ကြိုးတစ်ချောင်းပြတ်သွားရင်
ဂီတာတစ်လက်က
သီချင်းတစ်ပုဒ်ဖြစ်မလာဘူး။
ယုံကြည်ချက်တစ်ချောင်းပြတ်သွားရင်
သံယောဇဉ်ကြိုးက
ခိုင်ခံ့စွာရစ်နှောင်ဖို့ မမြဲမြံဘူး။
မင်းကို သီချင်းတစ်ပုဒ်လို
သံယောဇဉ်ကြိုးစုံအောင်တပ်
အကြိမ်ကြိမ်အခါခါတီးခတ်ခဲ့ဖူးလည်း
ငါ့အတွက်မင်းဖြစ်မလာသလို
မင်းအတွက်ငါဖြစ်မလာဘူး ဂီတာ... ။
နှုတ်ဆက်ပါတယ် ...
နောက်ထပ်
နှုတ်ဆက်စကားဆိုစရာမလိုတော့တဲ့ထိ၊
မင်းကို ငါ တီးခတ်ခွင့် ရပ်နားထားခဲ့တယ်။
#လေပြည်ချမ်းချမ်း
Comments
Post a Comment