Skip to main content

ဆန့်​ကျင်​ဘက်​​တွေရဲ့တင်းအား



" မင်းကို ငါ ဆန့်​ကျင်​ဘက်​​တွေရဲ့တင်းအားအ​ကြောင်း ​ပြောပြပြီးပြီလား။ 
ဘဝဆိုတာ တစ်​ခုခုကိုလုပ်​ချင်​တယ်​။ 
ဒါ​ပေမယ့်​ မလုပ်​မဖြစ်​လုပ်​ရမှာက အခြားတစ်​ခုဖြစ်​​နေတယ်​။
တစ်​စုံတစ်​ခုက မင်းကို ထိခိုက်​​စေတယ်​။
ဒါ​ပေမယ့်​ ဒီလို မဖြစ်​သင့်​ဘူးဆိုတာ မင်းသိ​နေတယ်​။
လောကမှာ ဘယ်​အရာကိုမှ မဆန်းစစ်​၊ မ​ဝေဖန်​ဘဲ မယုံကြည်​၊ လက်​မခံရဘူး ဆိုတာ မင်းသိထားတယ်​။
ဒါ​ပေမယ့်​ တစ်​ချို့ကိစ္စ​တွေကိုကျ​တော့ မဆန်းစစ်​ မ​ဝေဖန်​ဘဲ ယုံကြည်​လက်​ခံတယ်​။
`ဆန့်​ကျင်​ဘက်​​တွေရဲ့ တင်းအား´ဆိုတာ ကြက်​​ပေါင်​ကွင်းတစ်​ကွင်းကို ဆွဲဆန့်​တာနဲ့တူတယ်​။
တို့​တွေ အများစုက အစွန်းနှစ်​ဖက်​ရဲ့အလယ်​တစ်​​နေရာရာမှာ ကျင်​လည်​​နေထိုင်​ကြတာ​ပေါ့။"

"နပန်းသတ်​ပွဲတစ်​ပွဲ လို​ပေါ့​နော်​" လို့ ကျွန်​​တော်​​ပြောတယ်​။

"နပန်းသတ်​ပွဲတစ်​ပွဲ" ... သူရယ်​လိုက်​တယ်​။ "ဟုတ်​တယ်​၊ ဘဝကို အဲဒီလို ပုံ​ဖော်​လို့ရတယ်​။"

"ဒီ​တော့ ဘယ်​ဘက်​က နိုင်​မလဲ။" ကျွန်​​တော်​​မေးတယ်​။

သူ ကျွန်​​တော့်​ကို ပြုံးပြတယ်​။ မျက်​​ကြောတွန့်​​နေတဲ့ မျက်​လုံး​တွေနဲ့၊ မညီညာတဲ့သွား​တွေနဲ့။

"​မေတ္တာတရားက အနိုင်​ရတယ်​။ ​မေတ္တာတရားက အမြဲတမ်း အနိုင်​ရတယ်​ကွ"


[ ဆရာမြတ်​ငြိမ်း - ဆရာအို၏ ဘဝ​နေဝင်​ချိန်​သင်​တန်း
 Tuesdays With Morrie by Mitch Albom
အလွန်​​ရွှင်​ပြ​သောစရိုက်​ရှိပြီး စိတ်​ထားမှန်​ကန်​​ပေါ့ပါးကာ လူချစ်​လူခင်​သိပ်​များ​သည့်​ ပါ​မောက္ခကြီး ​မော်​ရီရွှာ့ဇ်​သည်​ ၁၉၉၄ ခုနှစ်​က ကုရာနတ္ထိ​ဆေးမရှိခဲ့​သော အလွန်​​ကြောက်​စရာ​ကောင်းသည့်​ အာရုံ​ကြောစနစ်​​ရောဂါတစ်​ခုဖြစ်​သည့်​ ALS ​ရောဂါဖြစ်​ခဲ့ချိန်​ လူမှုရေးသိပ္ပံဘွဲ့ရထားသူ ပါ​မောက္ခကြီး ​မော်​ရီရွှာ့ဇ်​ နှင့်​ တက္ကသိုလ်​​ကျောင်းက ချစ်​​သောတပည့်​ မစ်​ခ်ျ​ အယ်​ဘွန်​ တို့၏ 
အင်္ဂါ​နေ့စကားဝိုင်းများမှ။]

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´