Skip to main content
Minn Yae´ ANarr Narr
မင်းအိပ်​မက်​​တွေ 
မိုး​လောက်​မြင့်​မယ်​ဆို ... ကိုယ်​က
ကောင်းကင်​ကြီး ။
ကိုယ်​က အမြဲ​ခေါင်းညွတ်​ထားမယ်​။
မင်းစိတ်​ကူး​တွေ
ပန်းတစ်​ခင်းဖြစ်​မယ်​ဆို ... ကိုယ်​က
ဥယျာဉ်​မှူး ။
မင်းစိတ်​ညစ်​တိုင်း အ​ရောက်​လှမ်းခဲ့
စိတ်​ချမ်း​မြေ့မှု​တွေပွင့်​​ဝေ​စေရမယ်​။
မင်းအတိတ်​​တွေ
ဒိုင်​ယာရီစာအုပ်​​တစ်​အုပ်​ဖြစ်​မယ်​ဆို ...ကိုယ်​က 
ဖောင်​တိန်​​လေးတစ်​​ချောင်း ။
မင်း​ကြေကွဲမှု​တွေအားလုံး 
ကိုယ်​က ​ဝေမျှခံစား​ပေးမယ်​။
မင်းရဲ့ည​တွေ 
သိပ်​​မှောင်​​နေရင်​ ... ကိုယ်​က
ကြယ်​က​လေး​တွေအပြည့်​နဲ့ ပရိုဂျက်​တာတစ်​ခု ။
ကြယ်​​ငေးတတ်​သူ မင်းနဲ့စကားစမြည်
မင်းမျက်​နက်ဝန်း​တွေ​တောက်​ပမှုနဲ့အ​ရောင်​လက်​​စေရမယ်​။
မင်းအနာဂတ်တစ်ခုကို
ပုံဖော်တော့မယ်ဆို ... ကိုယ်က
အာခီတက်​ချာတစ်ယောက် ။
မင်းစိတ်ကြိုက်​မင်းရဲ့ဒီဇိုင်း 
အခမ်းနားဆုံး ကိုယ်​အသက်​သွင်း​ပေးမယ်​။ 
မင်းစိတ်​ခံစားမှု​တွေ 
ပျံသန်းချင်​တယ်​ဆို ... ကိုယ်​က
တောင်​ပံတစ်​စုံ ။
ခရီးမိုင်​​ပေါင်းကုဋေကုဋာ... 
မင်းရဲ့နံဘေးမှာ အမြဲအတူတူရှိ​မယ်။
မင်းရဲ့အနာဂတ်​ ... မင်းရဲ့ဝင်​သက်​ထွက်​သက်​တိုင်း 
ကိုယ်​က ... ဘာသာပြန်​ဆိုခဲ့သူ ။
မင်းအတွက်​ဆို ... အချိန်​တိုင်းမှာ 
ကိုယ်​ကအမြဲ ​ဂျေ.အို.​ခေ.အီး.အာရ်​ ... ။    ။
`​ လေပြည်​ချမ်းချမ်း ´
Comments
Popular posts from this blog
" မျက်နှာဖုံး "
" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]
ရနံ့ကုထုံး
`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...
`လက်​​ဆောင်​´
ကမ္ဘာ​ပေါ်မှာရှိတဲ့ ​ပျော်​ရွှင်​ခြင်း​တွေ၊ စိတ်​ချမ်း​မြေ့မှု​တွေ၊​ မေတ္တာတရား​တွေနဲ့ အဲဒါ​တွေကို ထာဝရတည်​မြဲ​စေမယ့်​ `သစ္စာတရား´၊ ဒါ​တွေကို ဖဲကြိုးလှလှ​လေးနဲ့ ထုပ်​ပိုးချည်​​နှောင်​ပြီး​ပေးခဲ့တယ်​ ... သူ ... လက်​ခံယူနိုင်​​လေမည်​လား မသိ ။ `​လေပြည်​ချမ်းချမ်း´