တစ်​-​တောက်​ .. တစ်​-​တောက်​´ဟာ အမြဲ `အချိန်​မီ​-အချိန်​မီ´လို့ ဦး​နှောက်​ကို ထုနှက်​​နေ​တော့တာပဲ။ ​ခေါက်​ရိုးကျိုး​နေတဲ့ ဖြတ်​သန်းမှုနဲ့ မနက်​ခင်းရဲ့ရင့်​မှည့်​မှုဖြစ်​စဉ်​မှာ ကျွန်​​တော်​တို့ ​တစ်​​နေ့ချင်းခေါက်​တုံ့ခေါက်​ပြန်​​ပေါ့။ ကြာ​တော့လည်း အသက်​ကြီးလာတာကလွဲလို့ ဒီ​​`နေ့ရက်​​´တွေဟာ မက်​​မောစရာမ​ကောင်း​တော့ပါဘူး။ ကျွန်​​တော်​တို့ ​နေထိုင်​​နေကြတာ ဒီအတိုင်းပဲ။ ဘဝက တည်​ငြိမ်​သွား​လေ ပျင်းစရာ​ကောင်း​လေပဲ။ ...

Strings

`ကြိုးများနှင့်​ ကစားပွဲ´ •••••••••••••••••••• ဘဝဟာ ဂိမ်းတစ်​ပွဲလား အနိုင်​အရှုံးကို အသာထား ကစားရဲ​အောင်​ မနည်းကြိုးစားခဲ့ရတယ်​ ဘဝကို ကစားပွဲလို့ ကိုယ်​ကမသတ်​မှတ်​ခဲ့လဲ တစ်​ချို့​တွေ ဂိမ်းသိပ်​​ဆော့တယ်​ ကစားပွဲ​ကိုယ့်​ရှေ့ရောက်​လာတဲ့အခါ ကိုယ်​`တန်​ဖိုးထားတဲ့အရာ´အတွက်​ ကစားပါ အနိုင်​အရှုံးလား အ​လျော်​အစားလား ဂုဏ်​သိက္ခာလား ​​ရွေးချယ်​မှုတိုင်းမှာ `တန်​ဖိုး´ရှိတယ်​ တန်​ဖိုးထားတာချင်းမတူရင်​ ​ရွေးချယ်​မှုလည်း မတူနိုင်​ဘူး ကိုယ့်​ဆီက ထွက်​ခွာသွားမယ့်​သူ​တွေကို ဘယ်​​တော့မှ ကုတ်​ကပ်​ဖက်​တွယ်​မထားပါနဲ့ သင်​ ဆန္ဒရှိရင်​ တံခါးဖွင့်​ထားပါ ဆက်​ထုံးပါတဲ့ကြိုးက အသွင်​တစ်​မျိုးလှတယ်​လို့ ထင်​ခဲ့ရင်​​ပေါ့ ပြတ်​သွားတဲ့ကြိုးက ဘယ်​​တော့မှ စင်းလုံး​ချောပြန်​မရှည်​ဘူး သံသယအဖုအထစ်​​လေး​တော့ တစ်​သက်​လုံး ထုံး​ပေးလိုက်​ရတယ်​။  `​လေပြည်​ချမ်းချမ်း´

`အတိတ်​မြစ်​ကျဉ်းထက်​ အလွမ်းနှင့်​လွင့်​​မျောခြင်း´

မြစ်​ဟာ  ဘယ်​​တော့မှ တစ်​​နေရာထဲ နှစ်​ခါပြန်​မစီးဘူး      စိတ်​ကူးထဲမှာကလွဲရင်​ ။ အတိတ်​ဟာ ဘယ်​​တော့မှ အသက်​ပြန်​မဝင်​ဘူး အိပ်​မက်​ထဲကလွဲရင်​ ။ အမှတ်​တရဟာ ဘယ်​​တော့မှ အသစ်​ပြန်​မဖြစ်​ဘူး  အလွမ်းထဲကလွဲရင်​ ။ အလွမ်းဟာ အနာဂတ်​အ​ကြောင်း မသိဘူး အတိတ်​ဟာ အနာဂတ်​ကို မမြင်​ဖူးဘူး မြစ်​ဟာ အနာဂတ်​ကိုပဲ စီးတယ်​ ။ ဒီရထားက​လေး ... အတိတ်​ကိုဖြတ်​ အလွမ်းကိုစီးနင်း မြစ်​လို အနာဂတ်​ဆီစီးရင်း လိုအပ်​ချိန်​တိုင်း ခွန်​အားမျှ​ပေးတဲ့ ငါ့ရဲ့တံတား​လေး ...  ခပ်​ဖွဖွ​လေးပဲ နင့်​ကို ..... ငါ လွမ်းတယ်​။  #​လေပြည်​ချမ်းချမ်း 14:11 PM /2016 /Jan 15th / Friday.

`Merry Christmas´

` မယ်ရီခရစ္စမတ် ´ ❄⛄⛄⛄❄ ⛄ ခရစ်တော်      မွေးဖွားလာတဲ့လ ..      ချိုမြတဲ့ ဒီဇင်ဘာ .. ။ ⛄နှင်းစက်တွေနဲ့ ဖွားဖက်တော်      အေးချမ်းမှုရဲ့ ပြယုဂ်တစ်ခု      အသက်ပေါင်းများစွာအတွက်      အနစ်နာခံ ဖြည့်ဆည်းမှုနဲ့      မေတ္တာတော် ထုံလွှမ်းတဲ့       ခေါင်းလောင်းသံတစ်ခုရဲ့      မြစ်ဖျားခံရာ      နှစ်ဆယ့်ငါး - ဒီဇင်ဘာ ။ ⛄ဟက်ပီးဘက်တ်ဒေး ၊     သခင်ယေရှုရဲ့ ပျော်ရွှင်စရာမွေးနေ့..။     ခရစ္စယာန် ဘာသာဝင်တို့ရဲ့     အထွဋ်အမြတ် အထားရဆုံးနေ့ ။     အရုပ်အိတ်ထမ်းလာတဲ့      ဆန်တာကလော့ … ပီတိအဖြစ်ဆုံးနေ့ ။     ကမ္ဘာမြေပေါ်က      အဖြူစင်ဆုံး ကလေးတို့ရဲ့အပြုံး     မေတ္တာဓါတ်နဲ့ အသက်အ၀င်ဆုံးနေ့။ ⛄ဘာသာစကားမတူလည်း      အယူဝါဒ ကွဲပြားလည်း      နေနဲ့လတို့ ၀န်းရံထားတဲ့      စကြ၀ဠာထဲက   ...

`About FAITH´

`သစ္စာတရား´ဆိုတာ  `အ​ကြောက်​တရား´နဲ့ ​  `သွေး​ဆောင်​ဖြား​ယောင်းမှု​´ ​လေပြင်း​တွေကြားက `ပန်းတစ်​ပွင့်​´။  `ဟိုက္ကူကဗျာ´

`About Love´

`About Love´ ••••••••••••••••• ဘဝဆိုတာ  `သီချင်းတစ်ပုဒ်´ဆိုရင် ... ပျော်နေချိန်တိုင်း နားကြပ်တစ်ဖက်ပေးပြီး နားထောင်မယ် ... ။  `ဝမ်းနည်းစရာသီချင်း´တွေရောက်လာခဲ့ရင် တစ်ယောက်ကိုတစ်ယောက် လက်ချင်ထွေးဆုပ်ရင်း ကျော်ဖြတ်ကြတာပေါ့ ။ ဒါပါပဲ ... ငါနားလည်တဲ့ အချစ်ဆိုတာ ...။   ။ #လေပြည်ချမ်းချမ်း
`My Best Memory About Forrest Gump´ ••••••••••••••••••••••••••••••••••••••••••••••••• * ရှေ့ကိုဆက်မပြေးခင် အတိတ်ကို နောက်မှာထားခဲ့။ * လူတွေမှာ လိုအပ်ချက်က နည်းနည်းလေးပါ ။ * ကျန်တာက ကြွားဖို့သက်သက်ပဲ။ #ForrestGump [Movie]🎬🎥