Skip to main content

The Ocean

•[ ပင်လယ်ငေးသူ] •
💭💭💭💭💭💭

အိပ်​မက်​ကို အလျားဆန့်​လိုက်​​တော့
အနံကြီးကွင်းကျယ်
ဒါကိုမှ ကြီးကျယ်​တယ်​ စွပ်​စွဲခဲ့​လေသလား
ဘယ်​သူ့ကိုမှ ဂရုမစိုက်​ခဲ့ဘူး
အဲဒါကိုက ကြီးကျယ်​သတဲ့။
အထီးကျန်​ခြင်း​တွေမှာ သိမ်​ငယ်​ခဲ့ပြီးပြီပဲ
တ​ယောက်​တည်း ကြီးကျယ်​ပါရ​စေလား
ဖတ်​ကြည့်​ရက်​ နားမလည်​သလို
မဖတ်​တတ်​ချင်​​ယောင်​​ဆောင်​တဲ့နှလုံးသားများ
အဲဒီ ဓားပါးပါး​လေးကပဲ မြိခနဲ …. ပြတ်​တယ်​။
`စိတ်​ဓာတ်​​တွေ´…
မဟုတ်​ပါဘူး
လက်​ခံ​အောင်​ မသိသားဆိုးရွားစွာ
ဆက်​ထိုး​ကျွေးချင်​တဲ့ စိတ်​တခုပါ
အရင်​က ငါမှားခဲ့လိမ့်​မယ်
အဖြူသက်​သက်​ မုန်းခဲ့မိလို့
ဟန်​​ဆောင်​မပြုံးတတ်​တဲ့ ငါ့ကိုသတ်​ရင်
အဲဒီဓား …
နောက်​​ကျောဘက်​က မထိုးပါနဲ့ ။
ငါက ကံ​ကောင်းတတ်​တယ်​ …
ချက်​​ကောင်းမထိရင်​ ဓားကိုနှစ်​ခါပြန်​သုံးရလိမ့်​မယ်
အ​ကြေကွဲဆုံးက ဒုတိယအကွက်​​ပေါ့
ဘယ်​သူ့အပြစ်​လဲ မ​ဝေဖန်​နိုင်​​သေးခင်
အမုန်းထက်​အားပြင်းတဲ့ နာကျည်းမှုဟာ
ပစ်​မှတ်​ကို ထိနှင့်​ပြီ။
ပင်​လယ်​​ရေ…
ငါလာပြီ
တ​​နေ့ချင်း တ​နေ့ချင်း
အမုန်းချည်​တဲ့ နာကျည်းစိတ်​​တွေ
ဖြည်​, ရှင်း​ပေးပါ
ငါ့ကိုယ်​ငါ ကယ်​နိုင်​သူဟာ
စိတ်​ထဲရှိသမျှ အကုန်​ချရေးတဲ့ ဒီလက်​​တွေပဲ
သဘာဝကို ချစ်​သ​ရွေ့
တ​​နေ့
လူ​တွေရဲ့စိတ်​​ရောင်​စုံနဲ့
ကြိုး…ညှိတတ်​လာမယ်​…ဆို …။ ။

#​လေပြည်​ချမ်းချမ်း
#လွတ်လပ်လှိုင်းမဂ္ဂဇင်း
www.laypyaychanchan.blogspot.com

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´