Skip to main content

Posts

Showing posts from February, 2016

Life is running

"Life is running .... " -------------------------- ဘဝဆိုတာ ဘောလုံးကစားသလိုပဲ ။ ပိုင်ဆိုင်တယ်ဆိုတာ ဘယ်မှာရှိလို့လဲ ။ ဘောလုံးနဲ့အတူ အမြဲပြေးလွှားနေရတာပဲရှိတယ် ။ တခြားလူတစ်ယောက် ... ကိုယ့်ဆီကနေ လုယူမသွားခင်အထိပေါ့။ "လေပြည်ချမ်းချမ်း"

Carry On Your Ways

ဘဝမှာ အပြစ်​တင်​ရမယ့်​သူ မရှိဘူး ​ကျေးဇူးတင်​ရမယ့်​သူ​တွေပဲ ရှိတယ်​ ဒီလိုနဲ့ ... သူတို့ လမ်း​တွေကို ဆက်​​လျှောက်​တတ်​သွားကြတယ်​။ `​လေပြည်​ချမ်းချမ်း´

Very Long Long Sometimes

`ရှည်​ကြာတတ်​​သော တစ်​ခါတစ်​ရံများ´ (သို့)          `​ဖေ့စ်​ဘွတ်​ခ်​ည​နေခင်း´ ပလက်​​ဖောင်းယဉ်​​ကျေးမှု​ပေါ် တက်​​လျှောက်​​နေရတဲ့ ​ဒေါက်​ဖိနပ်​တစ်​ရံလို ​ချောက်​ချခံရမှာ​ကြောက်​ရ ​ဒေါက်​ဖြုတ်​ခံရမှာ​ကြောက်​ရ လမ်း​ဘေးအုတ်​ခုံ​ထက်​ နားထဲဖြတ်​စီးလာတဲ့ဂစ်​တာသံ အနုပညာသက်​သက်​​အ​တွေးနဲ့ ငါ မြတ်​နိုးတယ်​ ...  ဘယ်​ညာ ဘယ်​ညာ ​ခြေလှမ်းမှား​စေရုံ​လောက်​ပဲလား မြို့ပြ​ရေ ... အုပ်​စုဖွဲ့ထားတဲ့ မင်းရဲ့အရိုင်းဆန်​ဆန်​ယဉ်​​ကျေးမှုက ရှည်​ရှည်​ပြန့်​ပြန့်​ တနံတလျား  ထိထိခတ်​ခတ်​ မိုက်​မိုက်​မှားမှား  ရင်​ဘတ်​ထဲ  ​တောက်​​​လျှောက်​ခလုတ်​တိုက်​ဝင်​သွားတယ်​ ချဉ်​​ပေါင်​ပန်းတစ်​ပွင့်​​ကို မင်း​ခေါင်း​ပေါ်ပန်​ဆင်​ထားလိုက်ပုံ ဟုတ်​တယ်​ ...  မြို့ပြအစစ်​ပါ ချဉ်​​ပေါင်​ရိုးအင်​ပါယာရဲ့ ​နေမဝင်​ဘုရင်​တစ်​ပါးရယ်​​ပေါ့  ဒီမြို့ပြထဲမှာ  ဟုတ်​ကဲ့ အရိုင်းဂီတနဲ့ ရှည်​ကြာတတ်​တဲ့ တစ်​ခါတစ်​ရံ​တွေရှိတယ်​။ #LPCC 17:53 PM / FEB 20th/2016/ Saturday.

One but Lion

~ တစ်ခါတစ်ရံများ ~ •••••••••••••••••••• • တစ်လောကလုံးနဲ့ • တစ်ယောက်တည်းဖြစ်နေတဲ့အခါ  • သင် ... တစ်ယောက်တည်း  • အားနည်းနေတယ်လို့ ခံစားရပါသလား။ • တကယ်တမ်း သင်က ခွန်အားကြီးသူပါ။ • အားနည်းတဲ့သူတွေဆိုတာ အုပ်စုဖွဲ့နေတတ်ကြတယ်လေ။   လေပြည်ချမ်းချမ်း

The Diary Of My Backpack

`ကျောပိုးအိတ်​တစ်​အိတ်​ရဲ့ဒိုင်​ယာရီ´  ​နွေရာသီမှာ   တိမ်​ဖြူဖြူတန်းက​လေး​တွေကို ချစ်​တယ်​ ။  ကျဲကျဲ​တောက်​ပူ​တဲ့   မွန်းတည့်​​နေကို ဖြတ်​​လျှောက်​​တုန်း  ​ပြေး​ပြေးလွှားလွှား အုပ်​အုပ်​ကာကာ  ကိုယ့်​ကို လှမ်းပြုံးပြလို့​ပေါ့ ။  လွင့်​​မျောခြင်းဟာ သူ့လွတ်​လပ်​ခွင့်​  တစ်​​ယောက်​ကို တစ်​​ယောက်​   အတိအလင်း မိတ်​မဆက်​ဖြစ်​​ပေမယ့်​  ဘဝရဲ့အပြုံးတစ်​​နေရာစာ သူ အုပ်​မိုးခဲ့ဖူးတယ်​ဆိုတာ ။  တစ်​ချိန်​​တော့ ကိုယ်​​မေ့သွားလိမ့်​ဦးမယ်​   ​ဟောင်းနွမ်းပြီး ဝါ​လျော်​လွင့်​ပြယ်​တတ်​တဲ့  ဒိုင်​ယာရီစာရွက်​တစ်​ရွက်​လို ။  ဘဝဟာ သိပ်​​ဟောင်းနွမ်းလွယ်​ပြီး  အသစ်​​တွေကို မိတ်​ဆက်တာကျ  သိပ်​လွယ်​ကူမြန်​ဆန်​တယ်​ ။     ဒီ​နေ့တို့ရဲ့ခင်​မင်​မှုဟာ  ​နောက်​တစ်​​ယောက်​အတွက်​ ​ပေါင်းကူးတံတား  ဘယ်​သူသိမှာလဲ  ဒီ​ခေတ်​တံတား​တွေဟာ  မြန်​မြန်​ပြိုပျက်​တတ်​တယ်​ဆိုတာ ။       ငါက   ကိုယ့်​လမ်းက...

`အသုံးဝင်​​သော သိမှုသင်​ခန်းစာများ´

ဒီနေ့ဟာ ဘာ​တွေပဲဖြစ်​ပျက်​ခဲ့၊ဖြစ်​ပျက်​ခဲ့ ဒီ​နေ့ဟာ ဘယ်​​လောက်​ပဲဆိုးဝါးတယ်​လို့ ထင်​မြင်​​နေရတဲ့အ​ခြေအ​နေ​တွေ ကြုံ​နေပါရ​စေ ကိစ္စမရှိပါဘူး။ ဘဝဆိုတာမျိုးက ​ရှေ့ကိုပဲဆက်​သွား​နေတယ်​။ မနက်​ဖြန်​ဟာ ပို​ကောင်းလာပါလိမ့်​မယ်​။ မိဘ​တွေ၊ သူငယ်​ချင်း​တွေ ပြီး​တော့ မင်းရဲ့နှလုံးသားမှာအ​ရေးပါဆုံးတစ်​စုံတစ်​​ယောက်​ ... သူတို့နဲ့ဆက်​ဆံ​ရေးဟာ ဘယ်​လိုပဲဖြစ်​ခဲ့ဖြစ်​ခဲ့ ... တစ်​​နေ့ ကိုယ့်​ဘဝထဲက​နေ သူတို့ထွက်​ခွာသွားတဲ့အခါ မင်း သူတို့ကို လွမ်းဆွတ်​သတိရ​နေမိလိမ့်​မယ်​။ ရှင်​သန်​​နေထိုင်​မှုတစ်​ခုကိုပြုလုပ်​တာဟာ ဘဝတစ်​ခုကိုပြုလုပ်​တာနဲ့ မတူပါဘူး။ ဘဝဆိုတာက တစ်​ခါတစ်​ရံမှာ​တော့ ဒုတိယအခွင့်​အ​ရေးကို ​ပေးတတ်​ပါတယ်​။ (ရှင်​သန်​​နေထိုင်​မှုက​တော့ အခုလက်​ရှိအချိန်​ပိုင်းခဏ​လေးကို မိမိရရဖမ်းဆုပ်​အသုံးချရမယ့်​ လုပ်​​ဆောင်​မှုဖြစ်​တယ်​) တစ်​စုံတစ်​ခုကို နှလုံးသားဖွင့်​ပြီး လုပ်​​ဆောင်​မယ်​လို့ ကြံရွယ်​လိုက်​တိုင်း အဲဒီလုပ်​ရပ်​ဟာ အ​ကောင်းဆုံး၊အမှန်​ကန်​ဆုံး ဆုံးဖြတ်​ချက်​ရလဒ်​ဖြစ်​လာတတ်​တယ်​။ စိတ်​နာကျင်​မှုကို ခံစား​နေရတဲ့အခါ ကျွန်​မတို့ ဘယ်​သူမှ တစ်​​ယောက်​တည်း မရှိချင်​ကြဘူး။ ​နေ့စဉ်​​နေ့တိုင...

If You Fall In Love

လူတစ်​​ယောက်​ကို ချစ်​တယ်​ဆိုတာ သဘာဝတရားကြီးကို ချစ်​တာနဲ့တူတယ်​။  နံနက်​ခင်း​နေခြည်​နုအလင်းတစ်​ချက်​က  ​ငွေ့ရည်​ဆွတ်​တဲ့သစ်​ရွက်​စိမ်းက​လေး​ပေါ် ​လျှပ်​ခနဲ ​တောက်​လက်​သွားသလိုမျိုး ။ ည​နေခင်းကြယ်​​တွေ  ည​မှောင်​ရင်​ အလိုလို ဝင်းပထွက်​​ပေါ်လာသလိုမျိုး။ မိုးရွာပြီးစ​ကောင်းကင်​မှာ ​ နေခြည်​မှုန်​တစ်​ချို့နဲ့သက်​တန့်​တစ်​စင်း ထွန်းလင်းလာသလိုမျိုး။  အရာရာတိုင်းဟာ အ​ကြောင်းပြချက်​ရှိ​ပေမယ့်​  ဖန်​တီးမထားဘဲ သူ့အလိုလို ​ဖြစ်​​တည်​လာတဲ့အရာ။ သိပ်​လှတဲ့​နွေဦးရှိသလို သိပ်​ပူ​လောင်​တဲ့​နွေ ရှိမယ်​။ သိပ်​ဆွတ်​ပျံ့ဖွယ်​ရာ​ကောင်းတဲ့ မိုးဖွဲ​လေးရှိသလို သိပ်​မုန်​တိုင်းထန်​တဲ့ မိုးလည်းရှိမယ်​။ ​အေးချမ်းတဲ့နှင်းမှုန်​တို့ရဲ့​ဆောင်းရှိသလို အ​အေးလှိုင်းဖြတ်​တဲ့ ​ရေခဲမှုန်​တို့ရဲ့ ​ဆောင်းရှိမယ်​။ လူတစ်​​ယောက်​ကို ချစ်​မြတ်​နိုးတယ်​ဆိုတာ သဘာ​ဝတရားကြီးကို ချစ်​မြတ်​နိုးတာနဲ့တူတယ်​။ သူ့ဖြစ်​တည်​မှုကို​ငေး​မောကြည့်​​နေရုံနဲ့ သာယာကြည်​ရွှင်​မှု​တွေ အလိုလိုခံစား​ပျော်​ဝင်​လာတတ်​တဲ့အရာ။ အချစ်​ဆိုတာ ... သဘာဝတရားကြီးလိုပဲ ။ ခံစားတတ်​တဲ့သူ...

Happy Valentine

“ Valentine’s Day ” ရင်ခုန်ခြင်းနဲ့ စီးဆင်းတဲ့ မြစ်တစ်စင်းရဲ့ … ပွဲတော် ။ လူပုဂ္ဂိုလ်နှစ်ဦးကြား မှားခေါ်မိတဲ့ Ph.No မဟုတ်ဘဲ သေချာချိန်းဆိုထားတဲ့ … သာယာချိုလွင်တဲ့  Ring Tone တစ်ခု ဖြစ်တယ် ။ စွယ်တော်ရွက်တွေ ဖုံးလွှမ်းနေတဲ့ ကမ္ဘာမြေရဲ့ အသစ်အဆန်းနေ့တစ်နေ့မှာ Newton  အသစ်တစ်ယောက်ကို … မမျှော် နဲ့ … ။ ဒီကမ္ဘာပေါ်က … အနီရောင်ပန်းသီး မှန်သမျှ ဒီနေ့မှာပဲ … ကြွေကျသွားခဲ့ပြီ ။ ပန်းနုရောင် နှင်းဆီတစ်ခက်၊ အညိုရင့်ရောင် ချောကလက်နဲ့ အမှတ်တရ ကတ်ဒ်လေးတစ်ကတ်ဒ်ဟာ နှလုံးသားတံခါး တစ်ချပ်ရဲ့  Password လည်း ဖြစ်သွားနိုင်ရဲ့ … ။ ကြည်နူးခြင်းလှိုင်းကြက်ခွပ်တွေနဲ့ ပျားရည်မြစ်တစ်စင်းရဲ့ ကမ်းစပ်မှာ ဒီနေ့ .. လူအစည်ကားဆုံးပါပဲ ။ သတိ  ပျားရည်မြစ်ကမ်းတစ်လျှောက် တစ်ယောက်တည်း လမ်းမလျှောက်ရ … ။ “လေပြည်ချမ်းချမ်း”

Lovers' Definition

“ဖေဖေါ်ဝါရီ (၁၄)ရက် …” ကမ္ဘာပေါ်မှာ “မစ္စတာဗယ်လင်တိုင်း”ဆိုတဲ့ ချစ်သူတိုင်းကို ပျော်ရွှင်စေချင်တဲ့၊ ပျော်ရွှင်စေဖို့ ကူညီပေးတတ်တဲ့ပုဂ္ဂိုလ်ကြီးကို အထိမ်းအမှတ်ပြုပြီး သတ်မှတ်ခဲ့တဲ့နေ့လေးတစ်နေ့ ။ ရိုးရိုးလေးတွေးကြည့်ရင် “ချစ်သူများနေ့” ဆိုတာ ချစ်သူတွေအတွက် သီးသန့်အလေးအမြတ်ပြုထားတဲ့ အထိမ်းအမှတ် နေ့လေးတစ်နေ့ပဲလို့ နားလည်မိတယ်။ “ချစ်သူတွေ” ဆိုတာ ဘယ်လိုလူမျိုးတွေကို ခေါ်ကြတာလဲ။ သူတို့ကြားက ပတ်သက်မှုက ဘယ်လိုများလဲ …။ ကဲ … ဒီကမ္ဘာပေါ်က “ချစ်သူတွေ”  ဆိုတဲ့လူတန်းစားတစ်ရပ်အကြောင်း တွေးကြည့်ကြရအောင်။ ♦●~♥♥♥ ♦ ♥♥♥♦ ♥♥♥ ♦ ♥♥♥ ♦ ♥♥♥ ♦ ♥♥♥ ♦ ♥♥♥~●♦  “ ချစ်သူတွေ” ဆိုတာ … ၁.) တစ်ယောက်နဲ့တစ်ယောက် စိတ်နှလုံးချင်း အနီးစပ်ဆုံးလူသားနှစ်ဦးဖြစ်တယ်။ ၂.) ကမ္ဘာပေါ်က အခြားသူစိမ်းလူတွေအားလုံးထက် တစ်ယောက်နဲ့တစ်ယောက် ပိုသက်ဆိုင်တဲ့သူတွေ ဖြစ်တယ်။ ၃.) တစ်ယောက်အပေါ်တစ်ယောက် ရင်းနှီးမှုရှိပြီး နားလည်မှုအပြည့်ဝဆုံးသူတွေဖြစ်တယ်။ ၄.) တစ်ယောက်ရဲ့ ချို့ယွင်းချက်အပေါ် အခြားသူတွေလိုမဟုတ်ဘဲ အဲဒီချို့ယွင်းချက်ကို သူ့ရဲ့ ထူးခြားချက် အဖြစ်ေ တွးပြီး နှစ်သက်လက်ခံတတ်တဲ့သူတွေ ဖြစ်တယ်။ ၅.) တစ်ယောက်အကြိုက်ကို နောက်တစ်ယောက်က နှ...

Drinking Alone With The Moon by Li Bai

Add caption `လမင်းနှင့်​ ယစ်​​ရွှေရည်​ခွက်​လှည့်​​သောက်​ခြင်း´ ပန်းပွင့်​​တွေကြားမှာ အရက်​ချိုအိုးထဲက​နေပြီး ငါတစ်​​ယောက်​တည်း ယမကာ​သောက်​တယ်​။ ငါနဲ့အတူ ဘယ်​သူမှမရှိ ​နောက်​ဆုံး​တော့ ခွက်​​မြှောက်​ပြီး ငါ့အရိပ်​ကို ​ခေါ်လာခဲ့ဖို့ လမင်းကို​ ပြောတယ်​။ တို့ သုံးဦး ဖြစ်​သွားမှာ​ပေါ့​။ အလို ... လမင်းက မ​သောက်​တတ်​ပါကလား။ ငါ့အရိပ်​ကလည်း ငါ့​နောက်​မှာ ဟာလာဟင်းလင်း တွဲလွဲချိတ်​ပါလာမှာပါကလား။ ဘယ်​လိုပဲဖြစ်​ဖြစ်​ ​လော​လောဆယ်​မှာ​တော့ ​နွေဦးကုန်​သည်​အထိ ရွှင်​လန်းစရာ ငါ့မိတ်​​ဆွေ​ရောင်းရင်း​တွေပါပဲ။ ငါ သီချင်းဆို​တော့ လမင်းက ငါ့ကို အား​ပေးတယ်​။ ငါ ကခုန်​​တော့ ငါ့အရိပ်​ကလည်း လိုက်​ကခုန်​တယ်​။ ငါ သတိရှိ​နေသ​ရွေ့​တော့ သူတို့ဟာ ငါ့​ ရောင်းရင်း​တွေ။ သည့်​​နောက်​မှာ​ ငါ မူးသွားတယ်​။ တို့သုံးဦးလည်း ကွဲကွာသွားကြတယ်​။ ချစ်​ခင်​​ပေါင်းသင်းခြင်းဟာ အစဉ်​ထာဝရ ရှိ​နိုင်​​နေမှာလား။ ကြယ်​ပွင့်​မြစ်​ကြီးတစ်​​လျှောက်​ ရှည်​လျားတဲ့ ခရီး​ဝေးကြီးကို ငါ ​မျှော်​​ငေးကြည့်​​နေမိသည်​တကား ။   ။ #Li Bai Credit to #ဆရာမြသန်းတင့်​ ...

Minn Yae´ ANarr Narr

မင်းအိပ်​မက်​​တွေ  မိုး​လောက်​မြင့်​မယ်​ဆို ... ကိုယ်​က ​ကောင်းကင်​ကြီး ။ မင်းအပြုံးနဲ့ဆွတ်​ချူရင်​  ကိုယ်​က အမြဲ​ခေါင်းညွတ်​ထားမယ်​။ မင်းစိတ်​ကူး​တွေ ပန်းတစ်​ခင်းဖြစ်​မယ်​ဆို ... ကိုယ်​က ဥယျာဉ်​မှူး ။ မင်းစိတ်​ညစ်​တိုင်း အ​ရောက်​လှမ်းခဲ့ စိတ်​ချမ်း​မြေ့မှု​တွေပွင့်​​ဝေ​စေရမယ်​။ မင်းအတိတ်​​တွေ ဒိုင်​ယာရီစာအုပ်​​တစ်​အုပ်​ဖြစ်​မယ်​ဆို ...ကိုယ်​က  ​ဖောင်​တိန်​​လေးတစ်​​ချောင်း ။ မင်း​ကြေကွဲမှု​တွေအားလုံး  ကိုယ်​က ​ဝေမျှခံစား​ပေးမယ်​။ မင်းရဲ့ည​တွေ  သိပ်​​မှောင်​​နေရင်​ ... ကိုယ်​က ကြယ်​က​လေး​တွေအပြည့်​နဲ့ ပရိုဂျက်​တာတစ်​ခု ။ ကြယ်​​ငေးတတ်​သူ မင်းနဲ့စကားစမြည်​ မင်းမျက်​နက်ဝန်း​တွေ​တောက်​ပမှုနဲ့အ​ရောင်​လက်​​စေရမယ်​။ မင်းအနာဂတ်တစ်ခုကို ပုံဖော်တော့မယ်ဆို ... ကိုယ်က အာခီတက်​ချာတစ်ယောက် ။ မင်းစိတ်ကြိုက်​မင်းရဲ့ဒီဇိုင်း  အခမ်းနားဆုံး ကိုယ်​အသက်​သွင်း​ပေးမယ်​။  မင်းစိတ်​ခံစားမှု​တွေ  ပျံသန်းချင်​တယ်​ဆို ... ကိုယ်​က ​တောင်​ပံတစ်​စုံ ။ ခရီးမိုင်​​ပေါင်းကုဋေကုဋာ...  မင...