Skip to main content

Posts

Showing posts from 2015

`မ​နေ့က ကျွန်​မသစ်​ရွက်​က​လေးနဲ့ စကား​ပြောဖြစ်​ခဲ့တယ်​ ... ဒီလို´

`ချစ်လှစွာသော သစ်ရွက်လေးရေ ...´                    နှင်းမှုန်တွေ မင်းကျောပေါ်မှာ သိပ်သိပ်သည်းသည်း ဖုံးနေတုန်း လား။ ခိုက်ခိုက်တုန်နေမှာပေါ့နော်။ မနက်ခင်းဆို ငါတို့စောင်ခြုံထဲ ကွေးနေတုန်း မင်းကတော့ စောစောထအစာချက်ပြီး သစ်ပင်ထိပ်ဖျားကနေ နေရောင်ခြည်ကိုမျှော်နေတတ်ပြီ။ နေခြည်ဖြာကျလာတော့ ဟော ...မင်းနွေးထွေးသွားပြီ။ နေ့လည်ကျတော့လည်း ဆောင်းလေညင်းက မြောက်ဘက်ကနေ တဖြူးဖြူးလွင့်ခတ်လာတာမို့ နေရောင်ထဲလည်း `ဆောင်း´က မင်းကို လတ်ဆတ်စေတုန်းပါပဲ။ မင်း ခဏခဏညည်းနေတတ်တဲ့ `ညနေခင်းက တိုလိုက်တာ၊ ဆည်းဆာက ခဏလေးပဲ´ ဆိုတာ ဟုတ်သားပဲ။ ဒီညနေတော့ ဒီညနေခင်းကို သတိတရ စိတ်လိုလက်ရ ငါငေးဖြစ်တယ်။                  သစ်ရွက်လေးရေ ... မင်းသိရဲ့လား။ ငါတို့ လက်ထဲမှာ ဆုပ်ကိုင်မထားနိုင်ဘဲ သိပ်မကြာတော့တဲ့ အချိန်ကလေးအတွင်းမှာ ဆုံးရှုံးရတော့မယ်ဆိုတာ သိနေရတဲ့အရာတွေဟာ အလှဆုံး၊ ငါ့တို့စိတ်ကို အကိုင်လှုပ်နိုင်ဆုံးပဲ။ ဆည်းဆာလည်း ဒီလိုပဲပေါ့။ ညဆီရောက်သွားတဲ့အခါ ကောင်းကင်အမိုးခုံးပေါ် ပြန့်ကျဲနေတဲ့ကြယ်တွေနဲ့ အပြာရောင်လဝန်းက ငြိမ်းအေးသာယာမှုကိုညှို့ငင...

`အ​တွေးသစ်​ပင်​´

အ​တွေး​တွေနဲ့ ​လေလွင့်​​နေတဲ့  စိတ်​​တွေ ...... ခုချိန်​ထိ ​လောကနဲ့ ​နေသားတကျ မဖြစ်​​သေးဘူး ။ ရင်​ခုန်​သံ ... လား ။ စွဲလမ်းမှု ... လား ။ တိုက်​ဆိုင်​မှု ... လား ။ ဖြစ်​တည်​မှု ... လား ။ ကျိုးပျက်​မှု ... လား ။ ကြိုးပြတ်​မှု ... လား ။ ​သေချာတာက ​လောကထဲက အ​နှောင်​အတွယ်​ မှန်​သမျှ ဘယ်​လိုမှ မြဲ​အောင်​မချည်​​နှောင်​တတ်​ခဲ့သူ ။ ​တစ်​ခါက  လူတစ်​​ယောက်​က ဆိုတယ်​။ `အမှန်​တရား´ဆိုတာ တစ်​ခုပဲရှိတယ်​ ´တဲ့။ ခါးခါးသီးသီးရယ်​​မောငြင်းဆန်​ခဲ့ဖူးတယ်​။ ​ထောင်​ထားတဲ့လက်​တစ်​ဖက်​ဟာ  ကိုယ့်​ဘက်​မှာ လက်​ဖမိုြး ဖစ်​​နေပြီး သူ့ဘက်​မှာ​တော့ လက်​ဖဝါး ဖြစ်​​နေခဲ့တယ်​​လေ။ လူ​တွေက  ကိုယ့်​ အမှန်​တရား နဲ့ကိုယ်​ သက္ကရာဇ်​​တွေကိုတိုက်​စားဖို့ ​နေ့ရက်​​တွေကို တရကြမ်းနင်းဖြတ်​​နေကြ​လေရဲ့။ အဲဒီ​နေ့ရက်​​တွေထဲ သူ့အမှန်​တရားနဲ့ ကိုယ့်​အမှန်​တရား ကြိုး​တွေညှိဖို့ ကြိုးစားရင်း၊ `နားလည်​မှု´ ဆိုတဲ့ လှပတဲ့သံစဉ်​ထွက်​လာဖို့၊ ခဲခဲယဉ်းယဉ်း ကြိုးပမ်း​နေကြတယ်​။ ဒါ ` လူ့ဘဝရဲ့အဓိပ္ပာယ် ​´ပဲ။ အ​ပေး-အယူ ဆန်​တဲ့ ​လောကကြီးမှာ၊ ဘာမှလည်​...

`နှင်းဆီ´

ဖျော့ဖျော့လေး အသက်ရှူတာတောင်  သူ ...  တောက်တောက်ပပ လင်းနေတုန်းပဲ။ ခု ... စိန်ခေါ်သံတွေ မကြောက်တော့ဘူး။ သူ့သွေးကြောထဲကအရောင်ကို  ခံစားသိသွားလို့ ... ။ ရင့်ကျက်လာတဲ့အခါ ၊ `သူ့အလှ´ ဆိုတာ ... ဆူးတွေ ဆူးတွေ...အပြည့်နဲ့  သိမ်သိမ်မွေ့မွေ့ ..................... ပြုံးတတ်ခြင်း ။   ။ `​လေပြည်​ချမ်းချမ်း´

` ဒီ​နေ့မှာ ´ [What You Can Do Today]

ရှည်​လျားလှတဲ့ လမ်းမကြီးတစ်​ခု​ပေါ်မှာ​ပေါ့။ ​ရေကုမ္ပဏီတစ်​ခုဟာ ယိုစိမ့်​နေတဲ့ ​ရေပိုက်​လိုင်းဆ်ီ​ရောက်​ဖို့ လမ်း​ဘေးစင်္ကြန်​ကိုဖြတ်​ပြီး ကျင်းတူး​နေတဲ့အတွက်​ လမ်းမကြီး​​ပေါ်ကကား​တွေ ​ရှေ့ဆက်​မသွားနိုင်​ဘဲ ပိတ်​မိ​နေကြပါတယ်​။ ကျွန်​​တော်​တို့ကားဟာ သုံးစ်ီး​မြောက်​မှာ ရပ်​တန့်​လျက်​ပေါ့။ ​စောင့်​ဆိုင်း​နေစဉ်​မှာ ဟိုဟိုဒီဒီပတ်​ဝန်းကျင်​ကို ​လျှောက်​ကြည့်​​နေမိတယ်​။ အဲဒီမှာ မိန်းမ​တစ်​​ယောက်​ အိမ်​အိုကြီးတစ်​လုံးထဲကို အလျင်​အမြန်​ဝင်​သွားတာကို ​တွေ့လိုက်​ရတယ်​။ သူမမျက်​နှာမှာ စိတ်​ဖိစီးမှု​တွေ၊ စိုးရိမ်​​ကြောင့်​ကြမှု​တွေနဲ့ အ​ခြေအ​နေဆိုးဝါးမှု​တွေ အထင်းသား​ပေါ်လွင်​​နေတယ်​။ သူမမျက်​လုံး​တွေဟာ အချိန်​အကြာကြီး ငိုထားခဲ့ပုံ​ပေါ်ပါတယ်​။ သူမလက်​ထဲမှာချီထားတဲ့ သုံးနှစ်​အရွယ်​​လောက်​ရှိမယ့်​ က​လေးမ​လေး​ဟာ သူ့အ​မေရဲ့လည်​ပင်းကို ခပ်​တင်းတင်းဖက်​ထားလို့။ မျက်​နှာမှာလည်း မိခင်​ဖြစ်​သူရဲ့ စိုးရိမ်​​ကြောင့်​ကျမှု​တွေ ကူးစက်​ထင်​ဟပ်​လို့။ ဆယ်​မိနစ်​​လောက်​ကြာပြီး​နောက်​ အ​မေနဲ့သမီးနှစ်​​ယောက်​သား အဲဒီအိမ်​က​လေးထဲက ပြန်​ထွက်​လာတယ်​။ ဝင်​သွားတုန်းကနဲ့မတူဘဲ အ​မေရဲ့မျက်​နှာဟာ ဝင်းပ​...

`Be Open Hand: Be Open Mind´

ပိုင်​ဆိုင်​ရတာ​တွေဟာ ပြန်​ဆုံးရှုံးရဖို့ပဲလို့ သိလာတဲ့အခါ ဘဝက ဘာမှမက်​​မောစရာမ​ကောင်း​တော့ဘူး။ ကျွန်​မတို့လုပ်​​ဆောင်​သင့်​တာက ပိုင်​ဆိုင်​ထား​တာ​တွေကို ပိုင်​ဆိုင်​ထားတဲ့အခိုက်​အတန့်​မှာ ပျော်​ရွှင်​စွာခံစားဖို့နဲ့  စစ်​မှန်​စွာတန်​ဖိုးထားတတ်​ဖို့ပဲ။ ​နောင်​တစ်​ချိန်​ အဲဒါ​တွေ ဆုံးရှုံးသွားတဲ့အခါ ၊ ဘယ်​​တော့မှပြန်​မရ​နိုင်​​တော့တဲ့အခါ၊ ဘယ်​​တော့မှ ​နောင်​တမရ​ပါနဲ့။ ဘယ်​​တော့မှ မငိုပါနဲ့ ။ မတမ်းတပါနဲ့။ ​ နောင်​တကိုလည်း အစကတည်းက ဘယ်​​တော့မှ အပင်​မပျိုးခဲ့ပါနဲ့။ ဘဝမှာ တကယ်​​ပျော်​ရွှင်​ဖို့ဆိုရင်​ ဘာကိုမှ ဖက်​တွယ်မထားနဲ့။  `​လေပြည်​ချမ်းချမ်း´ Dec 2 / 2015/Wed/16:23 PM

`ဒီဇင်​ဘာ´

`နှလုံးသားထဲက မီးပြတိုက်​´

[နောက်​ဆုံးစာမျက်​နှာ] အကြည့်​​လေးတစ်​ချက်​နဲ့ပဲ သူမစကား​ပြောခဲ့တယ်​ ထွက်​ခွာသွား​တော့မယ့်​​မျက်​ဝန်းဖွဖွမှန်း  (ကိုယ်​) မသိခဲ့ပါဘူးကွယ်​  နှုတ်​ဆက်​ခဲ့တာလား စိတ်​ဆိုးသွားခဲ့​လေသလား ခွင့်​လွှတ်​တတ်​သူအ​ပေါ်မှာမှ ကိုယ်​ အစွမ်းကုန်​ဆိုးခဲ့တယ်​ မသိသားဆိုးရွားစွာပဲ​ပေါ့  . . . ။ [​ဝေဒနာစာမျက်​နှာ] ​​ဝေဒနာအဖွင့်​နဲ့အပိတ်​ကြား သူမက​တော့ ကိုယ့်​အ​ပေါ်ရတနာတစ်​ပါးလို ယုယ အရိပ်​တကြည့်​ကြည့်​နဲ့​ဖေးမလို့ ခ​ယောင်းလမ်းထက်​ ကတ္တီပါလက်​ဖဝါးခင်း​ပေးလို့ လဲရင်​ပြန်​ထ ဒါဘဝ တဲ့ လမ်း​လျှောက်​တတ်​​အောင်​ သင်​​ပေးခဲ့တယ်​။ ရင်​ဘတ်​နုနုကို ချစ်​ခြင်းနဲ့ကြမ်းရှ​စေလို့ ​လောကဓံကိုစိန်​​ခေါ် ကိုယ့်​​ရှေ့မှာမြဲမြဲရပ်​ခဲ့တာ သူမ​ပေါ့ တစ်​​နေ့ထက်​တစ်​​နေ့ အသားမာတွေပြည့်​လာတဲ့  သူမလက်​ဖဝါး​တွေကို ကိုယ်​တို့ လူဘုံအလယ်​မှာ  နှာ​ခေါင်းရှုံ့ခဲ့ကြပါသလား ​သွေး​ခြေ​တောင်​မဥတဲ့ ကိုယ်​တို့​ခြေဖဝါး​တွေအ​ပေါ်  သူမရဲ့ကြင်​နာခြင်းပြယုဂ်​​တွေ​ပေါ့  အချိန်​​နှောင်းအသိထဲမှာ တန်​ဖိုးဖြတ်​မရတဲ့ အစားထိုးမရမှု​တွေထဲ သူမကရုဏာအပြည့်​နဲ့ပြုံး​နေဆဲ ...

`Control Your Life´

`အချိန်​​လေး​တော့ ​ပေး​စေချင်​´

`နီးနီး​ဝေး​ဝေး  ရိပ်​တကြည့်​ကြည့်​၊ ​လေးထားဘိသည်​  တုလွတ်​နှိုင်းမဲ့  ကိုယ့်​​ပေါ်ချစ်​ခင်​၊ ​မေတ္တာပင်​ကို  အချိန်​​လေး​တော့ပေး​စေချင်​´ [1] ဟိုးငယ်​ငယ်​တုန်းက​ပေါ့ ။ ကျွန်​မမှတ်​မိ​သေးတယ်​။ ခြံထဲမှာ ​ဖေ​ဖေဟာ ​ဟောင်းနွမ်း​ကျိုးပဲ့နေတဲ့ ပရိ​ဘောဂပစ္စည်း​တွေ ပြန်​ပြင်​တာ၊ ​ပေါလစ်​လို့ခေါ်တဲ့ အ​ရောင်​တင်​​ဆေးပြန်​​တင်​တာ ၊ ဒါမှမဟုတ်​ ​ဟောင်းနွမ်းနေတဲ့ခြံစည်းရိုးဖြူဖြူ​တွေကို ​ဆေးပြန်​​သုတ်​တာ၊ ဒါ​တွေတစ်​ခုမဟုတ်​တစ်​ခု ခြံထဲမှာ ပြုပြင်​ပြင်​ဆင်​တိုင်း ကျွန်​မကို အမြဲလိုလို `​ဆေးပုံး​တွေ´ ၊`တူ´​တွေ ကိုင်​ထားခိုင်းတတ်​တယ်​။ အဲဒီတစ်​​လျှောက်​လုံး ကျွန်​မနဲ့​ဖေ​ဖေဟာ ​ရင်းရင်းနှီးနှီး​ပျော်​​ပျော်​ရွှင်​ရွှင်​ စကား​တွေအကြာကြီး ပြောဖြစ်​ကြတယ်​။ ​ ကျောင်းမှာ ကျွန်​မကြုံရတဲ့အဖြစ်​အပျက်​​တွေ၊ မီးဖိုခန်းထဲမှာအလုပ်​များ​နေတဲ့မေ​မေ့ကို မကူညီလို့ ​ဗျစ်​​တောက်​ဗျစ်​​တောက်​နဲ့ ​မေ​မေ့အဆူခံရတာ​တွေ ​နောက်​ ​ဖေ​ဖေ့ဆီက​နေ ​မေးမှသိတတ်​တဲ့ လက်​​ဝှေ့ပွဲ၊​ ဘောလုံးပွဲ၊ ဘက်​စကတ်​​ဘောအနိုင်​အရှုံးသတင်း​တွေ၊ လက်​ရှိကမ္ဘာ့အဖြစ်​အပျက်​​သတင်း​တွေနဲ့ ကမ္ဘာ့နိုင်​ငံကြီး​တွေရဲ့ခေါ...

`ရင်​ရိပ်​ဆူး´

                                                                                                                                           `ဂျစ်​ပဆီတစ်​​ယောက်​´ဆီက `နူးညံ့သိမ်​​မွေ့တဲ့အပြုံးတစ်​စုံ´ လိုချင်​ခဲ့တယ်​။ `ပ​လေးဘွိုင်းတစ်​​ကောင်​´ဆီက `ရည်​မွန်​နှစ်​လိုဖွယ်​နှလုံးသားတစ်​စုံ´ လိုချင်​ခဲ့တယ်​။ `ထွက်​သွားဖို့အမြဲ​စေခိုင်းတတ်​တဲ့သူ´ဆီက `တံခါးဖွင့်​ကြိုဆိုမယ့်​ကမ်းလင့်လက်တစ်​စုံ´ လိုချင်​ခဲ့တယ်​။ `အမြဲ​လှောင်​ရယ်​တတ်​တဲ့မျက်​ဝန်းတစ်​စုံ´ဆီက  `​တောက်​ပနူးညွတ်​တဲ့အ​နွေးဓာတ်​တစ်​စုံတစ်​ရာ´ လိုချင်​ခဲ့တယ်​။  ဟိုး . . .  ဟိုးအ​ဝေးကြီးက  `ငါ့ရင်​တည့်​တည့်​လွတ်​...

`ကြယ်​​ငေးသူ´

တိတ်​ဆိတ်​ခြင်းနဲ့ ... ၊  အ​ရောင်​​တွေမုန်းတဲ့သူ ... အ​မှောင်​မှာပဲ သူ့မျက်​ဝန်း​တွေ​  တောက်​ပလာတယ်​ ။ ညက ဆွဲသီထားတဲ့ကြယ်​​တွေထဲ ငယ်​စိတ်​ဝိညာဉ်​တပ်​မျက်​လုံးတစ်​စုံနဲ့ သူ ... ညတိုင်း​ငေးတယ်​ ။ တဖျပ်​ဖျပ်​ ... လက်​၊ တလက်​လက်​ ... ခုန်​၊ မှိတ်​တုပ်​တုပ်​မှိတ်​တုပ်​ ... ပြုံး၊ တခါတခါ ရင်​ခွင်​ထဲ​ကြွေကျမလို တခါတခါ တိမ်​ကန်​လန့်​ကာဆွဲချသလို ကြည်​နူးလိုက်​ ၊ ​မျှော်​လင့်​လိုက်​ ​တွေ​ဝေလိုက်​ ၊ ​ငေး​မောလိုက်​  ​လေပြည်​က အ​မှောင်​နဲ့တွဲက ကြယ်​​ရောင်​စုံရဲ့ ညဂီတ...မှာ သူ ... ​တွေး​နေမိတာ တစ်​ခုတည်း သူ့ကြယ်​က​လေး ... ဘယ်​ ကို ​ငေး ​နေ တာ လဲ ။      ။ ​`လေပြည်​ချမ်းချမ်း´ Oct /24/2014/4:55 PM/Fri.

`ကြယ်​​ကြွေတစ်​စင်းရဲ့ည​နေရီ´

ည​နေရီဟာ . . . တစ်​စုံတစ်​ခုကို သယ်​​ဆောင်​လာတယ်​ ည​နေရီဟာ . . . တစ်​စုံတစ်​ခုကို သယ်​ပြီး . . . ပြန်​သွားတယ်​  နုညက်​​ပျောင်း​ပျော့သွယ်​နွဲ့ခိုင်​မာတဲ့ သမုဒယတစ်​စုံရယ်​ ... စိတ်​ကူး​တွေနဲ့အလှဆုံး​ဆေးဆိုးထားတဲ့ အိပ်​မက်​တစ်​စုံရယ်​ ... ဖြား​ယောင်းတတ်​တဲ့​တောင်​ပံခတ်​သံနဲ့ ​ခြေသံတစ်​စုံရယ်​ ... အတ္တ​တွေနင်း​ချေပြီးရင်​ကိုထွင်း ထွန်​ယက်​စိုက်​ပျိုးတဲ့ နဖားကြိုးတပ်​စိတ်​​တစ်​စုံရယ်​ ... ငါ့ကိုယ်​ငါထက်​ငါ့ဆန္ဒ​တွေရဲ့အရှင်​သခင်​တစ်​​ပါးကို ရှိသမျှဝပ်​ဆင်းကိုးကွယ်​ခဲ့ပြီးပြီပဲ ... မီးလျှံလို​လောင်​ကျွမ်းပြာကျပြီးမှ​တော့ ကြယ်​​ကြွေက​လေး ပြန်​​တောက်​ပလာပါဦးမလားကွယ်​ ​မေ့လိုက်​ပါ သမုဒ္ဒရာရဲ့ရင်​ခွင်​ကျယ်​မှာ ငါ​ပျော်​ရွှင်​စွာ ကူးခတ်​ဦးမှာ​ပါ မင်းမမြင်​နိုင်​​တော့တာတစ်​ခုပဲ  အားလုံးကိုမေ့ထားပြီး အံ့သြစရာ​ကောင်း​လောက်​​အောင်​ ငါ . . . ​ပျော်​​နေပါတယ်​ မလှပတဲ့အမှတ်​တရ​တွေထားခဲ့ နေ့ရက်​​တွေအ​တွေး​တွေ သိပ်​​လေးမယ်​ ည​နေရီဟာ . . . တစ်​စုံတစ်​ခုကို သယ်​​ဆောင်​လာတယ်​ ည​နေရီဟာ . . . တစ်​စုံတစ်​ခုကို သယ်​ပြီး . . . ပြန်​သွားတယ်​    ။ ...

`ကြိုးဝိုင်းထဲမှာ´

မလဲကျလိုက်​နဲ့ ... မလဲကျလိုက်​ပါနဲ့ ... ဘယ်​​လောက်​အားနည်း​နေလည်း ။ ​ခေါင်း​မော့ရင်​​ကော့​ ပုခုံးကို​တောင့်​ထား ယုံကြည်​ချက်​နှစ်​​ချောင်း​ပေါ်​ဖြောင့်​​အောင်​ရပ်​ တိုက်​ပွဲဝင်​လက်​​တွေ . . . လှတယ်​ ။   ။ `​လေပြည်​ချမ်းချမ်း´ 21:48 PM 2015 Sept 12 Saturday.

Do You Agree?

ထို​နေ့က ​ဆောင်း​နံနက်​ခင်းတစ်​ခုဖြစ်​သည်​။ ​ဖွေ​ဖွေနှင့်​ရှာရှာတို့သည်​ အားကစားဝတ်​စုံကိုယ်​စီနှင့်​ ခပ်​ဖွဖွ​ပြေးလာရင်း ကန်​​စောင်းမှာ ထိုင်​အ​မော​ဖြေ​နေကြသည်​။ ​ဆောင်းမနက်​ခင်း၏​ကောင်းကင်​က တစ်​ပြင်​တည်း တည်​ငြိမ်​စွာပြာလဲ့ကြည်​စင်​​နေသည်​။ ​နေခြည်​အမှုန်​​တွေ​မဖြန့်​ကြဲခင်​ ​အေးစိမ့်​မှုက လွှမ်းမိုး​ထားဆဲ။ မြက်​ခင်း​ပေါ် လက်​နှစ်​ဘက်​​ထောက်​ရင်း ​ဖွေ​ဖွေက ​ကောင်းကင်​ကြီးကို ​ငေး​မောကြည့်​မိသည်​။ `ရှာရှာ ကြည့်​စမ်း၊ ​ကောင်းကင်​က ပြာလွင်​​နေတာပဲ။´ `​အေး၊ ဟုတ်​တယ်​။ လှတယ်​ ။ ​အ​ရောင်​​ညီ​နေလိုက်​တာ ​တမင်​ဆေးသုတ်​ရင်​​တောင်​ ဒီလိုညီနိုင်​မှာမဟုတ်​ဘူး။´ ထိုစဉ်​ခဏ ပါးလွှာ​သော တိမ်​မျှင်​တန်းက​လေး​တွေ ​လေနှင့်​အတူ လွင့်​ပါလာသည်​။ နေခြည်​ကလည်း တလက်​လက်​ဖြာဆင်းလာသည်​။ ထို့​နောက်​ တိမ်​​တွေကို ရုတ်​တရက်​ အ​ရောင်​ခပ်​ပါးပါး​လေးဆိုးပစ်​လိုက်​သည်​။ `ရှာရှာ ငါ တစ်​ခု​မေးမယ်​။ ဘယ်​သူအသိအမှတ်​ပြုပြု/မပြုပြုဆွဲတာမရပ်​တဲ့ ပန်းချီဆရာက ဘယ်​သူလဲ။´ ရှာရှာက ခဏစဉ်းစား​နေသည်​။ ပြီးတော့ ဆက်​​ငေးမြဲ​ကောင်းကင်​ကြီးကို ဆက်​​ငေးသည်​။ `မသိဘူးလား။ ပန်း​ပေးပြီလား ။ မုန့်​ဟင်းခါးတစ်...

`Let's work your brain´

~❓💡🔥Quiz Time🔥💡❓~ ☆☆☆▪▪▪■■■□□□▪▪▪☆☆☆ 1.) ထမင်းစားချိန်မှာ  လူတိုင်းကြိုက်တဲ့ ဟင်းတစ်ခွက်က ဘာလဲ။  2.) လူတစ်ယောက်ဟာ  သူကိုယ်တိုင်အတွက် ဘာအရေးကြီးဆုံးလဲ။ 3.) ဘယ်သူအသိအမှတ်ပြုပြု/ မပြုပြု ဆွဲတာမရပ်တဲ့ ပန်းချီဆရာက ဘယ်သူလဲ။ 4.) လူတစ်ယောက်ဟာ  သူ့သက်တမ်းကုန်ဆုံးသည်အထိ မမြင်နိုင်တာ ဘာလဲ။ 5.) ရှေ့လည်းမဆက်  နောက်လည်းပြန်မလှည့်တဲ့ ပစ္စည်းက ဘာများလဲ။  #LPCC

`AIM´

[ရည်မှန်းချက်] ဘဝက သင့်ကို မြားတံတွေ ပေးပြီးသားပါ။  သင့်မှာ ပစ်ရမယ့်ပစ်မှတ် တိတိကျကျရှိဖို့တော့လိုလိမ့်မယ်။ #လေပြည်ချမ်းချမ်း

`World Teacher's Day Celebration´

`ကမ္ဘာ့ဆရာများနေ့´ဟာ  နှစ်စဉ် အောက်တိုဘာ (၅)ရက်နေ့မှာ ကျရောက်ပါတယ်။ (၁၉၉၄)ခုနှစ်မှာ UNESCO (ယူနက်စကို)အဖွဲ့ကြီးက ပထမဆုံးကျင်းပခဲ့ပါတယ်။ ကမ္ဘာ့ပညာရေးရည်မှန်းချက်တွေအတွက်ပြောင်းလဲဖို့ လိုအပ်ချက်တွေကို မီးမောင်းထိုးရှာဖွေပြီး တစ်ကမ္ဘာလုံးက ပညာသင်ကြားပေးသူ `ဆရာ´ဆိုတဲ့ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့နေ့တစ်နေ့ပါ။ UNESCO အဖွဲ့အစည်းရဲ့စာရင်းဇယားအရ ကမ္ဘာ့အခြေခံပညာရေးရည်မှန်းချက်ပြည့်မှီဖို့အတွက် အခြေခံပညာသင်ကြားသူ ဆရာ/ဆရာမပေါင်း (၁၂.၆)မီလီယံလောက် နောက်ထပ်ရရှိဖို့ လိုအပ်ပါတယ်တဲ့။ ၂၀၁၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ကတော့`empowering teachers, building sustainable societies´ ပါတဲ့။  `ကမ္ဘာ့ဆရာများနေ့´အထိမ်းအမှတ် Quote လေးအချို့ပါ ။  1.) "A teacher affects eternity; he can never tell where his influence stops." --Henry Brooks Adams ကျောင်းဆရာတစ်ဦးသည်  ထာဝရအကျိုးကို ဖြစ်ပေါ်စေ၏။ သူ၏ သြဇာသက်ရောက်မှု ဘယ်နေရာတွင် အဆုံးသတ်မည်ဆိုသည်ကို သူ ဘယ်တော့မှ မပြောနိုင်။  2.)  "A good teacher is like a candle - it consumes itself to light the way for others." -- Mustafa Kemal A...

`မျက်လှည့်´

နှလုံးသားရဲ့ဘာသာစကား တစ်စုံတစ်ယောက်ဆီက သင်ဖူးတယ် ခုတ်ရာတလွဲ ရှရာတခြား ကိုယ့်နှလုံးသားနဲ့ပြသတဲ့ သူ့ပြကွက် မျက်လှည့်ပွဲလို . . . ထိုင်ငေးနေခဲ့ရဖူးတယ် ပွဲစဉ်တလျှောက်လုံး ဇဝေဇဝါစိတ်အတွေးနဲ့ သူ ပျော်မလားလို့ `ငို´ သူ ပျော်မလားလို့ `ရယ်´ သူ ကျေနပ်မလားလို့ `ပြုံး´ . . . `ပြကွက်´ ပြီးသွားတော့ ကိုယ့်နှလုံးသားကို ပစ်ချပြီး Certificate တစ်ခုသာ အရယူသွားတယ် ဂုဏ်ယူပါတယ်  ငါ့မျက်ဝန်းကမျက်ရည်တွေနဲ့ ဆက်အောင်မြင်ပါစေ  ငါလို ငတုံးနှလုံးသားများစွာရဲ့အပေါ် ဆုမတောင်းလိုက်ပါဘူး . . . နင်ဝဋ်လည်ပါစေလို့ ။ တစ်ခုပဲ . . . တောင်းဆိုချင်တယ် ဒီလမ်းခွဲမှာ ငါပေးတဲ့ပန်းတွေယူသွားပါ နောက် . . . ဘယ်တော့မှ ငါ့ကိုသတိမရပါနဲ့ မတော်တဆများ ပြန်တွေ့ဖြစ်ခဲ့ကြ. . .ရင် သူစိမ်းတွေလိုပဲ . . . ပြုံးပြနိုင်ချင်လို့ ။  #လေပြည်ချမ်းချမ်း

`Friend is ´

`နေပျော်ခြင်း´

🍎  🍎  🍎 ကြွေကျလုဆဲဆဲပန်းသီးကို အချိန်မီ အပင်ပေါ်ပြန်တင်လိုက်တယ် အရင်လို လေထဲတွဲလဲမကျဘဲ သစ်ကိုင်းပေါ် နေသားတကျ အမှန်တရားက ခုထိ အောက်ကိုမကြွေကျသေးဘူး။   ။ #လေပြည်ချမ်းချမ်း

`ဘဝကင်းဗတ်စ်ပေါ်က သဘာဝဆေးစက်များ´

[1] `တစ်ကိုယ်ကောင်းဆန်ခြင်း´ ❄⛄⛄⛄⛄⛄⛄❄ ငါက အေးခဲနေတဲ့ ဆောင်းရာသီ . . .  နေရောင်ခြည်ကို ကြိုက်တယ်။  `ကိုယ်တိုင်ကတော့ မနွေးထွေးတတ်ဘူး´တဲ့။ လူတွေက အပြစ်တင်တယ် ။ [2] `အခွင်ထူးခံဆေးစက်များ´ ☔☔☔☔☔☔☔ သူက မိုးရာသီ ကောင်းကင်ပြာကို တိတ်တိတ်မုန်းနေတဲ့သူ  နေခြည်တစ်ဝက် မိုးမှုန်တစ်ဝက်  ရောင်စုံတဲ့သက်တန့်တွေ . . . မျက်နှာလိုမျက်နှာရ ကောင်းကင်ဆီက သူ လက်ဆောင်ရထားတယ်။ [3] `ပျော်တတ်တဲ့ နတ်သမီး´  🌺🍁🌺🌹🌺🍁🌺 တခါတရံ လေညင်းနဲ့ကခုန်တယ် တခါတရံ ဆောင်းရွက်ဟောင်းကို ညှို့ခြွေလို့ တခါတရံ ပူပြင်းမှုနဲ့ သက်ပြင်းတွေ မှုတ်ထုတ်လို့ တောက်ပတဲ့နေမင်းရဲ့အဆင်းမှာ  လူတွေကို မွန်းတည့်တိုင်း မျက်နှာငယ်နဲ့  ချောင်းကြည့်တတ်တဲ့သူပေါ့ မင်းမှာ . . . သိပ်လှတဲ့ နွေဦးကကြိုးရှိခဲ့တယ် ။ #လေပြည်ချမ်းချမ်း

We can do it win!

ကြောက်တတ်တဲ့သူက  ကြောက်တဲ့အတွေးကိုတွေးရင်း ပိုအားနည်းသွားတယ်။ လူတွေက အခက်အခဲတွေ၊ အန္တရာယ်တွေကို  ရုန်းကန်ရင်ဆိုင်ရင်း ကြံ့ခိုင်လာကြတယ်။ သူတို့က သူများထက်သတ္တိပိုကောင်းတဲ့သူတွေ မဟုတ်ပါဘူး။ `ကြောက်တဲ့အတွေး´ထက် `ရင်ဆိုင်ကျော်ဖြတ်ပြီး ရလာမယ့်ပျော်ရွှင်မှုရဲ့အင်အား´ကို ပိုပြီး မှန်းမျှော်ကြည့်တတ်တဲ့သူတွေ ဖြစ်လို့ပါပဲ။   ။ #လေပြည်ချမ်းချမ်း

Let's think!

ဘဝမှာ `အဆုံးရှုံးများတဲ့လူတစ်ယောက်´နဲ့ `ဘာကိုမှ မပိုင်ဆိုင်ဖူးတဲ့လူတစ်ယောက်´ သူတို့နှစ်ယောက် ဘယ်သူကပိုပျော်ရွှင်မလဲ။ #လေပြည်ချမ်းချမ်း [ I Warmly welcome all your different opinions in comment box, everyone. ] Thanks :)

`အပြီးအပိုင်´

ကြိုးတစ်ချောင်းပြတ်သွားရင် ဂီတာတစ်လက်က သီချင်းတစ်ပုဒ်ဖြစ်မလာဘူး။ ယုံကြည်ချက်တစ်ချောင်းပြတ်သွားရင် သံယောဇဉ်ကြိုးက  ခိုင်ခံ့စွာရစ်နှောင်ဖို့ မမြဲမြံဘူး။ မင်းကို သီချင်းတစ်ပုဒ်လို  သံယောဇဉ်ကြိုးစုံအောင်တပ် အကြိမ်ကြိမ်အခါခါတီးခတ်ခဲ့ဖူးလည်း  ငါ့အတွက်မင်းဖြစ်မလာသလို မင်းအတွက်ငါဖြစ်မလာဘူး ဂီတာ... ။ နှုတ်ဆက်ပါတယ် ... နောက်ထပ် နှုတ်ဆက်စကားဆိုစရာမလိုတော့တဲ့ထိ၊ မင်းကို ငါ တီးခတ်ခွင့် ရပ်နားထားခဲ့တယ်။  #လေပြည်ချမ်းချမ်း

`အံစာတုံး´

ဒဏ်ရာတွေလား . . . ပေးပါ   အားနည်းချက်နဲ့ငြင်းဆန်မရတဲ့အခါ အားလုံးကို လှေကားထစ်အဖြစ် ပြောင်းလဲပစ်မယ် ဘဝဆိုတာ အကြွေစေ့တစ်စေ့ပါ ။ ကလေးရယ် ... ပန်းရဲ့နောက်ကျောဘက်မှာ  ခေါင်းရှိတယ်ဆိုတာ မင်းမမေ့နဲ့။ မုန်တိုင်းပြီးရင်လေပြည် ကြိုးစားမှုကိုထောက်ကန်ပြီးတော့ ဇွဲနဲ့ဆိုဘာကိုမှမကြောက်နဲ့ ဘဝကို ဆက်လှည့် ။  ။ #လေပြည်ချမ်းချမ်း 14:08 PM 2015 JULY 23.

`Life is just learning the curves´

ဘဝဆိုတာ  ကောက်ကောက်ကွေ့ကွေ့တွေကို သင်ယူရခြင်းပဲ ။ ပြီးတော့ အဲဒီကောက်ကွေ့တဲ့လမ်းတွေကို  ဖြောင့်တန်းစွာ လျှောက်ဖို့ ကြိုးစားကြရတယ်။ ဒါပါပဲ ဘဝဆိုတာ ။ #လေပြည်ချမ်းချမ်း

`သူငယ်ချင်း´

`ဘဝ´ဆိုတာ ကိုယ့်ကိုကိုယ် ရှင်းပြစရာမလိုတဲ့ ပုစ္ဆာတစ်ပုဒ် ။ ရင်ဘတ်ချင်းဖတ်တတ်တဲ့သူက  အပြုံးနဲ့ တွက်ပေးရင် တော်ပြီ ။   `လေပြည်ချမ်းချမ်း´

`Just For You´

`တစ်စုံတစ်ခုကနေ လွတ်မြောက်ချင်ရင်  အဝေးကြီးကို ထွက်မသွားပါနဲ့ ။ အမြင့်ဆုံးကို ရောက်အောင်တက်ပါ ။´ #LPCC

`မိုးပြေး´

`မိုးပြေး´ °~•~° ရွာမလိုလိုနဲ့ အုံ့ အုံ့မလိုလိုနဲ့ ဖွဲ သည်းမလိုလိုနဲ့ ပြေး တိမ်တစ်ကွက်စာလေးပဲ ငါ့ပေါ်ရွာခဲ့တယ် အပျော်တမ်းလေးပဲလား  ငါ့မှာ  မိုးပြေးလေးတွေဆို တိမ်ပုလဲမြူခိုးနဲ့  ငွေ့မျက်ဝန်းတွေ  အရည်လဲ့အောင် ခပ်ဖွဖွငေးကြည့်မိနေတုန်းပဲ နှစ်တိုင်းအလည်လာတဲ့ အဲဒီတီရှပ်ဖြူနဲ့ ဂျင်းဘောင်းဘီတို့ရဲ့  ရှင်းသန့်စိမ့်မှောင်တဲ့ အစိမ်းရောင်ရာသီမှာ ။  ။ `လေပြည်ချမ်းချမ်း´ June 21 16:59 PM 2015.

`2015 Internaional Father's Day Celebration´

The greatest gift I ever had Came from God ; I call him Dad! ~ Author Unknown ဘုရားသခင်​ဆီကလာတဲ့ အကြီးမြတ်​ဆုံးလက်​​ဆောင်​ ကျွန်ုပ်​ဆီမှာအမြဲရှိတယ်​။ သူ့ကို ကျွနု​ပ်​က ဖခင်​လို့ ​ခေါ်ပါတယ်​။ Dad, your guiding hand on my shoulder will remain with me forever. ~Author Unknown ကျွနု​ပ်​ပခုံး​ပေါ်က အ​ဖေ့ရဲ့လမ်းပြတဲ့လက်​ဟာ ကျွနု​ပ်​နဲ့အမြဲထာဝအတူ တည်​ရှိ​နေမှာပါ။ Sometimes the poorest man leaves his children the richest inheritance. ~Ruth E. Renkel  တစ်​ခါတစ်​ရံမှာ အဆင်းရဲဆုံးလူဟာ သူ့ရဲ့က​လေး​တွေကို အချမ်းသာဆုံးအ​မွေ ချန်​ခဲ့တတ်​တယ်​။ A truly rich man is one whose children run into his arms when his hands are empty. ~Unknown အမှန်​တကယ်​ချမ်းသာတဲ့ပုဂ္ဂိုလ်​ဆိုတာ သူ့လက်​မှာ ဘာမှမရှိတဲ့အခါ သူ့လက်​​မောင်းထဲ က​လေး​တွေ​ပြေးဝင်​လာတဲ့သူ ဖြစ်​တယ်​။ A man's children and his garden both reflect the amount of weeding during the growing season. ~Unknown လူတစ်​​ယောက်​ရဲ့က​လေး​တွေနဲ့ သူ့ရဲ့ဥယျာဉ်​ဆိုတာ ပြုစုပျိုး​ထောင်​တဲ့ ကာလအတွင်းမှာ ကရိကထအများ​စေဆုံး၊ အမှိုက်​အရှုပ်​​စေဆံ...

`အမုန်းရဲ့ရာသီထဲ မိုးကာမ​ဆောင်းတဲ့​ကောင်​မ​လေး´

သူ့မျက်​ဝန်းမှာ  မှိုင်းညှို့အုပ်​ဆိုင်းလာရင်​  ကိုယ့်​ရပ်​ဝန်းမှာ  အ​နေခက်​​အောင်​  မုန်​တိုင်း​တွေ သက်​​ကြွေ​တော့မယ်​ ဆိုတာ သိ.. သား..ပဲ ။ ခဏ ခဏ လှည့်​ကြည့်​မိတာသာ ခက်​တယ်​။ ကိုယ်​က ` အ​နှောင့်​အယှက်​လား ´ ကိုယ်​က ` အ​နှောင့်​အယှက်​လား ´ ဒီပုစ္ဆာနဲ့ . . . ဝိညာဉ်​တစ်​​ကောင်​လို ကိုယ်​​ယောင်​​ဖျောက်​ခဲ့မိ ။ ကမ္ဘာချီ . . .အငြှိုး​တွေလား ခံစားချက်​ . . . ကျိန်​စာလား မ​ကျေမယ့်​ . . . ဝဋ်​​ကြွေးတစ်​ခုလား က​လေးငယ်​တစ်​​ယောက်​  အရုပ်​တစ်​ရုပ်​ကို စွဲလမ်းမိသလို အပြစ်​ကင်းတဲ့ ငြိတွယ်​မှုတစ်​ခုကို  ( ခု. . ချိန်​ . .ထိ ) ရိုးရိုးသားသား ဖက်​တွယ်​မိရုံ ။ သည်းထန်​ချင်​သ​လောက်​ သည်းထန်​ ဒီခံစားချက်​​တွေထဲ . . . လည်​ပင်းထိ နစ်​မြုပ်​ပါ​စေ ဆူးအစင်းစင်း မျက်​ဝန်းမိုး​တွေထဲ . . . ​ခြေဖဝါးသက်​သက်​  ​ခေါင်းငုံ့ရပ်​​နေဆဲပါပဲ ။ ရက်​စက်​နိုင်​သ​လောက်​ ရက်​စက်​ အမုန်း​တွေ အကြင်​နာအဖြစ်​  စာနာနိုင်​သည်​အထိ . . . ​ဆော့ကစားခံ​နေရတဲ့ ဒီဂိမ်းမှာ  . . . `ဓားစာခံ´ လုပ်​မယ်​ . . . ။ ပြ...

`ကွက်​လပ်​´

ကိုယ်​က  မျက်​​တောင်​တစ်​ချက်​အခတ်​မှာ သူက  မျက်​လုံးတစ်​ချက်​ဝင့်​အကြည့်​ ... အဲဒီသီသီ​လေးပဲ ​နေ့နဲ့ညတစ်​ခုစာ မင်းနဲ့ငါ လွဲ​ချော်​​နေခဲ့ကြတာ​ပေါ့  ။ အရိုးသားဆုံးပြုံးပြမယ်​ကြံတိုင်း ​ရောင်​စုံခြယ်​သက်​တန့်​ကြားက အမက်​​မောဆုံးနှုတ်​ခမ်းတစ်​စုံရဲ့​ လှောင်​ပြုံး​ဟာ ကိုယ့်​ရဲ့အဖြူ​ရောင်​ကို ခလုတ်​လာလာတိုက်​​နေတတ်​တာ  ... ခက်​တယ် ။ ပန်းနု​ရောင်​ဆွတ်​ထားတဲ့ စိတ်​အ​တွေး​တွေထဲ ရှင်းသန့်​တဲ့ ရင်​ခုန်​ခြင်း​တွေကို `မြတ်​နိုးခြင်း´လို့ အမည်​နာမတပ်​မယ်​ဆိုရင်​ သမုဒယချည်​မျှင်​​တွေ ရက်​လုပ်​တတ်​တဲ့ အဆိပ်​ပြည့်​ပင့်​ကူတစ်​​ကောင်​ဟာ အချိုဆုံးသက်​ပြင်း​တွေနဲ့ အနာဂတ်​ကို  တယုတယ အိမ်​ဖွဲ့​နေတတ်​ပြီ။ `​မျှော်​လင့်​ချက်​´ ဆိုတာ တန်​ဖိုးဖွဲ့စရာ မလိုအပ်​​ပေမယ့်​ ဝင်​သက်​ထွက်​သက်​တိုင်းမှာ အလျား​တော့ရှည်​တယ်​ အနည်းဆုံး သီချင်းတစ်​ပုဒ်​စာအတွင်းမှာ  သူ လင်းလက်​​နေပါ​စေ ... တချို့ အထီးကျန်​ဘဝ​တွေ အသက်​မျှင်းမျှင်း​လေး ဆက်​ရှုဖို့  ။    ။ ` ​လေပြည်​ချမ်းချမ်း ´