" ရပ်တည်ချက်တွေ အကြောင်း "
တစ်ချို့က ...
အနားကို ရောက်လာတယ် ...။
ပြုံးပြပြီး ... ၊
ပြန် ထွက်သွားကြတယ် ... ။
တစ်ချို့က ...
အနားကို ရောက်လာတယ် ... ၊
မဲ့ပြပြီး ...
အဝေးကို ထွက်သွားကြတယ် ။
ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်နေတဲ့ ငါက ... ၊
လေတိုက်တိုင်း လွင့်တတ်တဲ့ စိတ်နဲ့
အတွင်းဒဏ်ရာတွေပဲ ...
နက်သထက် နက်လာတယ် ။
မယုံသင်္ကာစကား ၊
လာမပြောပါနဲ့ နားခါးတယ် ... ။
ဘယ်သူ့အထင်အမြင်တွေကများ
ငါ့ကိုယ်ငါထက် ...
ပို မှန်နိုင်ဦးမှာလဲ ... ။
နောက်ကျော ဓါးနဲ့ထိုးဖို့လည်း
အနားကပ်မလာစေလို ၊
လှည့်ကွက်နဲ့ ကစားတတ်တဲ့
စိတ်ဓါတ်ဆိုးညစ်ညစ်နဲ့လည်း
လိုက်မပတ်သက်စေလို ... ၊
" ရပ်တည်ချက်" တစ်ခုမှာ
" ရည်မှန်းချက်" ဆိုတာ ရှိခဲ့ရင် ... ၊
" ပန်းတိုင်" ကို လှမ်းမြင်ဖို့ ...
" ကြားခံ " ဘာတွေကို
" မှုန်ဝါး " ပစ်ဖို့ လိုမလဲ ။
ငါကတော့ ...၊
နေသာအောင်
ဖြေလျော့တတ်တဲ့ စိတ်နဲ့၊
“ငါ “ ဆိုတဲ့ စစ်မှန်ခြင်းတွေနဲ့ ၊
ရှေ့ကိုပဲ ...
ခပ်မှန်မှန် ဆက်လျှောက်နေဦးမယ် ... ။ ။
" လေပြည်ချမ်းချမ်း "
Oct 26th ; 2012
12:56 am ; Friday !
တစ်ချို့က ...
အနားကို ရောက်လာတယ် ... ၊
မဲ့ပြပြီး ...
အဝေးကို ထွက်သွားကြတယ် ။
ကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်နေတဲ့ ငါက ... ၊
လေတိုက်တိုင်း လွင့်တတ်တဲ့ စိတ်နဲ့
အတွင်းဒဏ်ရာတွေပဲ ...
နက်သထက် နက်လာတယ် ။
မယုံသင်္ကာစကား ၊
လာမပြောပါနဲ့ နားခါးတယ် ... ။
ဘယ်သူ့အထင်အမြင်တွေကများ
ငါ့ကိုယ်ငါထက် ...
ပို မှန်နိုင်ဦးမှာလဲ ... ။
နောက်ကျော ဓါးနဲ့ထိုးဖို့လည်း
အနားကပ်မလာစေလို ၊
လှည့်ကွက်နဲ့ ကစားတတ်တဲ့
စိတ်ဓါတ်ဆိုးညစ်ညစ်နဲ့လည်း
လိုက်မပတ်သက်စေလို ... ၊
" ရပ်တည်ချက်" တစ်ခုမှာ
" ရည်မှန်းချက်" ဆိုတာ ရှိခဲ့ရင် ... ၊
" ပန်းတိုင်" ကို လှမ်းမြင်ဖို့ ...
" ကြားခံ " ဘာတွေကို
" မှုန်ဝါး " ပစ်ဖို့ လိုမလဲ ။
ငါကတော့ ...၊
နေသာအောင်
ဖြေလျော့တတ်တဲ့ စိတ်နဲ့၊
“ငါ “ ဆိုတဲ့ စစ်မှန်ခြင်းတွေနဲ့ ၊
ရှေ့ကိုပဲ ...
ခပ်မှန်မှန် ဆက်လျှောက်နေဦးမယ် ... ။ ။
" လေပြည်ချမ်းချမ်း "
Oct 26th ; 2012
12:56 am ; Friday !
Comments
Post a Comment