Skip to main content

`Merry Christmas´


` မယ်ရီခရစ္စမတ် ´
❄⛄⛄⛄❄

⛄ ခရစ်တော်
     မွေးဖွားလာတဲ့လ ..
     ချိုမြတဲ့ ဒီဇင်ဘာ .. ။

⛄နှင်းစက်တွေနဲ့ ဖွားဖက်တော်
     အေးချမ်းမှုရဲ့ ပြယုဂ်တစ်ခု
     အသက်ပေါင်းများစွာအတွက်
     အနစ်နာခံ ဖြည့်ဆည်းမှုနဲ့
     မေတ္တာတော် ထုံလွှမ်းတဲ့ 
     ခေါင်းလောင်းသံတစ်ခုရဲ့
     မြစ်ဖျားခံရာ
     နှစ်ဆယ့်ငါး - ဒီဇင်ဘာ ။

⛄ဟက်ပီးဘက်တ်ဒေး ၊
    သခင်ယေရှုရဲ့ ပျော်ရွှင်စရာမွေးနေ့..။
    ခရစ္စယာန် ဘာသာဝင်တို့ရဲ့
    အထွဋ်အမြတ် အထားရဆုံးနေ့ ။
    အရုပ်အိတ်ထမ်းလာတဲ့ 
    ဆန်တာကလော့ … ပီတိအဖြစ်ဆုံးနေ့ ။
    ကမ္ဘာမြေပေါ်က 
    အဖြူစင်ဆုံး ကလေးတို့ရဲ့အပြုံး
    မေတ္တာဓါတ်နဲ့ အသက်အ၀င်ဆုံးနေ့။

⛄ဘာသာစကားမတူလည်း
     အယူဝါဒ ကွဲပြားလည်း
     နေနဲ့လတို့ ၀န်းရံထားတဲ့
     စကြ၀ဠာထဲက 
     လက်သီးဆုပ်လောက် ကမ္ဘာမြေမှာ 
     မဆုပ်ဘဲ ဖြန့်ထားတဲ့ 
     ဝေမျှခံစားခြင်း လက်တွေနဲ့၊

⛄အနာဂတ်အတွက် 
    နေပျော်တဲ့  ဗိမာန်ဘုံကို
    ထိန်လင်းတဲ့ မီးရောင်အောက်
    စည်ကားတဲ့ လမ်းမကြီးတစ်လျှောက်
    အပြန်အလှန် လက်ဆောင်ကမ်းရင်း
    တည်ဆောက်နေကြခြင်း ပါ ။

⛄ချိုမြတဲ့ မေတ္တာခြုံလို့
     နွေးထွေးမဆုံးဖြစ်နေ… တဲ့
     ဒီဇင်ဘာရဲ့ ရက်မြတ်
     မယ်ရီခရစ္စမတ်ည … ဟာ
     စာရွက်ဖြူတစ်ရွက်
     ဖြန့်ခင်းထားသလို
     မြေပြင်ပေါ်မှာ နှင်းစက်တွေနဲ့ ..
     ဖြူလွငြိမ်းချမ်းနေလေ .. ရဲ့ …။

⛄ #လေပြည်ချမ်းချမ်း ⛄
⛄[ 2011 – Christmas အမှတ်တရ ] ပြန်တင်ပါသည်။ ⛄
♥♫ MERRY CHRISTMAS All Around the World ♫ ♥
♥♫ MERRY CHRISTMAS to You All ♫ ♥⛄⛄⛄

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´