Skip to main content

" Facebook City "


















" Facebook City "


ကောင်းကင်ပြာပြာကြီးအောက်မှာ 
Engineer မလိုဘဲ …
ပြတင်းပေါက်တစ်ခုရှေ့ ရောက်သွားရုံနဲ့ ၊
ပုံစံခွက်ကလေးထဲ
ကိုယ်ပိုင် အိမ်တစ်လုံး ၊
ဆောက်နိုင်တဲ့ မြို့တော် ။

နံရံတွေ ပေါ်မှာ …
တစ်ချို့က …
အသွေးအရောင်စုံ ခံစားချက်တွေ တင်တယ် ။
တစ်ချို့က …
ရယ်စရာ ဟာသတစ်ချို့ … ချိတ်ဆွဲတယ် ။

အသစ်တွေ ဘယ်လောက်ပြောင်းပြောင်း ၊
Comment တွေ အမြဲပွဲစည်တဲ့
Photo Application မှာ
လှပတဲ့ အချိန်ကာလတွေကို မှတ်တမ်းတင်ဖို့
အမှတ်တရတွေကို Album တွေထဲ ..
စီရရီ ခင်းကျင်း … လို့ ။

တစ်ချို့က …
ကိုယ့်ရဲ့ ခံစားချက်တွေကို လွှတ်တင်ဖို့ ၊
တစ်ချို့က …
ကိုယ့်ရဲ့ အတွေ့အကြုံဘဏ်တိုက်ကို
အိမ်နီးချင်းတွေနဲ့ Share ဖို့ ၊

“ Note ” ဆိုတဲ့ တလင်းပြင်မှာ .. လည်း
စကားလုံး မော်လီကျူးတွေ …
အရောင်အသွေး စုံစုံလင်လင်
စည်ကား ပျံ့ဝေနေခဲ့တယ် ။

Extension အဖြစ် ….
ကိုယ်ယုံကြည် အားသန်ရာအတွက်
စိတ်နှလုံးမြှပ်နှံ အချိန်ပေးဖို့ ၊
Page ဆိုတဲ့ Workshop လေးလည်း ၊
ကိုယ်ကိုယ်တိုင် …
ရွေ့လျား Decorate လုပ်နိုင်သေးရဲ့ ။

Gathering လား ၊ Anniversary လား ၊
Birthday လား ၊ Meeting လား …
“ Event ” ဆိုတဲ့ ခလုတ်လေး နှိပ်ရုံနဲ့
ဖိတ်စာရိုက်စရာမလို ၊ နေရာငှားစရာမလို
Ready Made ပွဲလေးတစ်ပွဲအတွက်
အလွယ်တကူ ….
အဆင်သင့် ဖြစ်နေခဲ့တယ် ။

[21] ရာစုရဲ့ … IT မြို့တော် ဧည့်ခန်းမှာ
ကမ္ဘာကြီးရဲ့ သတင်းတွေ ၊ လူတွေရဲ့ အတင်းအဖျင်းတွေ ၊
အယူအဆရေးရာ တိုက်ပွဲတွေ ၊ စီးပွားရေး ဈေးကွက်တွေ ၊
ဗဟုသုတ ထောင့်ချိုးတွေ ၊ စိတ်အာဟာရ စာကြည့်တိုက်တွေ ၊
Fashion … Music ၊ ဖျော်ဖြေရေးအသစ်အသစ်တွေနဲ့
အားကစား သတင်းတွေကိုလည်း ..
စိတ်ကြိုက် မြည်းစမ်းနိုင်သေးရဲ့ … ။

Mouse တစ်ချက် ရွှေ့ရုံ ၊ Click တစ်ချက် နှိပ်ရုံ ၊
Enter တစ်ချက် ခေါက်ရုံ နဲ့ ….၊
ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒ တစ်ခုအတွက်
ဇွဲသန်ရှေးရှုတည်ထားတဲ့ ၊
ကမ္ဘာ့လူသား တစ်ဘီလီယံကျော်ရဲ့
အိမ်ကလေးတွေ ပါဝင်တဲ့
Mark Zuckerberg ရဲ့ Facebook City ကနေ
CCTV Camera တပ် ကမ္ဘာ့ရွာကြီးကို
သင့် စိတ်ကြိုက် လည်ပတ်နိုင်ပါ … ပြီ ။ ။

“ လေပြည်ချမ်းချမ်း ”
Oct 13rd ; 2012
3:09 pm ; Saturday !

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´