Skip to main content

`World Teacher's Day Celebration´



`ကမ္ဘာ့ဆရာများနေ့´ဟာ  နှစ်စဉ် အောက်တိုဘာ (၅)ရက်နေ့မှာ ကျရောက်ပါတယ်။ (၁၉၉၄)ခုနှစ်မှာ UNESCO (ယူနက်စကို)အဖွဲ့ကြီးက ပထမဆုံးကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ပညာရေးရည်မှန်းချက်တွေအတွက်ပြောင်းလဲဖို့ လိုအပ်ချက်တွေကို မီးမောင်းထိုးရှာဖွေပြီး တစ်ကမ္ဘာလုံးက ပညာသင်ကြားပေးသူ `ဆရာ´ဆိုတဲ့ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့နေ့တစ်နေ့ပါ။ UNESCO အဖွဲ့အစည်းရဲ့စာရင်းဇယားအရ ကမ္ဘာ့အခြေခံပညာရေးရည်မှန်းချက်ပြည့်မှီဖို့အတွက် အခြေခံပညာသင်ကြားသူ ဆရာ/ဆရာမပေါင်း (၁၂.၆)မီလီယံလောက် နောက်ထပ်ရရှိဖို့ လိုအပ်ပါတယ်တဲ့။ ၂၀၁၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ကတော့`empowering teachers, building sustainable societies´ ပါတဲ့။ 

`ကမ္ဘာ့ဆရာများနေ့´အထိမ်းအမှတ် Quote လေးအချို့ပါ ။ 

1.) "A teacher affects eternity; he can never tell where his influence stops." --Henry Brooks Adams
ကျောင်းဆရာတစ်ဦးသည်  ထာဝရအကျိုးကို ဖြစ်ပေါ်စေ၏။ သူ၏ သြဇာသက်ရောက်မှု ဘယ်နေရာတွင် အဆုံးသတ်မည်ဆိုသည်ကို သူ ဘယ်တော့မှ မပြောနိုင်။ 

2.)  "A good teacher is like a candle - it consumes itself to light the way for others." -- Mustafa Kemal Atatürk
ဆရာကောင်းဆရာမြတ်တစ်ဦးသည် ဖယောင်းတိုင်တစ်တိုင်နှယ်ပင်။ အခြားသူများကိုအလင်းရောင်ပေးရန် မိမိကိုယ်မိမိ လောင်မြိုက်ကုန်ဆုံးစေသည်။

3.) "A teacher takes a hand, opens a mind, and touches a heart." -- Author Unknown
ဆရာဟူသည် လက်ကမ်းပေးသည်။ စိတ်နှလုံးကိုဖွင့်ပေးသည်။ နှလုံးသားကို ထိတွေ့ကိုင်တွယ်ဆက်ဆံတတ်သည်။

4.)  "Teachers, I believe, are the most responsible and important members of society because their professional efforts affect the fate of the earth." -- Helen Caldicott, author and peace activist
ဆရာဆိုသည်မှာ လူ့ဘောင်အတွက် တာဝန်အရှိဆုံးနှင့် အရေးအကြီးဆုံးအဖွဲ့ဝင်များဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စိုက်ထုတ်မှုများသည် ကမ္ဘာကြီး၏ ကံကြမ္မာကို အကျိုးသက်ရောက်စေသောကြောင့်။

5.) "The teacher who is indeed wise does not bid you to enter the house of his wisdom but rather leads you to the threshold of your mind." -- Khalil Gibran
အမှန်တကယ်ပညာရှိသောဆရာသည် သင့်ကိုသူ၏အသိဥာဏ်စံအိမ်အတွင်းသို့ဝင်ရောက်ရန် မဖိတ်ကြားတတ်။ သင်၏ စိတ်တံခါးပေါက်မကြီးရှေ့တည့်တည့်ရောက်အောင်သာ သင့်ကို ဦးဆောင်တတ်၏။

#WorldTeachers'Day 2015, Oct 5.

Comments

Popular posts from this blog

`ကယ်​တင်​ခြင်းနီတိ´(`သံသယအကျဉ်း​ထောင်မှ )

လူ့​လောကထဲမှာ နေထိုင်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါတယ်​ ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မလူ​တွေကို ယုံကြည်​ချင်​ပါ​သေးတယ်​ ။ လူတိုင်းက​တော့ အမြဲတမ်းသူတို့​နောက်​​ကျောမှာ  `ဓား´ဖွက်​မလာ​လောက်​ဘူးမဟုတ်​လား ။ အကယ်​၍​နောက်​​ကျောဓားထိုးခံရရင်​​တောင်​ ကျွန်​မရဲ့ဖြူစင်​တဲ့အရိုးခံယုံကြည်​မှုဟာ သူတို့ဓားသွား​ပေါ်ကအဆိပ်​​တွေကို  ချိုမြိန်​တဲ့ပျားရည်​အဖြစ် (​နောက်​ဆုံးတစ်​​နေ့မှာ) ​ပြောင်းလဲပစ်​နိုင်​မယ်​လို့ယုံကြည်​ပါတယ်​ ။ ကျွန်မ ပျားရည်ကိုကြိုက်​ပါတယ်။ သူတို့က အခါ​ပေါင်းများစွာ ​ဆေးဖက်​ဝင်​တယ်​​လေ ။   ။ `​လေပြည်​ချမ်းချမ်း´

ရနံ့ကုထုံး

`ရနံ့ကုထုံး´ နို့ဆီများ​သောကော်​ဖီ​ရောင်​ည​နေခင်းသည်​ ခပ်​​နောက်​​နောက်​ဝါကျင်​​နေသည်​။ တဖြူးဖြူးလွင့်​ခတ်​လာ​သော​လေပြည်​ညင်း​ကြောင့်​သာ ​အေးမြမှုနှင့်​အနည်းငယ်​ကြည်​စင်​လာ၏။ ​သေချာ​ပေါက်​ တိမ်​အုပ်​ဆိုင်း​သောည​နေခင်း​နောက်​မှ ​ချောင်းကြည့်​​နေ​သောဆည်းဆာ​နေသည်​ မိုး​ကောင်းကင်​ကို လဲ့လဲ့​လေးဖြာ၍ နံ့သာ​ရောင်​ခပ်​မှုန်​မှုန်​ဝင်း​နေ​စေသည်​။ မိုး​နေ့၏အလယ်​​ခေါင်​တည့်​တည့်​မှာ ကမ္ဘာ​မြေနှင့်​အတူ ည​နေရီ​ထောင့်​ချိုးတစ်​ခုကို ချိုးဝင်​ခဲ့သည့်​မျဉ်း​ဖြောင့်​တစ်​​ကြောင်းသည်​ ကျွန်​မဖြစ်​သည်​။ `အို ​လေညင်း ... ​ဆွေးဖျမှု​တွေ ငါ့ဆီသယ်​​ဆောင်​မလာနဲ့ကွယ်​။ ငါက ခုမှ ​ပျော်​ကာစ ည​နေထဲ​ခြေချရုံရှိ​သေးတယ်​။´ ဘာကို လွမ်းမှန်းမသိ။ ဘာကို တမ်းတမိလို့​ အာရုံ​တွေ ဆွေးဖျမှုန်​ရီသည်​မသိ။ ခံစားသိဖြင့်​ သူမစိတ်​​တွေအုံ့မှိုင်း သွား၏ ။  အသိစိတ်​က ကြည်​စင်​ပြာလွင်​​နေပါလျက်​ ည​နေခင်းကိုယ်​တိုင်​ ​ဆွေး​မြေ့​နေကာ အ​ဆွေးစီး​ကြောင်းတစ်​ခု သယ်​​ဆောင်​လျက်​ ကျွန်​မကိုဖြတ်​တိုက်​သွား​လေသည်​။ သို့​သော်​ ကျွန်​မကြာမကြာ သတိရမိ​သော ငယ်​ဘဝကဲ့သို့ ​ဆွေး​မြေ့ဖွယ်​လှပသည့်​အတိတ်​ကို ပြန်​လှည့်ြ...

*" မေမေ "*

*" မေမေ "* ၂၃ ၁/၂ ` တိမ်းစောင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးမှာ ... တည်မြဲတဲ့ ပြောင်းလဲခြင်းတရား .. ဘယ်တော့မှ မတိမ်းစောင်းဘူး ... ဆိုပေမယ့်လည်း ........... ဘ၀ဇာတ်ကြောင်း ... မှာ ကျေကျေနပ်နပ် ဇာတ်ပို့ပြီး "ဇာတ်ဆောင်"ရတဲ့ အကယ်ဒမီဆုအတွက် ၀မ်းသာပြုံးနဲ့ ...ပီတိမျက်ရည် ဖုံးတတ်တဲ့သူ ... ။ ရာဇ၀င်အဆက်ဆက် ..မှာ ပန်းပျိုးတဲ့ လက်ဖ၀ါး အစုံ ၊ စူးနစ်အနက်ရှိုင်းဆုံး ပေးဆပ်မှုတစ်ဖုံ နဲ့ .. မြေလွှာထဲမှာ အမြဲမှောင်နေရတဲ့ .. ရေသောက်မြစ် ..တစ်ခုပါ ၊ ပြီးတော့ ... ဆည်တဲ့ ကန်သင်းလည်း ဖြစ်ပြန်တယ် ။ ကြယ်ကလေးတွေရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ .. ပုခက်လွှဲတဲ့လက်အစုံဟာ .. ကမ္ဘာကို အုပ်စိုးဖို့ .. ကြီးမြတ်တယ် .. ဆိုတာ ဘယ်သူ ပြောင်းလဲပစ်နိုင်ဦးမလဲ ။ ။ 20 December 201   “ လေပြည်ချမ်းချမ်း ”