Skip to main content

`အချိန်​မီ´ [2015 International Mother's Day ]




ကျွန်​​တော်​တို့လက်​ထပ်​ပြီး (၂၁)နှစ်​အကြာမှာ ကျွန်​​တော့်​အမျိုးသမီးဟာ ကျွန်​​တော့်​ကို တစ်​စုံတစ်​ခု ​ပြောလာပါတယ်​။ သူက ​ပြောတယ်​ ။

`ကျွန်​မ ရှင့်​ကိုချစ်​ပါတယ်​။ ဒါ​ပေမယ့်​ တခြားမိန်းမတစ်​​ယောက်​ကလည်း ရှင့်​ကိုချစ်​တယ်​ ဆိုတာ ကျွန်​မသိတယ်​။ သူလည်း ရှင်​နဲ့အတူတူ အချိန်​တစ်​ချို့ကို ကုန်​ဆုံးချင်​မှာပဲ​လေ။ အဲဒီ​တော့ ကျွန်​မရှင့်​ကို သူနဲ့ အတူတူ တစ်​ခါ​လောက်​ ညစာစားပြီး ရုပ်​ရှင်​​လေးဘာ​လေး ကြည့်​​စေချင်​တယ်​။´

ကျွန်​​တော့်​အမျိုးသမီးရဲ့ မျက်​ဝန်း​တွေကို ကြည့်​ရင်း ...
ကျွန်​​တော်​ နားလည်​သွားတယ်​ ။

သူဟာ ကျွန်​​တော့်​ကို အမျိုးသမီးတစ်​​ယောက်​နဲ့ သွား​တွေ့​စေချင်​တယ်​။ သူနဲ့ သူ့က​လေး​တွေအ​ပေါ်မှာ အချိန်​​ပေးသလို အဲဒီအမျိုးသမီးနဲ့ အချိန်​တစ်​ချို့ ကုန်​ဆုံး​စေချင်​တယ်​။ အဲဒီ အမျိုးသမီးဟာ ဘယ်​သူဖြစ်​မလဲ။

ကျွန်​​တော်​ ​ပြေးကြည့်​စရာ​တောင်​ မလိုပါဘူး။

ကျွန်​​တော့်​အမျိုးသမီး ရည်​ညွှန်းတဲ့ အမျိုးသမီးဟာ ကျွန်​​တော့်​ကို သိပ်​ချစ်​တဲ့ ကျွန်​​တော့်​ရဲ့ `အ​မေ´ ပါပဲ။

ကျွန်​​တော့်​ရဲ့များပြားလှတဲ့ အလုပ်​တာဝန်​ဝတ္တရား​တွေ​ကြောင့်​ ကျွန်​​တော်​ရဲ့က​လေးသုံး​ယောက်​ဟာ ရံဖန်​ရံခါ​မှပဲ သူတို့အဘွားနဲ့ ​တွေ့ခွင့်​ရကြတယ်​။

အ​မေ့ဆီကို ဖုန်းဆက်​ပြီး တစ်​ခါ​လောက်​ ညစာအတူစား၊ ရုပ်​ရှင်​ကြည့်​ဖို့ ​ပြောတဲ့ညမှာ ...

အ​မေက ထူးဆန်းတကြီးနဲ့

` ငါ့သား ဘယ်​လိုလဲ ။ အစစအရာရာ အဆင်​​ပြေရဲ့လား´
လို့ တန်း​မေးတယ်​။

အ​မေတို့က အဲဒီလိုပါပဲ။ ညဘက်​အချိန်​မ​တော်​ကြီး မြည်​လာတတ်​တဲ့ ဖုန်း​ခေါ်ဆိုမှု​တွေရယ်​ .... ရုတ်​တရက်​ဖိတ်​ကြားခံရမှု​တွေရယ်​ကို .. မ​ကောင်းသတင်း​တွေရဲ့ လက္ခဏာလို့ ယူဆသတ်​မှတ်​ကြတဲ့ ​ရှေးရိုးစွဲကြီး​တွေ​ပေါ့။  တကယ်​​တော့ သူတို့ဟာ ကိုယ်​ချစ်​ခင်​မြတ်​နိုးတဲ့ပုဂ္ဂိုလ်​​တွေ​ပေါ်မှာ စိတ်​ပပူပန်​တတ်​လွန်းတဲ့သူ​တွေသာ ဖြစ်​တယ်​။

` အဆင်​​ပြေပါတယ်​ အ​မေ။ ဘာမှ အထူးတခြား မဟုတ်​ပါဘူး။ ကျွန်​​တော်​ အ​မေနဲ့ မ​တွေ့ဖြစ်​တာ ကြာပြီမဟုတ်​လား။ ​အေး​အေး​ဆေး​ဆေး စကား​လေးဘာ​လေး​ပြောရင်း အ​မေနဲ့ ​တွေ့ချင်​တာ သက်​သက်​ပါ။´

`တို့ သားအမိ နှစ်​​ယောက်​တည်းပဲလား ´

` ဟုတ်​တာ​ပေါ့ အ​မေ´

အ​မေဟာ စဉ်းစားသလို ငြိမ်​သက်​သွားပြီး ... ခဏအကြာမှာ​တော့

`​အေး .. အ​မေ သိပ်​ကို သ​ဘောကျတဲ့ အစီအစဉ်​​လေးပဲ သား​ရေ´ ... တဲ့။

သောကြာ​နေ့ ည​နေခင်း အလုပ်​ဆင်းတဲ့အခါ ကျွန်​​တော်​ဟာ အ​မေ့ကို ညစာစားဖို့ ကားနဲ့သွား​ခေါ်ပါတယ်​။ အ​မေ့အိမ်​ကို ​ရောက်​တဲ့အခါ အ​မေဟာ ဆံပင်​ကို ​သေချာ ပြင်​ဆင်​ထားပြီး အိမ်​တံခါးဝမှာ ကုတ်​အင်္ကျီကို ဝတ်​ရင်း အသင့်​​စောင့်​ဆိုင်း​နေပါတယ်​။ ကုတ်​အင်္ကျီ​အောက်​မှာ​တော့ သူ့ရဲ့လွန်​ခဲ့တဲ့ မင်္ဂလာနှစ်​ပတ်​လည်​​နေ့က ဝတ်​ဆင်​ခဲ့တဲ့ လှလှပပဝတ်​စုံကို သပ်​သပ်​ရပ်​ရပ်​ ခန့်​ခန့်​ညားညား ဆင်​မြန်းထားလို့။

နတ်​သမီးတစ်​ပါးလို ​ရောင်​စဉ်​ဖြာလင်းတဲ့မျက်​နှာနဲ့ အ​မေဟာ သိပ်​ကို ပြုံး​နေပါတယ်​။ အ​မေဟာ ကားထဲ ဝင်​ထိုင်​ရင်း ...

`အ​မေ့ မိတ်​​ဆွေ​တွေကို ဒီည ငါ့သားနဲ့ ညစာအတူစား ရုပ်​ရှင်​ကြည့်​ဖို့လုပ်​ထားတယ်​လို့ ​ပြော​တော့ သူတို့ သိပ်​ကို အားကျ​နေကြတယ်​သား​ရေ။ တို့သားအမိရဲ့ ​တွေ့ဆုံပွဲအ​ကြောင်း ပြန်​ကြားရဖို့ သူတို့ မ​စောင့်​နိုင်​ကြ​တော့ဘူး။ ´

အ​မေနဲ့ ကျွန်​​တော်​ အတူတူ ရယ်​​မောလိုက်​ကြတယ်​။

အဲဒီညက ကျွန်​​တော်​တို့ဟာ ​အလွန်​တရာ​ဈေးမကြီး​ပေမယ့်​ ​ကောင်းမွန်​ပြီး သက်​​တောင့်​သက်​သာ​အေးချမ်းတဲ့ စား​သောက်​ဆိုင်​က​လေးကို သွားဖြစ်​ကြတယ်​။ အ​မေက​ပြုံးပြီး ကျွန်​​တော်​လက်​ကို ဆုပ်​ကိုင်​တွဲထား​တယ်​။

ထိုင်​ခုံ​စားပွဲမှာ ​နေရာတကျထိုင်​ပြီးတဲ့အခါ မီနူးကို ဖတ်​ကြည့်​မိတယ်​။ ဟင်းအမျိုးအမည်​​တွေ အစုံအလင်​နဲ့ ရှည်​လျားလှတဲ့ မီနူးစာရွက်​ကြီး​ပေါ့။ တစ်​ဝက်​​လောက်​ဖတ်​အပြီးမှာ မျက်​လုံးလှန်​ပြီး အ​မေ့ကို ကြည့်​မိတဲ့အခါ ကျွန်​​တော့်​ကိုထိုင်​ပြီး ​ငေးကြည့်​​နေတဲ့ အ​မေ့ကို ​တွေ့ရတယ်​။

အ​မေ့နှုတ်​ခမ်း​ပေါ်မှာ မြင်​ခဲ့ဖူးတဲ့ အပြုံးတစ်​ခုနဲ့။

` မင်း ငယ်​ငယ်​​လေးတုန်းကအဲဒီမီနူးကို ဖတ်​ရတဲ့သူက အ​မေ​ပေါ့ကွယ်​ ´

`အင်း အခု​တော့ အ​မေအနားရသွားပြီ ၊ ကျွန်​​တော့်​အလှည့်​​ပေါ့ အ​မေ´

ညစာစား​ချိန်​မှာ အ​မေနဲ့အတူ ဘာမှထူးထူးခြားခြားမဟုတ်​​ပေမယ့်​ သာသာယာယာနဲ့ ​ရှေး​ဟောင်း​နှောင်းဖြစ်​ အဖြစ်​အပျက်​​လေး​တွေ၊ ​နောက်​ ... သိပ်​မကြာခင်​က  ဖြစ်​ပျက်​ခဲ့တဲ့ ကိစ္စ​လေး​တွေအ​ကြောင်း ကိုယ်​စီကိုယ်​စီ​ပြောဆိုရင်း အားရပါးရ စား​သောက်​ဖြစ်​ကြတယ်​။

ဒီလိုနဲ့ စကား​ပြော​ကောင်းလိုက်​တာ ကျွန်​​တော်​တို့ ရုပ်​ရှင်တောင်​ လွဲသွားသည်​အထိပဲ။

အ​မေ့ကို ပြန်​လိုက်​ပို့ပြီး အိမ်​တံခါးဝ​ရောက်​တဲ့အခါ...
အ​မေက ​ပြောတယ်​။

`​နောက်​တစ်​ခါ သားနဲ့အတူတူ ဒီလိုပဲ သွားချင်​ပါ​သေးတယ်​။ မင်းက အ​မေဖိတ်​တာကို လက်​ခံမယ်​ဆိုရင်​​ပေါ့ကွယ်​။´

ကျွန်​​တော်​ အ​မေ့ကို ​ခေါင်းညိတ်​ပြလိုက်​ပါတယ်​။ အိမ်​ကို ပြန်​​ရောက်​တဲ့အခါ ...

ကျွန်​​တော့်​ အမျိုးသမီးက ​မေးတယ်​။

`ရှင်​နဲ့ က​လေးတို့အဘွား ညစာဒိတ်​ ဘယ်​လိုလဲ...´

`သိပ်​​ကောင်းတယ်​​ဟေ့။ ငါ ​မျှော်​လင့်​ထားတာထက်​​တောင်​ ပိုပြီး​ပျော်​ရွှင်​ချမ်း​မြေ့ရတဲ့ အချိန်​က​လေးပါပဲကွာ။


နောက်​ ရက်​အနည်းငယ်​ကြာတဲ့အခါ ...
မ​မျှော်​လင့်​စွာပဲ အ​မေဟာ နှလုံး​ရောဂါနဲ့ ကွယ်​လွန်​သွားပါတယ်​။

ဒီ အဖြစ်​အပျက်​ဟာ ရုတ်​တရက်​ မြန်​ဆန်​လွန်းတာမို့ ကျွန်​​တော်​ အ​မေ့အတွက်​ ဘာဆိုဘာမှ လုပ်​​ပေးဖို့ အချိန်​မရလိုက်​ပါဘူး။

နေ့​ပေါင်းများစွာကြာပြီး တစ်​​နေ့မှာ​တော့

အ​မေနဲ့ ကျွန်​​တော်​ ညစာအတူစားခဲ့တဲ့ဆိုင်​က​နေ ​ပြေစာမိတ္တူတစ်​ခုထည့်​ထားတဲ့ စာအိတ်​တစ်​ခု​ ​ရောက်​လာခဲ့တယ်​။ လက်​​ရေးတိုမှတ်​စုစာရွက်​​တစ်​ရွက်​လည်း ချိတ်​လို့။

စာရွက်​ထဲမှာ ဒီလို ​ရေးထားတယ်​။

`သား​ရေ ...
ကျသင့်​​ငွေကို အ​မေ ရှင်းပြီးပြီ။
နောက်​တစ်​ခါ အ​မေ အဲဒီမှာ သားနဲ့အတူတူ စားဖြစ်​ပါ့မလား မ​သေချာဘူး။
အ​မေနှစ်​​ယောက်​စာ ​ငွေရှင်းထားတယ်​ ။
သားရဲ့ဇနီးနဲ့ အတူ သွားစားလိုက်​ပါကွယ်​။
သားနဲ့အတူ ညစာစားခဲ့ရတဲ့အခိုက်​အတန့်​​လေးဟာ အ​မေ့အတွက်​​တော့ ဘယ်​​လောက်​အဓိပ္ပာယ်​ရှိတဲ့အချိန်​လေးလဲဆိုတာ သားသိနိုင်​လိမ့်​မယ်​ မထင်​ဘူး ။
သားကို အ​မေ သိပ်​ချစ်​ပါတယ်​ကွယ်​။
ချစ်​တဲ့
သားရဲ့ အ​မေ´

အ​မေ့ရဲ့စာ ဖတ်​​နေစဉ်​အချိန်​​လေးအတွင်းမှာပဲ `ချစ်​တယ်​´ဆိုတဲ့ စကားတစ်​ခွန်းကို အချိန်​မီ​ပြောခွင့်​ရဖို့ ဘယ်​​လောက်​အ​ရေးကြ်ီးလဲဆိုတာ ကျွန်​​တော်​ နားလည်​သွားပြီ။

ပြီး​တော့ ကျွန်​​တော်​တို့ ချစ်​ခင်​တဲ့ ဘယ်​သူ့ကိုမဆို အချိန်​မီ ထုတ်​​ဖော်​ပြသခွင့်​ရလိုက်​ဖို့ လိုတယ်​ဆိုတာကို​ရော​ပေါ့။

ဘဝမှာ မိသားစု​လောက်​ ဘယ်​အရာမှ ပိုအ​ရေးကြီးတာ မရှိပါဘူး။
သင်​ချစ်​ခင်​တဲ့ ဘယ်​သူ့ကိုမဆို သင့်​ချစ်​ခြင်း​မေတ္တာကို ထုတ်​​ဖော်​ပြသဖို့လိုတဲ့အခါ အချိန်​မီ ထုတ်​​ဖော်​ပြသလိုက်​ပါ။ ဘာလို့လဲဆို​တော့ ဒီလိုကိစ္စမျိုးဆိုတာ အချိန်​ဆွဲလို့ ရနိုင်​​ကောင်းတဲ့ ကိစ္စမျိုး မဟုတ်​လို့ပါပဲ။
ဒီ​တော့  ...
သက်​ကြီးရွယ်​အိုမိဘ​တွေ​၊ က​လေး​တွေ၊ အရွယ်​​ရောက်​​နေတဲ့ လူငယ်​​လေး​တွေနဲ့ သက်​ရှိထင်​ရှားမိဘရှိ​နေ​သေးတဲ့ ဘယ်​သူမဆို ဒါ​လေးကို သတိပြုမိ​စေချင်​ပါတယ်​။

အထူးသဖြင့်​ သင်​တကယ်​ ချစ်​မြတ်​နိုးတဲ့သူ အ​ပေါ်မှာ​ရော​ပေါ့ ။

မနက်​ဖြန်​ ​မေလ ဒုတိယပတ်​ တနင်္ဂ​နွေ​နေ့​လေးဟာ `နိုင်​ငံတကာ အ​မေများ​နေ့´​လေးပါ။ ကိုယ့်​ရဲ့တုနှိုင်းမဲ့မေတ္တာရှင်​အမေနဲ့ ကမ္ဘာ​ပေါ်က အ​မေများအားလုံးကို အ​လေးအမြတ်​ပြုလိုက်​ပါရ​စေ။

ဒီ​တစ်​နေ့​လေး​တော့ အ​မေ့အတွက်​ တတ်​နိုင်​သ​လောက်​​အချိန်​ပေးပြီး ကိုယ့်​ရဲ့ ချစ်​ခင်​မြတ်​နိုးမှု​လေး​တွေ ထုတ်​​ဖော်​ပြသလိုက်​ပါ။ သူတို့ဆီက လင်းလက်​လာတဲ့ အပြုံးတစ်​ပွင့်​ဟာ သင့်​အတွက်​အနှိုင်းမဲ့ ချိုမြိန်​​စေပါလိမ့်​မယ်​။

`​လေပြည်​ချမ်းချမ်း´
May5th -2015 -9:55 PM!
[  Source : A Date With A Woman Via http://www.caclubindia.

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”