" Life : The Failures , The Faults and The Love "
အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ …
အဲဒီ အရှုံးတွေအပေါ်ကို ကျေးဇူးတင်မိပါတယ် ။
ဘာလို့လဲဆိုတော့ …
သူတို့က ကိုယ့်ရဲ့ခံနိုင်ရည်ကို တစ်ဆင့်ချင်း တည်ဆောက်ပေးလို့ပါ ။
ဘ၀ … မှာ
အမှားတွေကို ကြုံတွေ့ရတဲ့အခါ …
အဲဒီ အမှားတွေကိုလည်း ချစ်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ …
သူတို့က ကိုယ့်မှာ အမှန်တကယ် လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ထောက်ပြပေးလို့ဖြစ်ပါတယ် ။
ဘ၀ … မှာ
ချစ်သူနဲ့ ခွဲခွာနှုတ်ဆက်ရတဲ့အခါ …
ကျောခိုင်းထွက်ခွာသွားတဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ …
ကိုယ့်ဘ၀မှာ သူ့ထက်ပိုပြီး ကောင်းမွန်တဲ့သူကို ရှာဖွေဖို့ အခွင့်အရေး ပေးခဲ့လို့ပါပဲ ။
" လေပြည်ချမ်းချမ်း "
Comments
Post a Comment