မြစ်ဟာ
ဘယ်တော့မှ တစ်နေရာထဲ နှစ်ခါပြန်မစီးဘူး
စိတ်ကူးထဲမှာကလွဲရင် ။
အတိတ်ဟာ
ဘယ်တော့မှ အသက်ပြန်မဝင်ဘူး
အိပ်မက်ထဲကလွဲရင် ။
အမှတ်တရဟာ
ဘယ်တော့မှ အသစ်ပြန်မဖြစ်ဘူး
အလွမ်းထဲကလွဲရင် ။
အလွမ်းဟာ အနာဂတ်အကြောင်း မသိဘူး
အတိတ်ဟာ အနာဂတ်ကို မမြင်ဖူးဘူး
မြစ်ဟာ အနာဂတ်ကိုပဲ စီးတယ် ။
ဒီရထားကလေး ...
အတိတ်ကိုဖြတ် အလွမ်းကိုစီးနင်း
မြစ်လို အနာဂတ်ဆီစီးရင်း
လိုအပ်ချိန်တိုင်း ခွန်အားမျှပေးတဲ့ ငါ့ရဲ့တံတားလေး ...
ခပ်ဖွဖွလေးပဲ နင့်ကို ..... ငါ လွမ်းတယ်။
#လေပြည်ချမ်းချမ်း
14:11 PM /2016 /Jan 15th / Friday.
Comments
Post a Comment