ညနေရီဟာ . . . တစ်စုံတစ်ခုကို သယ်ဆောင်လာတယ် ညနေရီဟာ . . . တစ်စုံတစ်ခုကို သယ်ပြီး . . . ပြန်သွားတယ် နုညက်ပျောင်းပျော့သွယ်နွဲ့ခိုင်မာတဲ့ သမုဒယတစ်စုံရယ် ... စိတ်ကူးတွေနဲ့အလှဆုံးဆေးဆိုးထားတဲ့ အိပ်မက်တစ်စုံရယ် ... ဖြားယောင်းတတ်တဲ့တောင်ပံခတ်သံနဲ့ ခြေသံတစ်စုံရယ် ... အတ္တတွေနင်းချေပြီးရင်ကိုထွင်း ထွန်ယက်စိုက်ပျိုးတဲ့ နဖားကြိုးတပ်စိတ်တစ်စုံရယ် ... ငါ့ကိုယ်ငါထက်ငါ့ဆန္ဒတွေရဲ့အရှင်သခင်တစ်ပါးကို ရှိသမျှဝပ်ဆင်းကိုးကွယ်ခဲ့ပြီးပြီပဲ ... မီးလျှံလိုလောင်ကျွမ်းပြာကျပြီးမှတော့ ကြယ်ကြွေကလေး ပြန်တောက်ပလာပါဦးမလားကွယ် မေ့လိုက်ပါ သမုဒ္ဒရာရဲ့ရင်ခွင်ကျယ်မှာ ငါပျော်ရွှင်စွာ ကူးခတ်ဦးမှာပါ မင်းမမြင်နိုင်တော့တာတစ်ခုပဲ အားလုံးကိုမေ့ထားပြီး အံ့သြစရာကောင်းလောက်အောင် ငါ . . . ပျော်နေပါတယ် မလှပတဲ့အမှတ်တရတွေထားခဲ့ နေ့ရက်တွေအတွေးတွေ သိပ်လေးမယ် ညနေရီဟာ . . . တစ်စုံတစ်ခုကို သယ်ဆောင်လာတယ် ညနေရီဟာ . . . တစ်စုံတစ်ခုကို သယ်ပြီး . . . ပြန်သွားတယ် ။ ...
" Let's Write ... Let's Read " လေပြည်ချမ်းချမ်း ကဗျာများ နှင့် ရသ ထောင့်ချိုး