Skip to main content

“ အဖြူရောင် ရေခဲမြစ်ရဲ့ ဒီဇင်ဘာ Memory Status”


“ အဖြူရောင် ရေခဲမြစ်ရဲ့
ဒီဇင်ဘာ Memory Status”



“ဆောင်း” ဆိုတဲ့
ဖြစ်စဉ်တစ်ခုကို ရင်ငွေ့လှုံမှ၊
ပွင့်ဝေခွင့်ရတဲ့  .. နှင်းပွင့်လေးတွေရဲ့ ပွင့်ဖတ်တွေ
ကမ္ဘာ့လေထုပေါ် ဝေဖြာယိမ်းနွဲ့ကတဲ့အခါ …

တစ်ဖက်တည်းစီးတဲ့ “အချိန်မြစ်” ဟာ
ရေခဲမြစ်ကမ်း နယ်နမိတ်ကို
မှတ်တိုင်အသစ် … ထူဖို့ ၊
ရောက်ခဲ့ပြန်ပြီ … ။

အဖြူရောင်နှင်းတွေက “အေးမြခြင်း” ကို မျှားတယ် ။
“အေးမြခြင်း” က “အနွေးထည်ထူထူ”ကို မျှားတယ် ။
အေးမြခြင်းနဲ့ နွေးထွေးခြင်းတွေ
တစ်လှည့်စီ စီးဝင်နေတဲ့  ဆောင်းရဲ့ သွေးခုန်နှုန်းထဲမှာ ၊

“ဒီဇင်ဘာ” ဆိုတာ …
နှင်းစက်တွေရဲ့ ရင်ခုန်သံ
ဗဟိုချက်တည့်တည့်ကို မျှားတဲ့ ၊
အဖြူဆွတ်ဆွတ် နတ်သမီးတစ်ပါးပါပဲ ။

အနေဝေးတဲ့ သူတွေ အတွက်
သူက အလွမ်းတွေ ချမ်းနေအောင် ကြွေပေးတယ် ။
အတူဖြတ်သန်းမယ့်သူတွေအတွက်
အနွေးဓါတ်တွေ ဝေနေအောင် ကြွေပေးတယ် ။

မြောက်လေညင်း အလည်ရောက်ခဲ့တဲ့ ၊
နှလုံးသားရပ်ဝန်း တစ်ချို့မှာတော့ ၊
အငိုမတိတ်သေးတဲ့ …
ဝဿန်မိုးစက်တွေကို တိတိပပ ဖယ်ထုတ်ပြီး ၊

နားလည်မှုတွေ နှင်းလို ခြွေချ ၊
အဖြူရောင်ဆန္ဒတွေရဲ့ အသံမဲ့ ဘာသာဗေဒမှာတောင် ၊
(သူက … ) ရင်ခုန်သံတွေ …
ဖလှယ်ချိတ်ဆက်ပေးနိုင်ခဲ့တယ် … ။

အပြုံးတွေ … နွေးထွေးမှုတွေ …
နှင်းစက်တွေနဲ့ အတူတူ လွင့်ဝေရင်း
ဒီနှစ် ဒီဇင်ဘာ ရဲ့ Memory Status မှာတော့
အမှတ်တရတွေ ပို... စိမ့်ဝင်နေခဲ့ပါတယ် ။

“လေပြည်ချမ်းချမ်း”
Dec 7th ; 2012 !
Friday ,11:41 pm !

Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´