`မိုးပြေး´
°~•~°
ရွာမလိုလိုနဲ့ အုံ့
အုံ့မလိုလိုနဲ့ ဖွဲ
သည်းမလိုလိုနဲ့ ပြေး
တိမ်တစ်ကွက်စာလေးပဲ
ငါ့ပေါ်ရွာခဲ့တယ်
အပျော်တမ်းလေးပဲလား
ငါ့မှာ
မိုးပြေးလေးတွေဆို
တိမ်ပုလဲမြူခိုးနဲ့
ငွေ့မျက်ဝန်းတွေ
အရည်လဲ့အောင်
ခပ်ဖွဖွငေးကြည့်မိနေတုန်းပဲ
နှစ်တိုင်းအလည်လာတဲ့
အဲဒီတီရှပ်ဖြူနဲ့
ဂျင်းဘောင်းဘီတို့ရဲ့
ရှင်းသန့်စိမ့်မှောင်တဲ့
အစိမ်းရောင်ရာသီမှာ ။ ။
`လေပြည်ချမ်းချမ်း´
June 21 16:59 PM 2015.
Comments
Post a Comment