Skip to main content

Posts

Showing posts from 2016

Years

[ သက္ကရာဇ်များ ] ဟိုင်းဝေးလမ်းမတစ်ခုရယ်  ကျောပိုးအိတ်တစ်လုံးရယ် ကော်ဖီတစ်ခွက်ရယ်  မှတ်တိုင်တစ်ခုပြီးတစ်ခုရယ် ။ နှင်းမှုန်ဆောင်းရဲ့ဒီဇင်ဘာကပွဲမှာ နှုတ်ဆက်ညရဲ့ ဂီတကိုတီးခတ်သူဟာ သက္ကရာဇ်အသစ်တစ်ခုသာ                            ... လို့  သတိထားမိလာတဲ့အခါ ။ ဖိနပ်သစ်ကြီး  စီးဖို့ ပြင်ထားပါတော့ ပျော်ရွှင်စွာပဲပေါ့  တို့... ရှေ့ခရီးဆက်ကြမယ် ။   ။ #လေပြည်ချမ်းချမ်း 9:13 PM/ Dec 29th/ 2016/ Thurs.

The Livings

  နေထိုင်ခြင်းများ ဘယ်သူကိုယ့်ကို ... မြင်သလဲ ဘယ်သူ ကိုယ့်ကို မြင်သလဲ ... ဘယ်သူ ... ကိုယ့်ကို ...မြင်သလဲ ... ကြယ်တစ်ပွင့်က မေးတယ်။ ................................. ................................. ................................. ................................. ဒီလိုနဲ့ စကြဝဠာထဲ  ကြွေကြွေကျသွား ...  ခပ်ဖျော့ဖျော့ ပြည့်ပြည့်ဝဝ Ordinary ဘဝတွေရဲ့အကြောင်း။  #လေပြည်ချမ်းချမ်း  7:53 PM Dec 24th 2016 Sat

Just take it easy

[နေပျော်ခြင်း -၂] ☕☕☕☕☕ ဆောင်းက အေးတယ် ကော်ဖီက နွေးတယ် ငါ ... ကုတ်အင်္ကျီထဲမှာပဲ ဝင်နေလိုက်မယ် ။  နှလုံးသားမျက်နှာကျက်မှာ ကြယ်တွေရှိရင်  ကိုယ့်ကိုကိုယ်တွေ့ရှိတဲ့  ငါ့ရဲ့ညတွေ ... မမှောင်ပါဘူးကွယ် ။ ။ #လေပြည်ချမ်းချမ်း 10:18PM/ Dec 17th/ 2016/ Sat.

Sone Hmat Myar

ဆုံမှတ်များ ​ဟောဒီမှာ မျဉ်းတစ်​​ကြောင်း ဒါ လမ်း တဲ့။ ဟောဒီမှာ မျဉ်းတစ်​​ကြောင်း ဒါက ဆုံမှတ်​ ။ ကန့်​သတ်​ချက်​နယ်​လွန်​ဟိုင်းဝေးလမ်းမ​တွေမှာ ခလုတ်တိုက်လဲတာလည်း အခါခါ။ အစိမ်းရောင်သစ်ပင်လေး အသက်ရှုနေတဲ့ မနက်ခင်းမှာ ခရမ်းရောင်ပန်းတွေ မပွင့်ဝေပါနဲ့ဦးလား အက်ကွဲနေတဲ့ ဆည်းဆာမှာ  ညက ပန်ထားတဲ့ ကြယ်တစ်ပွင့်သာ မျှော်လင့်စရာရှိတယ် နာရီတွေကြည့်ပြီး အသက်ရှင်နေတဲ့ Ordinary ပန်းတစ်ပွင့်ပါ သူ ... စေ့စေ့ပြုံးနေတယ် ရင်ဘတ်တစ်ခုလုံး ပိတ်ဖုံးပြီးတော့ ။   ။  #လေပြည်ချမ်းချမ်း 6:42 PM/ Nov 25th/ 2016 / Fri.

Love Yourself!

[About Happiness] 🎈🎈🎈🎈🎈🎈🎈🎈 [• ပျော်ရွှင်ခြင်းအကြောင်း •] * ပျော်ရွှင်မှုကို သူများဆီကနေ ရှာရတာ တန်ဖိုးကြီးတယ်။ * ကိုယ့်ဆီကကိုယ် ရှာတွေ့ရင်တော့ တန်ဖိုးမဖြတ်နိုင်ဘူး။ * ဘာလို့လဲဆိုတော့ လူတွေက ကိုယ့်ကိုကိုယ်ချစ်ရခြင်းမှာ မအားလပ်ကြလို့ပါ။ ~ #လေပြည်ချမ်းချမ်း 8:54 PM/ Nov 29th/ 2016/ Tues.

Let nature be your teacher

ကဗျာဆရာကြီး `William Wordsworth´ က ဆိုပါတယ် ။ `Let nature be your teacher´ တဲ့ ။ အကယ်၍ သင့်မှာ ဖြေရှင်းမရတဲ့ ပုစ္ဆာတွေနဲ့ မေခွန်းတွေ၊ ပြဿနာတွေအတွက် အဖြေရှာမရဘူးဆိုရင် သဘာဝတရားကြီးဆီသာ ထွက်သွားလိုက်ပါ ။ အဖြေရှာတွေ့ပါလိမ့်မယ်တဲ့။ ... မယုံရင် ထွက်ရှာကြည့်လိုက်ကြစို့။ ။ ☺ ☺ ☺ 🌲 🌳 🌴 🌵 🍀 ⛅ ❄

Nov 23

[ နိုဝင်​ဘာ ၂၃ ...] နိုဝင်​ဘာဟာ  အညို​ရောင်​စိမ်း​သောတစ်​စုံတစ်​ရာ ... ​ဆွေးမြည့်​စူးစိုက်​​နေတဲ့ ဆူး​ခြောက်​​တွေရယ်​ မျက်​ရည်​​တွေရဲ့​ရေတံခွန်မြစ်​တစ်​စင်းရယ်​ ခပ်​စိမ့်​စိမ့်​​အေးစက်​​သောနက်​​မှောင်​​မှောင်​မျက်​ဝန်းတစ်​စုံရယ်​ တစ်​ချိန်​လုံးမျက်​နှာလွှဲထားပြီး  အပြီးအပိုင်​ထွက်​ခွာသွားရ​တော့မယ်​ဆိုမှ အ​သေအလဲဆွဲဆုပ်​ထားမိတဲ့ သံ​ယောဇဉ်​လက်​အ​သေ​တွေရယ်​ ဘယ်​​တော့မှ အဖြေပြန်​မရ​တော့မယ့်​​ မေးခွန်း​တွေရယ်​ ​နောက်​ကျမှသိတဲ့အမှားအတွက်​  ကိုယ်​တိုင်​ပြစ်​ဒဏ်​ဖန်​တီး​နေရတဲ့အဖြစ်​ ... ခွင့်​လွှတ်​တတ်​သူဆီက ဘယ်​​တော့မှ လွတ်​ငြိမ်းချမ်းသာခွင့်​မ​တောင်းခဲ့ပါဘူး အပြုံးတစ်​စုံကိုမှန်းဆရင်း နိုဝင်​ဘာကို ရင်​ဘတ်​ထဲထုပ်​ပိုး အို .... သူရွာချတဲ့မိုး​တွေ သည်းလွန်းလှချည့်​  ဒီနိုဝင်​ဘာဟာ ဒီရင်​ရိပ်​မှာ တစ်​နှစ်​ပတ်​လုံးမိုးရာသီ တခါတ​လေစိမ်းလန်းတယ်​ တခါတ​လေ စိမ်းကားတယ်​ တခါတ​လေ အုံ့မှိုင်းတယ်​ တခါတ​လေ သက်​တန့်​ထွန်းတယ်​ တခါတ​လေအပြုံးနဲ့​ထွေး​ပွေ့လို့ တခါတ​လေ ညို​မှောင်​ဆင်​လို့ နှုတ်​ဆက်​စကား​တောင်​ ​ဆိုခွင့်​မရခဲ့ပါဘူး အနမ်းတစ်​ပွင့်​နဲ့တိ...

Courage

Your Life :Your Shoes

`အိပ်မက်ဆိုတဲ့ ဖိနပ်တစ်ရံရှိရင်  ကမ္ဘာပတ်လို့ ရပြီ။ ဘာကိုတွေဝေနေမှာလဲ ...  အဲဒီဖိနပ်ကြီးထဲ ဘဝကိုထည့် ပြီးတော့...  ဆက်လျှောက် ... ... ...´ <3 #လေပြည်ချမ်းချမ်း 🎋[About Our Dreams]🎋 •••••••••••••••••••••••••••••••• “Go confidently in the direction of your dreams.  Live the life you’ve always imagined.”  #Henry_David_Thoreau အိပ်မက်တွေရဲ့ စေညွှန်ရာအတိုင်း  ယုံကြည်ချက်ရှိရှိ ခရီးနှင်ပါ ။ သင်အမြဲစိတ်ကူးခဲ့တဲ့အတိုင်း ဘ၀ကို နေထိုင်ပါ ။ #လေပြည်ချမ်းချမ်း www.laypyaychanchan.blogspot.com

How to build your self confidence

[ မိမိကိုယ်မိမိ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြမလဲ ] 🌈🌈🌈🍀🍀🍀🌵🌵🌵🌵🌵🍀🍀🍀🌈🌈🌈 “ကိုယ့်ကိုကိုယ်ယုံကြည်မှု”ဆိုတာ  “ကိုယ့်ကိုယ်ပိုင်ဖြစ်တည်မှု”ကို “နှစ်သက်မြတ်နိုးစွာ လက်ခံခြင်း”ဖြစ်ပါတယ်။  လူတွေကို သဘာဝတရားနဲ့ဘုရားသခင်က လှလှပပဖန်တီးပေးထားပြီးသားပါ။ ဒါကို လူတွေက သဘောမပေါက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတစ်ပါးရဲ့လွှမ်းမိုးမှုကို ခံနေရတာကြောင့်ဖြစ်တယ်။ ထို့ကြောင့် သင်သည် သင်ပဲဖြစ်ပါစေ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါစေ။ လူတွေဟာ ချီးကျူးစကားပြောခံရတာကို နှစ်သက်တဲ့အတွက် ကိုယ့်ကိုကိုယ် သူများနှစ်သက်ကျေနပ်အောင် ကိုယ့်ကိုကိုယ်ချီးကျူးခံရအောင် ပြောင်းလဲဖို့ကြိုးစားလိုက်ကြတယ်။ တကယ်တော့ ဒါဟာ မှားပါတယ်။ ဒါက “နိမ့်ကျတဲ့စိတ်”တစ်ခုသာ ဖြစ်တယ်။ “မိမိကိုယ်မိမိယုံကြည်မှု”တည်ဆောက်ဖို့ဆိုရင် အဲဒီနိမ့်ကျတဲ့စိတ်ကို ဖျောက်ပစ်ရပါမယ်။ ပြီးတော့ သင့်ဘ၀နဲ့ပတ်သက်စပ်ဆိုင်တဲ့ လူတွေအားလုံးနဲ့အရာအားလုံးအပေါ် လက်ခံအသိအမှတ်ပြုရပါမယ်။ “ငြင်းပယ်ခြင်း”ဟာ နိမ့်ကျတဲ့စိတ်အတွက် အခြေခံကျတဲ့ အကြောင်းတရားတစ်ခုဖြစ်ပါတယ်။  ငြင်းပယ်ဖို့ မကြောက်ရွံ့ပါနဲ့။ ကိုယ့်မူအတိုင်းပဲ ရှေ့ကိုဆက်လက်ရွေ့လျားပါ။ ဘြာေ...

November

❄[ November ]❄  🍃🍒🍁🍂🍁🍒🍃 နိုဝင်ဘာရဲ့ ပြာလွင်​ခြင်းဟာ ​ဆောင်းရနံ့ကို ​ခေါ်​ဆောင်​လာတယ်​ အငိုသန်​ခဲ့တဲ့ ​ကောင်းကင်​​ပေါ် ဟိုတစ်​ကွက်​ ဒီတစ်​ကွက်​  တိမ်​မှုန်​​တွေ ပြန့်​ကျဲ​နေတုန်း...။ မိုးစက်​​တွေအငိုတိတ်​တဲ့အခါ သူ တိတ်​တိတ်​က​လေး ပြုံးလာပြီ ​မြောက်​​လေညင်းနဲ့ အတူတူ ... ။   ။  #လေပြည်ချမ်းချမ်း

Depend On Yourself

Ref: ဂျူး -လရဲ့​အောက်​ဘက်​မိုင်​အ​ဝေးမှာ

Chit Chin Char Eain Mat Hman Nayan Myar

တိမ်တွေခြေရင်းမှာ  အိပ်မက်ကြိုးတွေ ချည်ထားတယ်။ မြေပြင်မှာ လူငယ်လေးတစ်ယောက် ဖိနပ်ကြိုးတွေ ချည် … လို့ ။ အတိတ်စိမ်းစိမ်းမှာ ရင်ဘတ်ပေါ်ဖြတ်လျှောက်သွားတဲ့ခြေရာတွေ ကတ္တရာလမ်းမတစ်ခုလို သူ ပျော်ပျော်နင်းဖြတ်သွားတယ် . . . ။ ခခယယ ကမ်းလင့်နေတဲ့လက်ထက်  ကျောခိုင်းထားတဲ့ရင်ဘတ်ကို လွမ်းနေတတ်တာမျိုး အလွယ်​ဖတ်လို့ရတဲ့ကဗျာကို သီချင်းတစ်ပုဒ်လောက် အလေးအနက် မခံစားတတ်တာမျိုး ။ တစ်ယောက်ကိုတစ်ယောက် မမှိတ်မသုန်ငေးပြီး တစ်လှမ်းချင်းတစ်လှမ်းချင်း နောက်ပြန်ဆုတ်ကြတာပေါ့ တရွေ့ရွေ့ဝေး တမြေ့မြေ့ဆွေး ကာရံတွေက လှည့်စားတတ်တယ်လို့  ကိုယ့်ကိုကိုယ် ယုံကြည်လာတဲ့ထိ အိပ်မက်တွေကို အဖော်ပြုမယ် ။ ကိုယ်ကြိုက်သလို အိပ်မက်တွေကို အိပ်မပျော်ခင် စီစဉ်ညွှန်ကြားလို့ရမှာလား … ‘အိပ်မက်’ ဆိုတာ ‘အချစ်​’လိုပဲ တံခါးတွေ ဓါးတွေ မကြောက်တတ်ဘူး ကြားတယ် ။ အညွှန်းတပ်မထားတဲ့ အိပ်မက်တွေနဲ့ ခက်ခက်ခဲခဲ အမှောင်တွေစားသုံးပြီး မနက်ခင်းတစ်ခု လေပြည်ထဲမှာ အသစ်ချိတ်ဆွဲတဲ့အခါ ...။                                 ...

Don't Limit

The Key To Success And Happiness

Years' Wine

[နှစ်​ချို့ဝိုင်​] 🍷🍷🍷 `အချစ်´ဆိုတာ  `အပြုံးလေးတစ်ပွင့်´လား ...။ ငေးမောနေဆဲကြွေကျမှုများ အရိုးသားဆုံး ရင်​ဘတ်​ထဲ လှိုင်းခတ်​လွင့်ဝေပါကွယ်။ အဆွတ်​ပျံ့ဆုံးအခိုက်အတန့်တွေ အခု ချနင်းထားတဲ့ သက္ကရာဇ်ပေါ်မှာ ရှိတယ်။ တစိမ့်​စိမ့်​ အမွှေးပျံ့ဆုံး  တရှိုက်​မက်​မက်​ အချိုမြဆုံး  တန်​ဖိုး အကြီးဆုံး ဝိုင်​တစ်​ခွက်​  ဒီ ရင်​ဘတ်​ရပ်​ဝန်းက​နေ ငါတူး​ဖော်​မလို့ ...။ အနာဂတ်​ဆီ အခက်​ခဲ​တွေဖြတ်​  အချစ်​​ရေ​ ... မင်း လိုက်​မှာလားကွယ့်​ ။     ။       #​လေပြည်​ချမ်းချမ်း 1:33 PM/Oct 9th/ 2016 /Sat.

The Autumn Leaves Tale

🍃"သစ်​ရွက်​​တွေရဲ့​ဆောင်းဒိုင်​ယာ​လော့ဂ်​"🍃 🍃🍁🍁🍁🍂🍂🍂🍂🍂🍁🍁🍁🍃 [၁] ကမ္ဘာ​လောကကြီးက သစ်​ပင်​ကြီးတစ်​ပင်​ ...ဆိုရင်​ ကိုယ်​ဟာ အစိမ်း​ရောင်​သစ်​ရွက်​​လေးတစ်​ရွက်​ ။ ကိုယ်​တကယ်​ရင့်​ကျက်​ပြီလား ။ ​လေတိုက်​တိုင်းလည်း လွင့်​​မျောရမှာ​ကြောက်​တယ်​ ။ မိုးရွာတိုင်းလည်း စွတ်​စိုမှာ​ကြောက်​တယ်​ ။ စွတ်​စိုပြီးတိုင်းလည်း ပြန်​မ​ခြောက်​​​သွေ့မှာ​ကြောက်​တယ်​ ။ လွင့်​​မျောပြီးတိုင်းလည်း အရင်​​နေရာပြန်​မ​ရောက်​မှာ ​ကြောက်​တယ်​ ။ ​မေးပါရ​စေဦး ။ လွင့်​​မျောပြီးတိုင်းလည်း အရင်​​နေရာ ပြန်​​ရောက်ကြလို့လား ...  စွတ်​စိုပြီးတိုင်း​ရော ခပ်​လွယ်​လွယ် မြန်​မြန်​​ပြန်​​ခြောက်​တတ်​လို့လား ။ [၂] ပြတင်း​ဘောင်​​ပေါ် ခဏတာနား​နေတဲ့ အဖျား​ကော့လိပ်​ သစ်​ရွက်အို​ဟောင်းက  ​ဆောင်းညှို့​လေဆီ မိုးရာသီ​နောက်​နားစွန်း​နေ့ရက်​​တွေဆီက​နေ ​ငေးတယ်​။ ဒီနှစ်​​ဆောင်း​က​တော့ ​ရေခဲမှုန်​​တွေနဲ့ နှင်းမှုန်​တစ်​၀က်​ သိပ်​လှမှာ​သေချာသတဲ့။ ကိုယ်​ ရှိရှိ မရှိရှိ​ပေါ့ ... ​ဆောင်းက​တော့ ​ရောက်​လာဦးမှာပဲ။ အရင်​လို လှပ​အေးချမ်းတဲ့ နှင်းမှုန်​သခင်​မရဲ့ဆံနွယ်​ဖြူ​တွေလည်း ​ မြောက်​​...

Autumn Leaves Tale

🍃"သစ်​ရွက်​​တွေရဲ့​ဆောင်းဒိုင်​ယာ​လော့ဂ်​"🍃 🍃🍁🍁🍁🍂🍂🍂🍂🍂🍁🍁🍁🍃 [၁] ကမ္ဘာ​လောကကြီးက သစ်​ပင်​ကြီးတစ်​ပင်​ ...ဆိုရင်​ ကိုယ်​ဟာ အစိမ်း​ရောင်​သစ်​ရွက်​​လေးတစ်​ရွက်​ ။ ကိုယ်​တကယ်​ရင့်​ကျက်​ပြီလား ။ ​လေတိုက်​တိုင်းလည်း လွင့်​​မျောရမှာ​ကြောက်​တယ်​ ။ မိုးရွာတိုင်းလည်း စွတ်​စိုမှာ​ကြောက်​တယ်​ ။ စွတ်​စိုပြီးတိုင်းလည်း ပြန်​မ​ခြောက်​​​သွေ့မှာ​ကြောက်​တယ်​ ။ လွင့်​​မျောပြီးတိုင်းလည်း အရင်​​နေရာပြန်​မ​ရောက်​မှာ ​ကြောက်​တယ်​ ။ ​မေးပါရ​စေဦး ။ လွင့်​​မျောပြီးတိုင်းလည်း အရင်​​နေရာ ပြန်​​ရောက်ကြလို့လား ...  စွတ်​စိုပြီးတိုင်း​ရော ခပ်​လွယ်​လွယ် မြန်​မြန်​​ပြန်​​ခြောက်​တတ်​လို့လား ။ [၂] ပြတင်း​ဘောင်​​ပေါ် ခဏတာနား​နေတဲ့ အဖျား​ကော့လိပ်​ သစ်​ရွက်အို​ဟောင်းက  ​ဆောင်းညှို့​လေဆီ မိုးရာသီ​နောက်​နားစွန်း​နေ့ရက်​​တွေဆီက​နေ ​ငေးတယ်​။ ဒီနှစ်​​ဆောင်း​က​တော့ ​ရေခဲမှုန်​​တွေနဲ့ နှင်းမှုန်​တစ်​၀က်​ သိပ်​လှမှာ​သေချာသတဲ့။ ကိုယ်​ ရှိရှိ မရှိရှိ​ပေါ့ ... ​ဆောင်းက​တော့ ​ရောက်​လာဦးမှာပဲ။ အရင်​လို လှပ​အေးချမ်းတဲ့ နှင်းမှုန်​သခင်​မရဲ့ဆံနွယ်​ဖြူ​တွေလည်း ​ မြောက်​​...

"စိတ်ကူး"

[ စိတ်ကူး ] 🎑 🎑 🎑 အိပ်​မက်ဟာ ကြယ်​​တွေလို ... ညကို မျက်​နှာသာ​ပေးထားတယ်​ တစ်​စစီ​ကောက်​ဆက်​ရန်​မလို ခေါင်​မိုးစွန်းက ပဉ္ဇလက်​ငါးမျှားချိတ်​ ဘာမျှားမလဲ မ​မေးနဲ့ ​မျှော်​လင့်​ချက်​​တွေအပြည့်​နဲ့ အလင်းနှစ်​သန်း​ပေါင်းများစွာအ​ဝေးက ... အနာဂတ်​စောရအိတ်​ ။ ။ ​ #လေပြည် ​ချမ်းချမ်း Sept 16th/8:41 PM/2016/Fri.

'CHANGE'

September Rain

`စက်​တင်​ဘာ မိုး​ရေစက်​များ´ 💧💧💧💧💧💧💧💧  တစ်​ခါတစ်​ခါ  ခဲသား​ရောင်ခြုံပုဝါ​​လေး ကမ္ဘာ​မြေကို  ဝင်းဝင်းပပပြုံးပြလာတတ်​ရဲ့ ..။ ​ဆွေးလျလျအုံ့မှိုင်းမှိုင်း သူ့​သွေး​ကြောထဲ `ရသ´ရဲ့ ဝါဖန့်ဖန့်​​ ကဗျာစာရွက်​​တွေ ​ဟောင်းသွားပြီ ..။ တစ်​ခါတုန်းက ရန်​​ကုန်​မြို့​  မိုး​​ရေထဲ ရွှဲ​ရွှဲစိုနေပြီ ..။ `ကျုပ်​ကို  စက်​တင်​ဘာအကုန်​မှာ နှိုး​ပေးကြဗျာ ..´ Green Day နဲ့ ​ကော်​ဖီတစ်​ကျိုက်​​ စိမ့်​စိမ့်​ခက်​ခက်​ လက်​ဖြာရော​ထွေး မိုးရင်​ခွင်​​နွေး​နွေးက ရုန်းထွက်​ဖို့ လင်းတစ်​လှည့်​မှိန်​တစ်​လှည့်​ အဲဒီအကြည့်​​ .. အသက်​ရှုရခက်​ လှပစွာ ... နာကျင်​လွန်းခဲ့တယ်​ `စက်​တင်ဘာ´ ... ။       ။ #​လေပြည်​ချမ်းချမ်း 4:15 PM/ Sept 23rd/ 2016/ Fri.

Who I am

[အတွေးတွင်းနက်ကြီး] ပေါ့ပေါ့ပါးပါးနေထိုင်ဖို့ ကြိုးစားရင်း လေးလံမှုတွေနဲ့ ... ကျွန်တော် ... ပိုပိုပြီး ... နက်သထက်နက်လာတယ် ...။ ကျွန်တော် ဘယ်သူလဲ ??? #လေပြည်ချမ်းချမ်း

If You Fall In Love

[If You Fall In Love] <3 <3 <3 <3 <3 <3 "လူတစ်ယောက်ကို ချစ်တယ်"ဆိုတာ သဘာဝတရားကြီးကို ချစ်တာနဲ့တူတယ် ။  နံနက်ခင်းနေခြည်နုအလင်းတစ်ချက်က ငွေ့ရည်ဆွတ်တဲ့ သစ်ရွက်စိမ်းကလေးပေါ် လက်ခနဲ တောက်လက်သွားသလိုမျိုး ။ ညနေခင်းကြယ်တွေ ညမှောင်ရင် အလိုလို ဝင်းပထွက်ပေါ်လာသလိုမျိုး ။ မိုးရွာပြီးစကောင်းကင်မှာ နေခြည်မှုန်တစ်ချို့နဲ့ သက်တန့်တစ်စင်း ထွန်းလင်းလာသလိုမျိုး ။  အရာရာတိုင်းဟာ အကြောင်းပြချက်ရှိပေမယ့် ဖန်တီးမထားဘဲ သူ့အလိုလို ဖြစ်တည်လာတဲ့အရာ ။ "သိပ်လှတဲ့နွေဦး"ရှိသလို "သိပ်ပူလောင်တဲ့နွေ" ရှိမယ် ။ "သိပ်ဆွတ်ပျံ့ဖွယ်ရာကောင်းတဲ့ မိုးဖွဲလေး"ရှိသလို "သိပ်မုန်တိုင်းထန်တဲ့ မိုး"လည်းရှိမယ် ။ "အေးချမ်းတဲ့နှင်းမှုန်တို့ရဲ့ဆောင်း"ရှိသလို "အအေးလှိုင်းဖြတ်တဲ့ ရေခဲမှုန်တို့ရဲ့ ဆောင်း"ရှိမယ် ။ လူတစ်ယောက်ကို ချစ်မြတ်နိုးတယ်ဆိုတာ သူ့ဖြစ်တည်မှုကိုငေးမောကြည့်နေရုံနဲ့ သာယာကြည်ရွှင်မှုတွေ အလိုလိုခံစားပျော်ဝင်လာတတ်တဲ့အရာ ။ "အချစ်"ဆိုတာ ... ခံစားတတ်တဲ့သူအတွက် ဘယ...

Life ,Roads And Quotes

Town Story

" မြို့ကလေး "   မြို့ကလေးရဲ့ 'ပျော်ရွှင်မှု'ဆိုတာ ဖျပ်ခနဲ လက်လာတဲ့ အလင်းတစ်ချပ်လည်း ဖြစ်နိုင်တယ်။ မြို့ကလေးရဲ့ 'စိတ်ညစ်မှု'ဆိုတာ မီးခိုးတလူလူနဲ့ မှိုင်းညို့အုပ်ပျတဲ့ မနက်ခင်းတစ်ခုလည်း ဖြစ်နိုင်တယ်။ စိတ်ရှည်ပါတယ် သည်းခံပါတယ် 'အပြောင်းအလဲ'မှာ စနစ်သေမြို့ကလေးက သံချေးတက်နေဆဲ သူ့လူတွေစိတ်ကို မူလီချောင်ဖို့ ကြိုးစားနေဆဲဆိုတော့ စနစ်တကျ ဆွဲဖြုတ်လွှင့်ပစ်ဖို့ ... မတတ်နိုင်သေးဘူးပေါ့။ ရပါတယ် ခပ်အုပ်အုပ်ကလေးပဲ ညင်သာတီးတိုး ငါ ဂစ်တာတီးနေမယ် ငါ့အသံကိုတော့ လျှပ်စစ်မီးက ခိုးယူသွားလို့ မရဘူး မဟုတ်လား။ Chord တစ်ချို့လည်း မေ့နေဆဲ... ဒီတစ်ပိုဒ်တည်း ထပ်တလဲလဲ ဆိုညည်းဆဲ... `Love is easy ... Love is easy´ Mc Fly ကိုတော့ အားနာတယ် ဒါပေမယ့် ... ငါ စာသားသစ် ထပ်တိုးမယ် But `Change´ is hard. ‪#‎ လေပြည်ချမ်းချမ်း‬ 12:39 PM/ 2016/Aug 18th/Thurs.

Passenger

"ခရီးသည်"   ခု​ကြွေကျသွားတဲ့ တစ်​စက္ကန့်​ဟာ ဘဝရဲ့အ​ကောင်းဆုံးအချိန်​ကာလတစ်​ချပ် ။ စက္ကန့်​တံချပ်​​ရေ​တွေကို ပြန်​ဖမ်းဆုပ်​ကြည့်​မိတဲ့အခါ ​မေးခွန်းက... `စိတ်​​ကျေနပ်​ခဲ့ရဲ့လား´ ။ အချိန်​သစ်​ပင်​အကိုင်းအခက်​​တွေဟာ လက်​​ကောက်​ဝတ်​​သွေး​ကြောတဒိတ်​ဒိတ်ကို ​လာ​ထောက်လို့ ဘဝဟာ လူတိုင်းစီးရမြဲ အချိန်​ရထားကြီးပါပဲ ။ ​ပျော်​ရွှင်​ခြင်း​တွေ တင်​​ဆောင်​ခဲ့ပါ ။ စိတ်​​ကျေနပ်​မှု​တွေ တင်​​ဆောင်​ခဲ့ပါ။ အတိတ်​က အ​တွေ့အကြုံ​တွေ တင်​​ဆောင်​ခဲ့ပါ။ ပြီး​တော့ အနာဂတ်​လမ်းပြ​မြေပုံကို တင်​​ဆောင်​ခဲ့ပါ။ တဒီးဒီးအရှိန်​မြှင့်​​မောင်းနှင်​ရင်း ​ချွေးစက်​​တွေကုန်​ခမ်း ​မောပန်းနွမ်းနယ်​တဲ့အခါ ဘူတာရုံတစ်​ခုခုမှာ ရပ်​နားပါ။ အပြုံး​တွေ ရှာ​ဖွေဖို့ မ​မေ့နဲ့ ...၊ ဒီလိုပဲ ကမ္ဘာကြီးကို အပြုံး​တွေ ​ပေးဆပ်​ဖို့လည်း မ​မေ့နဲ့ ။ တစ်​ချိန်​ချိန်​ ... ဒီကမ္ဘာ​ပေါ်မှာ သင်​​ပျောက်​ကွယ်​သွားတဲ့အခါ တစ်​စုံတစ်​​ယောက်​ရဲ့ညမှာ လမ်းရှာ​တွေ့ဖို့ ​ကောင်းကင်​ကကြယ်​​တွေနဲ့အပြိုင် ကမ္ဘာ​မြေပြင်​မှာ ​သင့်​​ခြေရာ​လေး​တွေ လင်းလက်​ကျန်​ခဲ့...

"ဆည်းဆာဆွတ်တဲ့ ညနေခင်းရဲ့တိမ်"

"ဆည်းဆာဆွတ်တဲ့ ညနေခင်းရဲ့တိမ်" [1] ​ နေတစ် ​ စင်း၏ ​ အေးချမ်း ​ သောအပြုံးကို မြင် ​ ဖူးပါသလား။ ညို ​ ရော် ​​ ရော် ​ ဝါရီ ​ သော ခရမ်းနု ​ ရောင် ​​ အလင်းဆွတ် ​ သည့်မျက် ​ နှာရိပ် ​ တစ် ​ ခုကို “ည ​ နေရီ”ဟု ​ ခေါ်ပါသည် ​ ။  စကားစမြည် ​​ ပြောလာ ​ သည့် အုပ် ​ စုလိုက် ​ အိမ် ​ ပြန် ​ ချိန် ​ စက် ​ ဘီးများ။ ​ ကောင်းကင် ​​​ ပေါ်က အိပ် ​ တန်းပြန် ​ ငှက် ​ ငယ် ​ များ။  ​ ကျောပိုးအိတ် ​ ကိုယ် ​ စီနှင့် အဖြူအစိမ်းဝတ် ​ စုံများ ...။  “ည ​ နေရီ”ဆိုတာ အပြုံးလဲ့လဲ့ ​ လေးလင်းနေတတ် ​ သည့် တံခါးတစ် ​ ချပ် ​ ။ အဲသည် ​ နှုတ် ​ ခမ်းနှစ် ​ ချပ် ​ က ​ ဆွေးရီစွာ ပြုံးတတ် ​ လွန်းသည် ​ ။ နှုတ် ​ ဆက် ​ စကားများကို မဆို ​ သေးမီ။ [2] တစ် ​ .. နှစ် ​ .. သုံး .. ​ လေး .. ငါး … ။ လွန် ​ ခဲ့ ​ သောလက် ​ ငါး ​ ချောင်းစာနှစ် ​ များအ ​ ဝေးကတည်းက ည ​ နေခင်းဟာ သည် ​ အတိုင်းပဲ။ သတိရခြင်း ​ တွေ ခပ် ​ ဖွဖွ ​​ ရေးခြယ် ​ ထား ​ သောဆည်းဆာသည် ​ ည ​ နေခင်း၏ ညှို့ငင် ​ ဆွဲ ​ ဆောင် ​ မှုဖြစ် ​ ခဲ့၏။ ​ ည ​ နေခင်းတစ် ​ ...