`ကြိုးများနှင့် ကစားပွဲ´
••••••••••••••••••••
ဘဝဟာ ဂိမ်းတစ်ပွဲလား
အနိုင်အရှုံးကို အသာထား
ကစားရဲအောင် မနည်းကြိုးစားခဲ့ရတယ်
ဘဝကို ကစားပွဲလို့ ကိုယ်ကမသတ်မှတ်ခဲ့လဲ
တစ်ချို့တွေ ဂိမ်းသိပ်ဆော့တယ်
ကစားပွဲကိုယ့်ရှေ့ရောက်လာတဲ့အခါ
ကိုယ်`တန်ဖိုးထားတဲ့အရာ´အတွက် ကစားပါ
အနိုင်အရှုံးလား အလျော်အစားလား ဂုဏ်သိက္ခာလား
ရွေးချယ်မှုတိုင်းမှာ `တန်ဖိုး´ရှိတယ်
တန်ဖိုးထားတာချင်းမတူရင် ရွေးချယ်မှုလည်း မတူနိုင်ဘူး
ကိုယ့်ဆီက ထွက်ခွာသွားမယ့်သူတွေကို
ဘယ်တော့မှ ကုတ်ကပ်ဖက်တွယ်မထားပါနဲ့
သင် ဆန္ဒရှိရင် တံခါးဖွင့်ထားပါ
ဆက်ထုံးပါတဲ့ကြိုးက အသွင်တစ်မျိုးလှတယ်လို့ ထင်ခဲ့ရင်ပေါ့
ပြတ်သွားတဲ့ကြိုးက ဘယ်တော့မှ စင်းလုံးချောပြန်မရှည်ဘူး
သံသယအဖုအထစ်လေးတော့ တစ်သက်လုံး ထုံးပေးလိုက်ရတယ်။

`လေပြည်ချမ်းချမ်း´
Comments
Post a Comment