Skip to main content

Lovers' Definition



“ဖေဖေါ်ဝါရီ (၁၄)ရက် …”
ကမ္ဘာပေါ်မှာ “မစ္စတာဗယ်လင်တိုင်း”ဆိုတဲ့ ချစ်သူတိုင်းကို ပျော်ရွှင်စေချင်တဲ့၊ ပျော်ရွှင်စေဖို့ ကူညီပေးတတ်တဲ့ပုဂ္ဂိုလ်ကြီးကို အထိမ်းအမှတ်ပြုပြီး သတ်မှတ်ခဲ့တဲ့နေ့လေးတစ်နေ့ ။
ရိုးရိုးလေးတွေးကြည့်ရင် “ချစ်သူများနေ့” ဆိုတာ ချစ်သူတွေအတွက် သီးသန့်အလေးအမြတ်ပြုထားတဲ့ အထိမ်းအမှတ် နေ့လေးတစ်နေ့ပဲလို့ နားလည်မိတယ်။
“ချစ်သူတွေ” ဆိုတာ ဘယ်လိုလူမျိုးတွေကို ခေါ်ကြတာလဲ။
သူတို့ကြားက ပတ်သက်မှုက ဘယ်လိုများလဲ …။
ကဲ … ဒီကမ္ဘာပေါ်က “ချစ်သူတွေ”  ဆိုတဲ့လူတန်းစားတစ်ရပ်အကြောင်း တွေးကြည့်ကြရအောင်။

♦●~♥♥♥ ♦ ♥♥♥♦ ♥♥♥ ♦ ♥♥♥ ♦ ♥♥♥ ♦ ♥♥♥ ♦ ♥♥♥~●♦

 “ ချစ်သူတွေ” ဆိုတာ …
၁.) တစ်ယောက်နဲ့တစ်ယောက် စိတ်နှလုံးချင်း အနီးစပ်ဆုံးလူသားနှစ်ဦးဖြစ်တယ်။
၂.) ကမ္ဘာပေါ်က အခြားသူစိမ်းလူတွေအားလုံးထက် တစ်ယောက်နဲ့တစ်ယောက် ပိုသက်ဆိုင်တဲ့သူတွေ ဖြစ်တယ်။
၃.) တစ်ယောက်အပေါ်တစ်ယောက် ရင်းနှီးမှုရှိပြီး နားလည်မှုအပြည့်ဝဆုံးသူတွေဖြစ်တယ်။
၎.) တစ်ယောက်ရဲ့ ချို့ယွင်းချက်အပေါ် အခြားသူတွေလိုမဟုတ်ဘဲ အဲဒီချို့ယွင်းချက်ကို သူ့ရဲ့ ထူးခြားချက် အဖြစ်ေ တွးပြီး နှစ်သက်လက်ခံတတ်တဲ့သူတွေ ဖြစ်တယ်။
၅.) တစ်ယောက်အကြိုက်ကို နောက်တစ်ယောက်က နှစ်လိုတဲ့စိတ်နဲ့ လိုက်ပါမြတ်နိုးတတ်သူတွေ ဖြစ်တယ်။
၆.) တစ်ယောက်ရဲ့အကျိုးကို တစ်ယောက်ကအမြဲတမ်းလိုလားတတ်ပြီး သူ့ကိစ္စတွေကို လိုက်လံစိုးရိမ်ပူပန်ပေးတတ်သူတွေ ဖြစ်တယ်။
၇.) နေ့ရက်တွေတိုင်း တစ်ယောက်စိတ်ထဲ တစ်ယောက် လိုက်ပါရှင်သန်နေပြီး ဘာလုပ်လုပ် အချိန်တိုင်း တစ်ယောက်အကြောင်းတစ်ယောက်တွေးရင်း ရွှင်ပြတဲ့စိတ်နဲ့ အမြဲတစိမ့်စိမ့်ကြည်နူုးနေတတ်တဲ့သူတွေ ဖြစ်တယ်။
၈.) တစ်ယောက်အကြိုက်တစ်ယောက် မျှတွေးပေးတတ်ပြီး အကြိုက်ချင်းမတူတဲ့ကိစ္စတွေမှာတောင် တစ်ယောက်အကြိုက်ကိုတစ်ယောက် အလိုလိုသည်းခံစိတ်နဲ့ ဝေမျှလက်ခံယူပေးတတ်သူတွေဖြစ်တယ်။
၉.) တစ်ယောက်ဘ၀မှာ အခက်အခဲတွေကြုံလာတဲ့အခါ ကိုယ့်ရှေ့ကနေ ရှောင်ပုန်းပျောက်ကွယ်သွားဖို့ ခွင့်မပြုဘဲ … သူ့နံဘေးမှာ လက်ချင်းထွေးဆုပ်လို့ ရဲရဲရင်ဆိုင်ဖို့ အသင့်ရှိနေတဲ့သူတွေ ဖြစ်တယ်။
၁၀.) ဘယ်သူဘာပြောပြော ဘေးအထင်အမြင်စကားတွေထက် တစ်ယောက်ကိုတစ်ယောက် ပိုသိနားလည်ပြီး ပိုယုံကြည်တဲ့သူတွေဖြစ်တယ် ။
၁၁.) ဘ၀မှာ ရည်မှန်းချက်တွေမတူတောင် အချင်းချင်းအားပေးကူညီတတ်ပြီး တစ်ယောက်အပေါ်တစ်ယောက် ခွန်အားတွေ ဖြည့်ပေးတတ်သူတွေဖြစ်တယ်။
၁၂.) ပျော်ရွှင်စရာတွေ ကြုံလာလာ၊ ၀မ်းနည်းစရာတွေ ကြုံလာလာ ဘ၀ဟာ နှစ်ယောက်သားအတူတူရှိမှ ပိုပြည့်စုံတယ်လို့ ခံယူထားကြတဲ့သူတွေဖြစ်တယ်။
၁၃.) ရှေ့ဆက်ပြီးလျှောက်ရမယ့် ဘ၀ခရီးလမ်းမှာ ဘာတွေပဲကြုံလာလာ ဘယ်တော့မှတွဲပြီးသားလက်တွေ ကွဲကွာပြတ်တောက်သွားဖို့မရှိဘဲ တစ်သက်စာ ချစ်ခင်မြတ်နိုးမှုခိုင်ကျည်လေးနက်တဲ့သူတွေဖြစ်တယ်။
၁၄.) နှစ်ယောက်သား မျက်လုံးချင်းဆုံရုံနဲ့ စိတ်ချမ်းမြေ့ဖွယ်ကောင်းတဲ့၊ အဓိပ္ပါယ်ပြည့်ဝတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်နိုင်တဲ့သူတွေဖြစ်တယ်။
၁၅.) တကယ်ဆိုတော့ “ချစ်သူတွေ” ဆိုတာ အသည်းနှလုံးတစ်ခုတည်းနဲ့ အသက်ရှင်တဲ့ ဒီကမ္ဘာလောကကြီးပေါ်က အပျော်ရွှင်ဆုံးလူသားနှစ်ဦးဖြစ်တယ် … ။

သူငယ်ချင်းများအားလုံး “ချစ်သူ” တွေ ရှာတွေ့ကြပါစေ။ သဘောထားတူညီတဲ့ အချက်ကလေးတွေကို ကျေးဇူးပြုပြီး ကွန်မန့်ရေးပေးခဲ့ပါ။ နောက်ထပ်စဉ်းစားမိတဲ့ဖြည့်စွက်ချက်လေးတွေ ရှိရင်လည်း ကွန်မန့်ဘောက်စ်မှာ အားလုံးဖတ်ရအောင် လူတိုင်းရေးသားနိုင်ပါတယ်။
ပျော်ရွှင်စရာ 2014 ရဲ့ ဖေဖေါ်ဝါရီ (14) ချစ်သူများနေ့လေး ဖြစ်ပါစေရှင် … ။   ။

“လေပြည်ချမ်းချမ်း”


Comments

Popular posts from this blog

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

`လက်​​ဆောင်​´

ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´