ဒီနေ့ဟာ ဘာတွေပဲဖြစ်ပျက်ခဲ့၊ဖြစ်ပျက်ခဲ့
ဒီနေ့ဟာ ဘယ်လောက်ပဲဆိုးဝါးတယ်လို့ ထင်မြင်နေရတဲ့အခြေအနေတွေ ကြုံနေပါရစေ ကိစ္စမရှိပါဘူး။ ဘဝဆိုတာမျိုးက ရှေ့ကိုပဲဆက်သွားနေတယ်။ မနက်ဖြန်ဟာ ပိုကောင်းလာပါလိမ့်မယ်။
မိဘတွေ၊ သူငယ်ချင်းတွေ ပြီးတော့ မင်းရဲ့နှလုံးသားမှာအရေးပါဆုံးတစ်စုံတစ်ယောက် ... သူတို့နဲ့ဆက်ဆံရေးဟာ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ... တစ်နေ့ ကိုယ့်ဘဝထဲကနေ သူတို့ထွက်ခွာသွားတဲ့အခါ မင်း သူတို့ကို လွမ်းဆွတ်သတိရနေမိလိမ့်မယ်။
ရှင်သန်နေထိုင်မှုတစ်ခုကိုပြုလုပ်တာဟာ ဘဝတစ်ခုကိုပြုလုပ်တာနဲ့ မတူပါဘူး။ ဘဝဆိုတာက တစ်ခါတစ်ရံမှာတော့ ဒုတိယအခွင့်အရေးကို ပေးတတ်ပါတယ်။ (ရှင်သန်နေထိုင်မှုကတော့ အခုလက်ရှိအချိန်ပိုင်းခဏလေးကို မိမိရရဖမ်းဆုပ်အသုံးချရမယ့် လုပ်ဆောင်မှုဖြစ်တယ်)
တစ်စုံတစ်ခုကို နှလုံးသားဖွင့်ပြီး လုပ်ဆောင်မယ်လို့ ကြံရွယ်လိုက်တိုင်း အဲဒီလုပ်ရပ်ဟာ အကောင်းဆုံး၊အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ရလဒ်ဖြစ်လာတတ်တယ်။
စိတ်နာကျင်မှုကို ခံစားနေရတဲ့အခါ ကျွန်မတို့ ဘယ်သူမှ တစ်ယောက်တည်း မရှိချင်ကြဘူး။ နေ့စဉ်နေ့တိုင်း ကျွန်မတို့ တစ်စုံတစ်ယောက်ဆီကိုရောက်အောင်သွားပြီး သူတို့နဲ့ အတူတူရှိနေပေးပါ။ လူတွေဟာ နွေးထွေးတဲ့ပွေ့ဖက်မှုတွေကို နှစ်သက်ကြပြီး တစ်စုံတစ်ယောက် ကိုယ့်နောက်ကျောဖက်ကနေ ရုတ်တရက် `ဟေး´ ဆိုပြီး ရင်းရင်းနှီးနှီးပခုံးပုတ်နှုတ်ဆက်လာမှုမှာ ပျော်မြူးရွှင်ပျလာတတ်ကြပါတယ်။
လူတွေဟာ သင်ဘာတွေပြောခဲ့တယ်ဆိုတာကို မေ့ချင်မေ့သွားမယ်၊ သင်ဘာတွေလုပ်ခဲ့တယ်ဆိုတာကို မေ့ချင်မေ့သွားမယ်။ ဒါပေမယ့် သင့်ကြောင့် သူတို့ဘယ်လိုခံစားခဲ့ရသလဲဆိုတာကိုတော့ ဘယ်တော့မှ မမေ့တတ်ကြဘူး။ လူတွေဟာ တစ်စုံတစ်ယောက်ကို ကိုယ့်နံဘေးနားမှာ အမြဲရှိစေချင်ကြတယ်။ သင်က နှစ်သိမ့်ဖြေဆေးပေးနိုင်သည် ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ တစ်စုံတစ်ယောက် အနားမှာရှိနေတယ်၊ ကိုယ့်ကိုတဖေးတမနဲ့ ဂရုတစိုက်ရှိနေတယ်ဆိုတာကတင် အများကြီး နှစ်သိမ့်မှုရစေပါတယ်။
တစ်ခါတစ်ရံ ကျွန်မတို့ ကိုယ့်ကိုကိုယ် စိတ်ပျက်ကြတယ်။ စိတ်မှာ ဆုံးရှုံးမှုတွေ ခံစားရတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်လို့ ဟန်ဆောင်ထားကြတယ်။ ဒီအရာတွေ ကျွန်မတို့ကြုံတွေ့လာရတာကို စဉ်းစားမိတဲ့အခါ မျှော်လင့်ချက်ကင်းမဲ့လာကြတယ်။ အရှုံးပေးချင်စိတ်တွေ ဖြစ်လာသည်အထိ၊ ဒါပေမယ့် အတွင်းစိတ်နှလုံးသားက အမြဲတမ်းအမှတ်ရအောင်သတိပေးနေတယ် ။ ကျွန်မတို့ဟာ သန်မာကြံ့ခိုင်တယ်လို့။ ဒီလိုနဲ့ ကျွန်မတို့ မတ်တပ်ပြန်ထရပ်နိုင်ကြတယ်။ သင်သည် သင်ပဲဖြစ်ပါစေ။ အကောင်းဘက်ကနေတွေးတောတတ်ပါစေ။ ဘယ်တော့မှ အရှုံးမပေးနဲ့။ အမြဲတမ်းသန်မာနေပါစေ။ ဘယ်တော့မှ မမေ့အပ်တဲ့စကားလုံးသုံးလုံးကတော့ `ယုံကြည်မှု´ရှိဖို့ဆိုတာပါပဲ။
အရိုးသားဆုံးပြောရရင်တော့ သိပ်ကိုစိတ်ပျက်လက်ပျက်ဖြစ်တဲ့အခါတိုင်း ကျွန်မတို့ ကိုယ့်ကိုကိုယ် ပိတ်လှောင်ပစ်လိုက်တယ်။ အရာရာတိုင်းအတွက် အရင်းခံအကြောင်းရင်း မတွေ့မိဘဲ ဘယ်သူမှ ကိုယ့်ကို ဂရုမစိုက်ဘူးလို့ တွေးတယ်။ တစ်ယောက်မဟုတ်တစ်ယောက်တော့ ကိုယ့်ဘက်ကရှိနေတတ်ပေမယ့် သူတို့လုပ်ရပ်က ကိုယ့်အတွက်အများကြီးလုပ်ပေးတာနဲ့ တူတယ်ဆိုတာကို ဘယ်တော့မှ မမြင်ဘူး။ စိတ်က တွေးနိုင်သလောက် အနုတ်သဘောဆန်တဲ့အတွေးဆိုးတွေပဲ တွေးမိနေပြီး အဲဒီလိုနာကျင်ခံစားမှုထဲ ကိုယ့်ကိုကိုယ်နှစ်ထားကြတယ်။ ဘာကြောင့်အဲဒီလောက်နာကျင်ခံစားမှုကို စွဲစွဲလမ်းလမ်းခံစားနေရတယ်ဆိုတာ သေချာမသိပေမယ့် သေချာတာကတော့ နာကျင်တယ်လို့ ခံစားရတာကြောင့်ပါပဲ ။
အခါများစွာ လိုလိုအပ်အပ်နဲ့ဝမ်းနည်းပြီး စိတ်ထဲမှာ ဗလာဟင်းလင်းပြင်လို ကူကယ်ရာမဲ့ လစ်ဟာနေပြန်တယ်။ ဒါပေမယ့် ကျွန်မတို့ကိုယ်တိုင် ကျွန်မတို့စိတ်ထဲမှာ ကျွန်မတို့အသည်းထဲမှာ သိနေတယ်။ ဒါဟာ ဘုရားသခင်ဖန်ဆင်းပေးထားတဲ့ စိန်ခေါ်မှုတစ်ခုပဲဆိုတာကိုပေါ့။ သူက သင့်ကို စိန်ခေါ်တယ်။ ပြီးတော့ သူက သင် တတ်နိုင်တယ်ဆိုတာကိုလည်း သိနေတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က `သော့ခလောက်´တစ်ခုကို သင့်ဆီပို့ဆောင်တဲ့အခါ အမြဲထာဝရ `သော့´တစ်ခုကိုပါ ထည့်ပေးလိုက်လို့ပါပဲ။ ဘုရားသခင်က အမြဲတမ်း အဖြေပါတဲ့ မေးခွန်းကိုသာပေးတယ်။ သင်က သူ့အပေါ် ယုံကြည်ချက်ထားဖို့ပဲလိုပါတယ်။ လူတွေအပေါ်လည်း ဒီလိုပါပဲ။ ဒါဆို သင် လုပ်သမျှအရာအားလုံးမှာ အားလုံးဟာသင့်ကို စိတ်ထက်သန်မှု ပေးပါလိမ့်မယ်။
အဆိုအမိန့်လေးတစ်ခုရှိရဲ့ ။
"Don't become the Prisoner of your Past, be the Architect of your Present."
`အတိတ်ရဲ့ အကျဉ်းသား အဖြစ်မခံပါနဲ့။ ပစ္စုပ္ပန်ကို တည်ဆောက်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ပဲဖြစ်ပါစေ´တဲ့။
အတိတ်က ဘယ်လောက်ပဲ ခက်ခဲပါစေ။ အခု အစကနေပြန်စနိုင်ပါတယ်။ အဲဒါ ဘယ်လောက်ပဲခက်ခက် သင် တတ်နိုင်တယ်လို့ ယုံကြည်ရင် ကျွန်မသိပါတယ်။ အဲဒါက တကယ့်ကို ဖြစ်လာမှာပါပဲ။ ။
`လေပြည်ချမ်းချမ်း´
#I_Have_Learned by #Marc_Reister_Altares
Source: _http://www.sunnyskyz.com/feel-good-story/2162/I-Have-Learned
Comments
Post a Comment