Skip to main content
If You Fall In Love
လူတစ်​​ယောက်​ကို ချစ်​တယ်​ဆိုတာ
သဘာဝတရားကြီးကို ချစ်​တာနဲ့တူတယ်​။ 
နံနက်​ခင်း​နေခြည်​နုအလင်းတစ်​ချက်​က 
ငွေ့ရည်​ဆွတ်​တဲ့သစ်​ရွက်​စိမ်းက​လေး​ပေါ် ​လျှပ်​ခနဲ ​တောက်​လက်​သွားသလိုမျိုး ။
ည​နေခင်းကြယ်​​တွေ 
ည​မှောင်​ရင်​ အလိုလို ဝင်းပထွက်​​ပေါ်လာသလိုမျိုး။
မိုးရွာပြီးစ​ကောင်းကင်​မှာ 
နေခြည်​မှုန်​တစ်​ချို့နဲ့သက်​တန့်​တစ်​စင်း ထွန်းလင်းလာသလိုမျိုး။ 
ဖန်​တီးမထားဘဲ သူ့အလိုလို ​ဖြစ်​​တည်​လာတဲ့အရာ။
သိပ်​လှတဲ့​နွေဦးရှိသလို သိပ်​ပူ​လောင်​တဲ့​နွေ ရှိမယ်​။
သိပ်​ဆွတ်​ပျံ့ဖွယ်​ရာ​ကောင်းတဲ့ မိုးဖွဲ​လေးရှိသလို
သိပ်​မုန်​တိုင်းထန်​တဲ့ မိုးလည်းရှိမယ်​။
အေးချမ်းတဲ့နှင်းမှုန်​တို့ရဲ့​ဆောင်းရှိသလို
အ​အေးလှိုင်းဖြတ်​တဲ့ ​ရေခဲမှုန်​တို့ရဲ့ ​ဆောင်းရှိမယ်​။
လူတစ်​​ယောက်​ကို ချစ်​မြတ်​နိုးတယ်​ဆိုတာ
သဘာ​ဝတရားကြီးကို ချစ်​မြတ်​နိုးတာနဲ့တူတယ်​။
သူ့ဖြစ်​တည်​မှုကို​ငေး​မောကြည့်​​နေရုံနဲ့ သာယာကြည်​ရွှင်​မှု​တွေ အလိုလိုခံစား​ပျော်​ဝင်​လာတတ်​တဲ့အရာ။
အချစ်​ဆိုတာ ... သဘာဝတရားကြီးလိုပဲ ။ ခံစားတတ်​တဲ့သူအတွက် 
ဘယ်​​တော့မှရပ်​တန့်​မသွားတဲ့ စိတ်​ရဲ့​လိုက်​ပါရွေ့လျားမှုတစ်​ခု ။ 
`လေပြည်​ချမ်းချမ်း´
Feb 14 2016 00:30am Sun.
Comments
Popular posts from this blog
`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )
လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´
ရနံ့ကုထုံး
`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...
*" မေမေ "*
*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”