"The Rainy Season Of An Angel"
စိတ်ကူးအိပ်မက် နဲ့
ဖြန့်ကျက်ခဲ့တဲ့ တောင်ပံတွေ …
ထူးဆန်းတဲ့ နှလုံးသားတစ်စုံရဲ့
အနီးနားကိုတော့ ရောက်ခဲ့ပါရဲ့ …၊
ရာသီဥတုက ကိုယ့်ဘက်မပါခဲ့ဘူး ။
အနီးဆုံး ဖြစ်ချင်မှ
အဝေးဆုံးနဲ့ အချိုးကျ ၊
“ဆန္ဒ ဆိုတာ … တကယ်တမ်း
လူ့ဘ၀ရဲ့ …ခပ်ထေ့ထေ့
လှောင်ရယ်သံ တစ်ခု ”.. လား ။
လှိုက်လှိုက်လှဲလှဲ ကမ်းတဲ့ လက်တစ်စုံဟာ
အသာစီးယူ ကျောခိုင်းခံရတဲ့အခါ
ပြည့်ပြည့်၀၀ မေတ္တာတွေ …
နာနာကျင်ကျင် အဆိပ်တက်ခဲ့..တယ် ၊
ကဲ့ … ဘာနဲ့ ပြန်ဆေးကြော .. မလဲ ။
ကျောချင်းကပ် အနေအထားမှာ
ကျောခိုင်းရပ်နေကြမှတော့ …
ဆန္ဒပြု ပျံသန်းမယ့်
အတောင်ပံတွေ … လည်း
ဆွံ့အ … လို့ … ။
အနီးဆုံးက နင့်မျက်နှာကိုလည်း
ငါ … မဖတ်တော့ဘူး … ။
အဝေးဆုံးက နင့်စိတ်ကိုလည်း
ငါ … မဖတ်တော့ဘူး ။
ဒီလမ်းခွဲကနေ …. ဘယ်သူမှ
ခြေတစ်လှမ်း မရွေ့သေးသရွေ့ ၊
ဒီ အမှတ်တရ ရပ်ဝန်းဟာ
သိပ်ကို မိုးရာသီ ဆန်ခဲ့လွန်း … လို့ ၊
ကျောခိုင်းထားတဲ့
ရင်ဘတ်တစ်ခြမ်း မှာ … ၊
ရွာရန်ရာနှုန်းပြည့် ထက်တောင် …
ပြည့်မှီကျော်လွန်နေခဲ့ ပါပြီ … ။ ။
“လေပြည်ချမ်းချမ်း”
ရာသီဥတုက ကိုယ့်ဘက်မပါခဲ့ဘူး ။
အနီးဆုံး ဖြစ်ချင်မှ
အဝေးဆုံးနဲ့ အချိုးကျ ၊
“ဆန္ဒ ဆိုတာ … တကယ်တမ်း
လူ့ဘ၀ရဲ့ …ခပ်ထေ့ထေ့
လှောင်ရယ်သံ တစ်ခု ”.. လား ။
လှိုက်လှိုက်လှဲလှဲ ကမ်းတဲ့ လက်တစ်စုံဟာ
အသာစီးယူ ကျောခိုင်းခံရတဲ့အခါ
ပြည့်ပြည့်၀၀ မေတ္တာတွေ …
နာနာကျင်ကျင် အဆိပ်တက်ခဲ့..တယ် ၊
ကဲ့ … ဘာနဲ့ ပြန်ဆေးကြော .. မလဲ ။
ကျောချင်းကပ် အနေအထားမှာ
ကျောခိုင်းရပ်နေကြမှတော့ …
ဆန္ဒပြု ပျံသန်းမယ့်
အတောင်ပံတွေ … လည်း
ဆွံ့အ … လို့ … ။
အနီးဆုံးက နင့်မျက်နှာကိုလည်း
ငါ … မဖတ်တော့ဘူး … ။
အဝေးဆုံးက နင့်စိတ်ကိုလည်း
ငါ … မဖတ်တော့ဘူး ။
ဒီလမ်းခွဲကနေ …. ဘယ်သူမှ
ခြေတစ်လှမ်း မရွေ့သေးသရွေ့ ၊
ဒီ အမှတ်တရ ရပ်ဝန်းဟာ
သိပ်ကို မိုးရာသီ ဆန်ခဲ့လွန်း … လို့ ၊
ကျောခိုင်းထားတဲ့
ရင်ဘတ်တစ်ခြမ်း မှာ … ၊
ရွာရန်ရာနှုန်းပြည့် ထက်တောင် …
ပြည့်မှီကျော်လွန်နေခဲ့ ပါပြီ … ။ ။
“လေပြည်ချမ်းချမ်း”
Comments
Post a Comment