• [ လွှမ်းမိုးလိုခြင်း နှင့် ရင့်ကျက်ခြင်း ] • 🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈 လူတကာကို လွှမ်းမိုးချင်တယ်ဆိုတာ အားနည်းတဲ့သူတွေရဲ့ စရိုက်လက္ခဏာပါ ။ တကယ် စိတ်အင်အားပြည့်တဲ့သူဟာ ကိုယ့်ဘေးက သူတပါးကိုလည်း ရင့်ကျက်စွာရှင်သန်ခွင့်ပေးပါတယ်။ ငါနဲ့ အယူအဆ မတူလို့ ၊ ငါနဲ့ အထင်အမြင်မတူလို့.... ပြဿနာရှာတယ်ဆိုတာ အတော်ကိုသေးသိမ်တဲ့ ငါစွဲအတ္တပါ။ အသက်ကြီးကြီး/ငယ်ငယ် လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ယုံကြည်ချက် ၊ ကိုယ်ပိုင်အယူအဆနဲ့ ကိုယ်ပိုင်မျှော်လင့်ချက်တွေရှိကြပါတယ်။ သူ့ဘဝကို ဘယ်လိုလျှောက်လှမ်းမလဲဆိုတာ သူ့ရဲ့ကိုယ်ပိုင် ရပ်တည်ချက်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ စိတ်ပူရင် ဘေးနားက ဖေးမရုံပါ။ ငါနဲ့အယူမဆမတူလို့ သူမှားတယ်ဆိုတာကို ဇွတ်ကြီးသက်သေပြဖို့ လုပ်ရင် အဲဒီလုပ်ရပ်ဟာ တကယ့်ကိုအကျည်းတန်ပါတယ်။ စေတနာ မဟုတ်တော့ဘဲ ငါစွဲအတ္တနဲ့ ငါ့အတွင်းသားစိတ်ဓာတ်ကို အထင်းသားလှစ်ပြလိုက်သလိုပါပဲ။ တကယ်လို့ သင်ဟာ စိတ်ဓာတ်အင်အားကြီးမားသူဆိုရင် သင့်ဘေးက လူတွေအပေါ်( အသက်ကြီးသူလည်းရှိမယ်၊ ငယ်သူလည်းရှိမယ်) သူတို့အပေါ် လေးစားပါ။ သူတို့အတွေးအခေါ်/ အယူအဆ/ ရည်မှန်းချက်/ ကြိုးစားအားထုတ်မှုကို လေးစားပါ။ အ...
" Let's Write ... Let's Read " လေပြည်ချမ်းချမ်း ကဗျာများ နှင့် ရသ ထောင့်ချိုး