Skip to main content

Posts

Showing posts from 2012

*~•♦◘ • ဘ၀ •◘♦•~*

*~•♦ ◘ • ဘ၀ • ◘♦• ~* လမ်းတွေက … ကြမ်းတမ်းတယ် အမြဲ မချောမွေ့နိုင်ဘူး ။ လမ်းတွေက … ကွေ့ကောက်တယ် အမြဲ မဖြောင့်တန်းနိုင်ဘူး ။ လမ်းတွေက … မှောင်မည်းတယ် အမြဲ နေခြည်မဖြာနိုင်ဘူး ။ လမ်းတွေက … ………………………………… လမ်းတွေက … ………………………………… လမ်းတွေက … ဘယ်တော့မှ မပြီးပြည့်စုံဘူး ။   ဒါပေမယ့် လျှောက်ကိုလျှောက်ရမယ် ။   ဘာလို့လဲဆိုတော့  “ဘ၀ ”ဆိုတာကိုက " လမ်းလေးတစ်လမ်း "  ဖြစ်နေခဲ့တယ် ။ “ လေပြည်ချမ်းချမ်း ”

" Life : The Failures,The Faults and The Love "

" Life : The Failures , The Faults and  The Love " ဘ၀ … မှာ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ … အဲဒီ အရှုံးတွေအပေါ်ကို ကျေးဇူးတင်မိပါတယ် ။ ဘာလို့လဲဆိုတော့ … သူတို့က ကိုယ့်ရဲ့ခံနိုင်ရည်ကို တစ်ဆင့်ချင်း တည်ဆောက်ပေးလို့ပါ ။ ဘ၀ … မှာ အမှားတွေကို ကြုံတွေ့ရတဲ့အခါ … အဲဒီ အမှားတွေကိုလည်း ချစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ … သူတို့က ကိုယ့်မှာ အမှန်တကယ် လိုအပ်နေတဲ့ လိုအပ်ချက်တွေကို ထောက်ပြပေးလို့ဖြစ်ပါတယ် ။ ဘ၀ … မှာ ချစ်သူနဲ့ ခွဲခွာနှုတ်ဆက်ရတဲ့အခါ … ကျောခိုင်းထွက်ခွာသွားတဲ့သူကို ခွင့်လွှတ်ပေးလိုက်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ … ကိုယ့်ဘ၀မှာ သူ့ထက်ပိုပြီး ကောင်းမွန်တဲ့သူကို ရှာဖွေဖို့ အခွင့်အရေး ပေးခဲ့လို့ပါပဲ ။ " လေပြည်ချမ်းချမ်း "

“ အဖြူရောင် ရေခဲမြစ်ရဲ့ ဒီဇင်ဘာ Memory Status”

“ အဖြူရောင် ရေခဲမြစ်ရဲ့ ဒီဇင်ဘာ Memory Status” “ဆောင်း” ဆိုတဲ့ ဖြစ်စဉ်တစ်ခုကို ရင်ငွေ့လှုံမှ၊ ပွင့်ဝေခွင့်ရတဲ့  .. နှင်းပွင့်လေးတွေရဲ့ ပွင့်ဖတ်တွေ ကမ္ဘာ့လေထုပေါ် ဝေဖြာယိမ်းနွဲ့ကတဲ့အခါ … တစ်ဖက်တည်းစီးတဲ့ “အချိန်မြစ်” ဟာ ရေခဲမြစ်ကမ်း နယ်နမိတ်ကို မှတ်တိုင်အသစ် … ထူဖို့ ၊ ရောက်ခဲ့ပြန်ပြီ … ။ အဖြူရောင်နှင်းတွေက “အေးမြခြင်း” ကို မျှားတယ် ။ “အေးမြခြင်း” က “အနွေးထည်ထူထူ”ကို မျှားတယ် ။ အေးမြခြင်းနဲ့ နွေးထွေးခြင်းတွေ တစ်လှည့်စီ စီးဝင်နေတဲ့  ဆောင်းရဲ့ သွေးခုန်နှုန်းထဲမှာ ၊ “ဒီဇင်ဘာ” ဆိုတာ … နှင်းစက်တွေရဲ့ ရင်ခုန်သံ ဗဟိုချက်တည့်တည့်ကို မျှားတဲ့ ၊ အဖြူဆွတ်ဆွတ် နတ်သမီးတစ်ပါးပါပဲ ။ အနေဝေးတဲ့ သူတွေ အတွက် သူက အလွမ်းတွေ ချမ်းနေအောင် ကြွေပေးတယ် ။ အတူဖြတ်သန်းမယ့်သူတွေအတွက် အနွေးဓါတ်တွေ ဝေနေအောင် ကြွေပေးတယ် ။ မြောက်လေညင်း အလည်ရောက်ခဲ့တဲ့ ၊ နှလုံးသားရပ်ဝန်း တစ်ချို့မှာတော့ ၊ အငိုမတိတ်သေးတဲ့ … ၀ဿန်မိုးစက်တွေကို တိတိပပ ဖယ်ထုတ်ပြီး ၊ နားလည်မှုတွေ နှင်းလို ခြွေချ ၊ အဖြူရောင်ဆန္ဒတွေရဲ့ အသံမဲ့ ဘာသာဗေဒမှာတောင် ၊ (သူက … ) ရင်ခုန်သ...

" Facebook City "

" Facebook City " ကောင်းကင်ပြာပြာကြီးအောက်မှာ  Engineer မလိုဘဲ … ပြတင်းပေါက်တစ်ခုရှေ့ ရောက်သွားရုံနဲ့ ၊ ပုံစံခွက်ကလေးထဲ ကိုယ်ပိုင် အိမ်တစ်လုံး ၊ ဆောက်နိုင်တဲ့ မြို့တော် ။ နံရံတွေ ပေါ်မှာ … တစ်ချို့က … အသွေးအရောင်စုံ ခံစားချက်တွေ တင်တယ် ။ တစ်ချို့က … ရယ်စရာ ဟာသတစ်ချို့ … ချိတ်ဆွဲတယ် ။ အသစ်တွေ ဘယ်လောက်ပြောင်းပြောင်း ၊ Comment တွေ အမြဲပွဲစည်တဲ့ Photo Application မှာ လှပတဲ့ အချိန်ကာလတွေကို မှတ်တမ်းတင်ဖို့ အမှတ်တရတွေကို Album တွေထဲ .. စီရရီ ခင်းကျင်း … လို့ ။ တစ်ချို့က … ကိုယ့်ရဲ့ ခံစားချက်တွေကို လွှတ်တင်ဖို့ ၊ တစ်ချို့က … ကိုယ့်ရဲ့ အတွေ့အကြုံဘဏ်တိုက်ကို အိမ်နီးချင်းတွေနဲ့ Share ဖို့ ၊ “ Note ” ဆိုတဲ့ တလင်းပြင်မှာ .. လည်း စကားလုံး မော်လီကျူးတွေ … အရောင်အသွေး စုံစုံလင်လင် စည်ကား ပျံ့ဝေနေခဲ့တယ် ။ Extension အဖြစ် …. ကိုယ်ယုံကြည် အားသန်ရာအတွက် စိတ်နှလုံးမြှပ်နှံ အချိန်ပေးဖို့ ၊ Page ဆိုတဲ့ Workshop လေးလည်း ၊ ကိုယ်ကိုယ်တိုင် … ရွေ့လျား Decorate လုပ်နိုင်သေးရဲ့ ။ Gathering လား ၊ Anniversary လား ၊ Birthday လား ၊ Meeting လား … “...

"The Rainy Season Of An Angel "

  " T he Rainy Season O f An Angel"  စိတ်ကူးအိပ်မက် နဲ့  ဖြန့်ကျက်ခဲ့တဲ့ တောင်ပံတွေ … ထူးဆန်းတဲ့ နှလုံးသားတစ်စုံရဲ့ အနီးနားကိုတော့ ရောက်ခဲ့ပါရဲ့ …၊ ရာသီဥတုက ကိုယ့်ဘက်မပါခဲ့ဘူး ။ အနီးဆုံး ဖြစ်ချင်မှ အဝေးဆုံးနဲ့ အချိုးကျ ၊ “ဆန္ဒ ဆိုတာ … တကယ်တမ်း လူ့ဘ၀ရဲ့ …ခပ်ထေ့ထေ့ လှောင်ရယ်သံ တစ်ခု ”.. လား ။ လှိုက်လှိုက်လှဲလှဲ ကမ်းတဲ့ လက်တစ်စုံဟာ အသာစီးယူ ကျောခိုင်းခံရတဲ့အခါ ပြည့်ပြည့်၀၀ မေတ္တာတွေ … နာနာကျင်ကျင် အဆိပ်တက်ခဲ့..တယ် ၊ ကဲ့ … ဘာနဲ့ ပြန်ဆေးကြော .. မလဲ ။ ကျောချင်းကပ် အနေအထားမှာ ကျောခိုင်းရပ်နေကြမှတော့ … ဆန္ဒပြု ပျံသန်းမယ့် အတောင်ပံတွေ … လည်း ဆွံ့အ … လို့ … ။ အနီးဆုံးက နင့်မျက်နှာကိုလည်း ငါ … မဖတ်တော့ဘူး … ။ အဝေးဆုံးက နင့်စိတ်ကိုလည်း ငါ … မဖတ်တော့ဘူး ။ ဒီလမ်းခွဲကနေ …. ဘယ်သူမှ ခြေတစ်လှမ်း မရွေ့သေးသရွေ့ ၊ ဒီ အမှတ်တရ ရပ်ဝန်းဟာ သိပ်ကို မိုးရာသီ ဆန်ခဲ့လွန်း … လို့ ၊ ကျောခိုင်းထားတဲ့ ရင်ဘတ်တစ်ခြမ်း မှာ … ၊ ရွာရန်ရာနှုန်းပြည့် ထက်တောင် … ပြည့်မှီကျော်လွန်နေခဲ့ ပါပြီ … ။ ။ “လေပြည်ချမ်းချမ်း”

" ရပ်တည်ချက်တွေ အကြောင်း "

" ရပ်တည်ချက်တွေ အကြောင်း " တစ်ချို့က ... အနားကို ရောက်လာတယ် ...။ ပြုံးပြပြီး ... ၊ ပြန် ထွက်သွားကြတယ် ... ။ တစ်ချို့က ... အနားကို ရောက်လာတယ် ... ၊ မဲ့ပြပြီး ... အဝေးကို ထွက်သွားကြတယ် ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နေတဲ့ ငါက ... ၊ လေတိုက်တိုင်း လွင့်တတ်တဲ့ စိတ်နဲ့ အတွင်းဒဏ်ရာတွေပဲ ... နက်သထက် နက်လာတယ် ။ မယုံသင်္ကာစကား ၊ လာမပြောပါနဲ့ နားခါးတယ် ... ။ ဘယ်သူ့အထင်အမြင်တွေကများ ငါ့ကိုယ်ငါထက် ... ပို မှန်နိုင်ဦးမှာလဲ ... ။ နောက်ကျော ဓါးနဲ့ထိုးဖို့လည်း အနားကပ်မလာစေလို ၊ လှည့်ကွက်နဲ့ ကစားတတ်တဲ့ စိတ်ဓါတ်ဆိုးညစ်ညစ်နဲ့လည်း လိုက်မပတ်သက်စေလို ... ၊ " ရပ်တည်ချက်" တစ်ခုမှာ " ရည်မှန်းချက်" ဆိုတာ ရှိခဲ့ရင် ... ၊ " ပန်းတိုင်" ကို လှမ်းမြင်ဖို့ ... " ကြားခံ " ဘာတွေကို " မှုန်ဝါး " ပစ်ဖို့ လိုမလဲ ။ ငါကတော့ ...၊ နေသာအောင် ဖြေလျော့တတ်တဲ့ စိတ်နဲ့၊ “ငါ “ ဆိုတဲ့ စစ်မှန်ခြင်းတွေနဲ့ ၊ ရှေ့ကိုပဲ ... ခပ်မှန်မှန် ဆက်လျှောက်နေဦးမယ် ... ။ ။ " လေပြည်ချမ်းချမ်း " Oct 26th ; 2012 12:56 am ; Friday !

"အသည်းကွဲ အထူးကု"

  ကောင်းကင်မှာ သက်တန့်ကြီးတစ်ခုကို မြင်ဖူးပါသလား ။ မိုးရွာပြီးစ ရှင်းသန့်ပြာလွင်သော ကောင်းကင်မှာ သက်တန့်ကြီးက လေးကိုင်းသဏ္ဍာန် ကွေးညွတ်နေသည် ။ အုံ့မှိုင်းသော တိမ်ထု ၊ စွတ်စိုထိုင်းမှိုင်းသော ရာသီဥတုက စိတ်ကိုထုံထိုင်းလေးလံစေခဲ့သမျှ … ၊ သက်တန့်ကြီး၏ သင်္ကေတကတော့ ရာသီဥတုသာယာကြည်လင်ခြင်းကို ဖော်ညွှန်းသည် ။ သူ၏ စုံလင်ရွှန်းလက်သော အရောင်အသွေးတွေက ဘ၀၏ ချိုလွင်သာယာသော အပိုင်းအစတွေလို … ။ “ဘ၀” မှာ သက်တန့်ကြီးကို မြင်တွေ့ ကြည်နူးခွင့်ရသော အခိုက်အတန့်တွေက ရှားပါးလှပါသည် ။ လူသားတိုင်း “ဘ၀” ဟူသော လမ်းမရှည်ကြီးပေါ်မှာ ပစ်ချခံလိုက်ရချိန်မှစ၍ှ အရင်ဦးဆုံး မဖြစ်မနေ သင်ယူခဲ့ရတာက ကိုယ့်ဘာသာကိုယ် လမ်းလျှောက်တတ်ဖို့ ဖြစ်သည်။ ဘ၀လမ်းမှာ တွက်ချက်ရမည့်ပုစ္ဆာတွေ စီတန်းပြီး စောင့်ကြိုနေခဲ့သည် ။ သက္ကရာဇ်တွေကို အချိန်ရေစီးကတိုက်စားပြီး .. “ ဘ၀ ” ဆိုတာ တဖြည်းဖြည်းတော့ ရင့်မှည့်လာရစမြဲ။ ငယ်ဘ၀ စာသင်ခန်းထဲမှာ ပုစ္ဆာတွေတွက်ချက်ရင်း … အချိန်တန်တော့ လက်တွေ့ဘ၀မှာ ပုစ္ဆာတွေ လက်တွေ့ဖြေရှင်းရပြီ။ ပုစ္ဆာတွေချတွက်ရင်း ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ဒီလမ်းမထက်မှာပဲ နှလုံးသားတွေခိုနားဖို့ အသည်းပုံက...

“ မုန်း ”

“ မုန်း ” ဟန်ဆောင်ကောင်းတဲ့ ငှက်ကလေး တဒေါက်ဒေါက်နဲ့ ... ငါ့ရင်တံခါးကို လာခေါက်တော့ ငါ့ သွေးကြောထဲ .. တွေဝေမှုတွေ စီးဆင်း .. တုန်း ။ ကွေ့ကောက်ရှည်လျားတဲ့ လမ်းမရှည်ကြီးလို အဆုံးအစမသိတဲ့ သမုဒ္ဒရာပြင်ကျယ်ကြီးလို အတိုင်းအဆမရှိတဲ့ မိုးသားပြာပြာလို ၊ လွင့်ကျလာတဲ့ အပြုံးတစ်စုံ … က တကယ်လည်း ဖမ်းဆုပ်ကြည့်တော့ အိပ်မက်သက်သက် ဆန်လွန်းတယ် ။ အားမနာစတမ်း မုန်းရရင် … အိပ်မက်ကို အသက်သွင်းတတ်တဲ့ “ ည” ကို မုန်းတယ် ။ လရောင်ချိုကို တိမ်းမူးတဲ့ ကြယ်တွေကို မုန်းတယ် ။ ကြိုးညှိပြီး မတီးခတ်ဖြစ်တဲ့ ဂီတာတစ်လက်ကို မုန်းတယ် ။ သေချာနားမလည်တဲ့ ပုစ္ဆာတစ်ပုဒ်ကို ရင်ဘတ်ထဲ ထည့်ထားရတာမုန်းတယ် ။ မရေရာခြင်းတွေ ကျိုချက်ပြီး ဝေခွဲမရနိုင်မှုတွေ ငှဲ့သောက်ရတာ မုန်းတယ် ။ ခု .. တော့ ပြုံးပြလိုက်တိုင်း ပြန်မဖြူကြတော့ဘူး ။ တစ်ချိန်က ရိုးသားခြင်းတွေကိုပဲ .. ခု … ငါ …လွမ်း … မိ … ပါ .. တယ် ။ ။ "လေပြည်ချမ်းချမ်း" 29th, November Tuesday ;2011 !

“ အမြဲစိမ်း ”

“ အမြဲစိမ်း ” ငါ့ရဲ့ အမြဲစိမ်းသစ်ပင်လေး အစိမ်းရောင်… ဖြစ်ဖြစ် ပန်းလေးတစ်ပွင့်တောင် ... ၊ မပွင့်ဝေခဲ့ဘူး ။ မိုးရေကြိုက်တာ မင်းသဘာဝ နှုတ်ဆိတ်နေတတ်တာ မင်းအတ္တ ငါ့ဘက်ကလည်း မျှော်လင့်ခြင်းကို နက်နက်ရှိုင်းရှိုင်း ထိုးသိပ်ပျိုးထောင်ခဲ့လေတော့ …၊ စိတ်လိုလက်ရ ကြေကြေကွဲကွဲအပြုံးတွေ လွင့်မျောနေဆဲ တိမ်စိုင်တွေမှာ ခိုတွဲလို့ …၊ မင်းခြယ်ထားတဲ့ အစိမ်းရောင်ကမ္ဘာမှာ အစိမ်းရောင်ကဗျာတွေပဲ အသက်ဝင်နေပြီ ။ ခပ်စိမ်းစိမ်းနေဖို့ မင်းဘက်ကသွေးရဲရင် ၊ ငါ့ကြေကွဲမှုဆိုတာ ဘာရောင်လဲ … မင်း သိဖို့ ….မလိုတော့ပါဘူး။ အစိမ်းရောင်နှောင်ကြိုးဆိုတာ … သံယောဇဉ်ကို ရစ်နှောင်ဖို့ ၊ မခိုင်ခံ့ဆုံး ကြိုးတစ်ချောင်း ဖြစ်နေလို့ပဲ ဒီပွဲမှာ .. ငါ အရှုံးပေးလိုက်တယ် ။ အစိမ်းရောင် မိုးရေစက်တွေနဲ့ မှတ်ဥာဏ်စိမ်းသစ်တောတစ်ခုမှာ အမြဲစိမ်းသစ်ပင်လေးတစ်ပင် ထာဝရ ရှင်သန်ရင်း ... ၊ နေရစ်ခဲ့ပါတော့ကွာ … ။ ။ “လေပြည်ချမ်းချမ်း” 18th, March 2012; 15:31 pm, Sunday!

" မျက်နှာဖုံး "

" မျက်နှာဖုံး " ဟန်ဆောင်မျက်နှာဖုံးတွေအောက်က အပြုံးတုတွေကို မုန်းတယ် အပြုံးဆိုတာ … သန့်စင်မှ တန်ဖိုးမြင့်တတ်တာမျိုး … ။ ထောင်မြင်ရာစွန့်ခြင်းမျိုး ၊ လိုချင်တာရဖို့ … သိက္ခာကို ထိုးကျွေးခြင်းမျိုး အကျွမ်းမ၀င်တတ်ခဲ့ဘူး … ။ လူထဲက လူ မဖြစ်ချင်ဘူး ။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား အကြံအစည်များတဲ့ စိတ်ဓါတ်တွေ ဥပေက္ခာတရားကို လာ..လာဆွတတ်လွန်းလို့ ။ အိပ်မက်အတိုင်း ..လမ်းလျှောက်ခဲ့သူ တစ်ယောက်တည်းလည်း တောက်ပရဲတယ် ။ နှုတ်ခမ်းမှာ ဆေးသကြားတွေ သုတ်လိမ်းပြီးမှ စိတ်ဓါတ်ကို အဆိပ်လာလာမခတ်ပါနဲ့... ။ အရိုးသားဆုံးစိတ်မှာ အနံ့ဆိုးတွေနဲ့ မလှောင်အိုက်ချင်လို့ နှလုံးအိမ်ရဲ့ ပြတင်းတံခါးမှာ ဥပေက္ခာတရား အမြဲတမ်း လွှတ်တင်ထားပါတယ် ။ ။ “လေပြည်ချမ်းချမ်း” [ August 2012, ကလျာ မဂ္ဂဇင်း ]

" မေ့ဆေး "

  " မေ့ဆေး " အချစ် ဟာ ... ပုပ်အက်လွယ်တဲ့ သစ်သီးတစ်လုံး ဖြစ်နေခဲ့မယ် ဆိုရင် … တစ်ချိန်ချိန်မှာတော့ စွန့်ပစ်ထားခဲ့ရမှာပေါ့ … ။ ကမ္ဘာပေါ်မှာ သစ်ပင်တွေ ရှိနေသေးသရွေ့၊ တစ်သက်တာလုံး မွှေးပျံ့သွားမယ့် သစ်သီးတစ်လုံးကို … ရွေးချယ် ဆွတ်ခူးဖို့ … တတ်နိုင်ပါလိမ့်မယ် ။ ဘ၀ … ကို ဘောင်ခတ်မထားမှ ရှေ့ဆက်လျှောက်ဖို့ လမ်းကို … တွေ့ရမယ် ။ အတိတ် ဆိုတာ ဒဏ်ရာဆိုတဲ့ အင်္ကျီတစ်ထည် ဖြစ်ခဲ့ရင် ဘာကြောင့်များ အနာခံပြီး ဆက်ဝတ်နေရဦးမလဲ … ။ အလွမ်းဆိုတာ … တိမ်တွေလိုပဲ ဝေးလေ လွင့်လေ ၊ အနာဆိုတာလည်း .. ပျောက်ကာနီးလေ ပိုခံရခက်လေ … ။ တစ်နေ့တော့ ဆဲလ်အသစ်နဲ့ အသားမာတက်သွားရင် ဘ၀ဆိုတာမျိုးက … သူ့အလိုလို ... နေပျော်ကျေနပ်သွားလိမ့်မယ် ။ ထင်ကျန်ရစ်ခဲ့တဲ့ အမာရွတ် … တဲ့လား ။ ဒါတော့ … တစ်သက်စာ အမှတ်တရ ပေါ့ ။ မရှည်လျားတဲ့ ဘ၀ရဲ့ အခိုက်အတန့်များမှာ … ပြန်လှည့်ကြည့်ဖို့မလိုတော့တဲ့ ခြေရာတွေကို … ဒီအတိုင်းထားခဲ့ ၊ ပေါ့ပေါ့ပါးပါးပဲ ... ဆက်လျှောက်သွားမယ် … ။ ။   “ လေပြည်ချမ်းချမ်း ” June 15th, 2012 12:49 am : Friday !

" အချစ် နှင့် စာအုပ်စင် "

  " အချစ် နှင့် စာအုပ်စင် " အချစ် …. တစ်နေ့တစ်နေ့ သူ့မျက်နှာကို ကျွန်တော် ဖတ်တယ် ။ သူပျော်ရင် လိုက်ပျော် … သူငိုရင် လိုက်ငို … ဘာမဆို သူ့အလိုကျ Professional Drama တစ်ပုဒ်ကို တစ်နေ့ချင်း ကျွန်တော်ရေးတယ် ။ တစ်ခုသော စာအုပ်စင်ပေါ်က ကျွန်တော့်ရဲ့ စာအုပ်လေးတစ်အုပ် …. တစ်နေ့တစ်နေ့ .. သူ့မျက်နှာတွေကို ကျွန်တော် ဖတ်တယ် ။ ကျွန်တော့်စိတ်ရဲ့ လိုအပ်နေတဲ့ ကွက်လပ်တွေ …. သူက ဖြည့်တယ် ။ ကျွန်တော့်ရဲ့ ခက်ခက်ခဲခဲ ပုစ္ဆာတွေအတွက် … တိကျမှန်ကန်တဲ့ အဖြေတစ်ခု ၊ သူ့မှာ …ရှိနေတတ်တယ် ။ အဖွင့် မျက်နှာဖုံးတစ်ရွက် အပိတ်ကတ်ထူ တစ်ရွက်ကြား အတွေးအခေါ်တွေ ပျံဝဲစေရင်း ကျွန်တော့် အတွေ့အကြုံဘဏ်တိုက်ကို (သူက …) ကြွယ်ဝအောင် ဖြည့်တင်းတယ် ။ ဒီလိုနဲ့ …. ကျွန်တော့်ရဲ့ ဘ၀ Album မှာ … ပေးဆပ်ရမယ့် အချစ်တစ်ခုနဲ့ ၊ စာအုပ်စင် တစ်ခု ကို … အသေအချာ .. ခင်းကျင်းထားခဲ့ပါတယ် ။ ။ “ လေပြည်ချမ်းချမ်း ” 9th, May 2012 ! Wednesday , 4:30 pm !!

" အဖေ "

" အဖေ " ကျွန်တော် “ ၄ နှစ်သားတုန်းက ” … ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ် ။ “ ၅ နှစ် ” ….. ငါ့ဖေဖေကြီး မသိတာဘာမှမရှိဘူး ။ “ ၆ နှစ် ” … ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ ။ “ ၈ နှစ် ” … တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဘူး ။ “ ၁၀ နှစ် ” … အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့က တခြားစီပဲ။ “ ၁၂ နှစ် ” … အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ ၊ သူက အသက်သိပ်ကြီးပြီဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး ။ “ ၁၄ နှစ် ” … အဖေတော့ ထည့်ပြောမနေနဲ့ ၊ သူက ရှေးရိုးသမားကြီး ။ “ ၂၁ နှစ် ” … အဘိုးကြီးလား … ထားပါ၊ အောက်နေပြီ၊ လုံးဝအောက်နေပြီ ။ “ ၂၅ နှစ် ” … အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ ။ “ ၃၀ နှစ် ” … အဖေ့ကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြော သူကအတွေ့အကြုံအများကြီးရှိတယ် ။ “ ၃၅ နှစ် ” … အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါ တစ်ခုခုလုပ်နိုင်မယ် ။ “ ၄၀ ” … အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲမသိဘူး ၊ အဖေက အတွေ့အကြုံစုံတယ်၊ အမြော်အမြင်လည်း ရှိတယ် ။ “ ၅၀ ” … ဒီကိစ္စ အခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆို...

“ ချစ်ခြင်း၏ အက္ခရာများ ”

  “ ချစ်ခြင်း၏ အက္ခရာများ ” အသည်းမာတတ်သွားပြီ ၊ နာကျင်ခြင်းတွေမှာ အပြုံးမပျက် တိတ်တိတ်လေး … ငိုကြွေးတတ်သွားပြီ ။ ပျော်ရွှင်တိုင်း ဦးဦးဖျားဖျားတိုင်တည်ချင်ခဲ့ ငိုချင်တိုင်း အပြေးခိုဝင်ချင်ခဲ့ အနီးဆုံးရှိခွင့် အဖြူစင်ဆုံးအိပ်မက်တွေ အေးစက်စက် လှောင်ပြုံးတစ်ချက်မှာ ဖျတ်ခနဲ ရင့်ကျက်တတ်သွားပြီ ။ တစ်လှမ်းစာ ရှေ့တိုးတိုင်း နှစ်လှမ်း ပိုဝေးကွာသွားတတ်တဲ့ နင်တီထွင်တဲ့ဂိမ်းမှာ ငါဟာ … လှလှပပ ကျိန်စာသင့်ခဲ့သူပေါ့ ။ မရင့်ကျက်သေးတဲ့ စက်ဘီးကလေးဟာ လှောင်ရယ်သံတွေကြားမှာ အခါခါ လဲကျတယ် … ။ ဒဏ်ရာတွေ ပွင့်ဝေတဲ့လမ်းမှာ ဘယ်လို …. ကာရံတွေ လှပတာ မြင်ခဲ့ဖူး … လဲ ။ ၀ရံတာကို မှီငေး ဒဏ်ရာတွေနဲ့ ညနေခင်းတွေ ၊ ကြယ်ကလေးတွေနဲ့ လက်ခနဲ အကြည့်တစ်ချက်ဆုံဖို့ ၀ရံတာ အစွန်းကို မကြာခဏ တက်ရပ်ခဲ့ဖူးသလိုမျိုး … ၊ အချစ် ဆိုတာ … အသိမ်မွေ့ဆုံး နစ်ဝင်ခဲ့တဲ့ အဖြူစင်ဆုံး စိတ်ဆန္ဒတွေရဲ့ အဆုံးစွန် ရူးသွပ်ခြင်းတစ်မျိုး … ဖြစ် .. ခဲ့ .. တယ် ။ ။    “လေပြည်ချမ်းချမ်း” 18 th, May 2012 ; Friday, 11:34 pm !

" ကျောင်းဖွင့်ချိန် "

" ကျောင်းဖွင့်ချိန် " ဖွေးဖွေးဖြူပွင့် တဝေေ၀ ခက်လက်ရွက်သစ် ခပ်စိမ်းစိမ်း ဇွန်မိုးရေစက် ခပ်သည်းသည်း ၊ ဒီအချိန်ဆို … ဟိုးခပ်ဝေးဝေး … ကျောင်းမြေနီလမ်းကလေးလည်း ခေါင်းလောင်းသံတွေ … ချိုချိုလွင်လွင် ညံဝေနေပြီ … ။ ။ “ လေပြည်ချမ်းချမ်း ” 1 June 2012

" Skyscraper "

  " Skyscraper " ကိုယ်တိုင် တီထွင်ပြီး ထိန်းချုပ်ဖို့ Remote မရှိတဲ့ အချိန် Projector ကြီးပေါ်မှာ သက္ကရာဇ်တွေ တစ်ရစ်တက်တိုင်း ဘ၀ ခုနှစ် အပိုင်းအစတွေ စနစ်တကျ …. စီစီရီရီ အုတ်မြစ်ချလာခဲ့ … ။ အခုတော့ ကိုယ့်ဘ၀အဆောက်အဦမှာ ကိုယ် ကိုယ်တိုင်က Designer ။ ကိုယ့် Decoration အားဖြည့်မှုနဲ့ ကိုယ်ပိုင်တံဆိပ် ခပ်နှိပ်ရမယ့် ၊ ကိုယ့်ရဲ့ မော်ကွန်းတင် Sign Board ဟာ တသီးတသန့် ခမ်းခမ်းနားနား ။ ကမ္ဘာ့လူတန်းစား အိပ်မက်မှာ … နားချင်တယ် ….. ။ အိပ်မက်တွေ နောက်လိုက်ရင်း ဆန္ဒတွေ မုန်တိုင်းမိခဲ့ရင် စိတ်အားထက်သန်မှု ယုံကြည်ချက်ကို ရိုးသားမှုတံတိုင်းနဲ့ ကြံ့ကြံ့ခံကာရံပေးပါ ။ မုန်တိုင်းပြီးရင် … လေပြည်၊ မိုးရွာပြီးရင် … သက်တန့်၊ မည်းမှောင်တဲ့ တိမ်လေးတစ်စမှာတောင် ငွေရောင်အနားသတ် တော့ တောက်ပနေတတ်စမြဲ ။ အချိန်ကျလာရင် ပိတ်သားပြင်မဟုတ်တော့တဲ့ LCD Projector မှာ ငါရဲ့ Class ဟာ ကမ္ဘာကိုချပြရမယ့် အခမ်းနားဆုံး Skyscraper … ။ ။   “လေပြည်ချမ်းချမ်း” 17th May, 2012 Thursday, 11:51 am !

" မေတ္တာဖြင့် ... "

  " မေတ္တာဖြင့် ... " ပန်းတွေ ပွင့်ဝေမယ့် လမ်းတွေလား … စမ်းတွေ ခမ်းစေမယ့် လမ်းတွေလား .. မျှော်လင့်ချက်တွေ ထမ်းပိုးရင်းလျှောက်မှ စိမ်းလန်းရမယ့် လမ်းတွေတဲ့လား … ။ အနိုင် ဆိုတဲ့ စိတ်ကျေနပ်မှုလား … အရှုံး ဆိုတဲ့ သိမ်ငယ်တတ်မှုလား … ညီမျှခြင်းမကျတဲ့ အချိုးတွေထဲ စိတ်အားငယ်တတ်မှုတွေ … သင်ယူတတ်မြောက်ခဲ့ပြီလား ။ အလျားအနံ မရှိမှုလား … အသွားအပြန် မရှိမှုလား … အပေးအယူဆန်တဲ့ လောကကြီးမှာ မေတ္တာ ဆိုတာ … ပေးတိုင်းပြန်မရလည်း မြေကြီးဆန်ဆန် အေးချမ်းတယ် ။ အမှားအမှန်ကို ငြင်းခုံရင်း ကိုယ်ပိုင်ယုံကြည်ချက်ရဲ့အစွန်းတစ်ဖက်မှာ တစ်ခါတစ်လေတော့ … ကိုယ့်ခံယူချက်တွေနဲ့ ကိုယ့်ထောင်ချောက်မှာ ကိုယ် … ပိတ်မိတယ် ။ မာနရောင် တောက်ပတဲ့ အတ္တ ခပ်ပြင်းပြင်းခြယ်သပြီး … အစိမ်းရောင် မျက်မှန်တစ်လက်နဲ့ … ကျေးဇူးပြုပြီး … လှမ်းမကြည့်ပါနဲ့ ။ မေတ္တာတရားရဲ့ ပြိုင်ဘက်တွေအားလုံးဟာ တစ်နေ့တော့ … လောကဓံကြိုးဝိုင်းမှာ ဒူးထောက်ဝပ်ဆင်းသွားကြရစမြဲ …။ ဒါပေမယ့် .. နှလုံးသားလေးတွေတော့ … အစစ်အမှန် ငြိမ်းချမ်းရေး ရရှိသွားခဲ့ကြပါတယ် ။ ။   “လေပြည်ချမ်းချမ်း” April 8th, 2012 11:27 am ...

" Modern Joker "

  " Modern Joker " ဒီပုစ္ဆာတစ်ပုဒ်ကို ထပ်တလဲလဲတွက်ချက်အဖြေထုတ်ရင်း ငါ့ရဲ့ အဖြေလွှာစာရွက်မှာ အနီရောင်ကြက်ခြေခတ်တွေပဲ .. ထပ်တိုးလာတယ် ။ ပေးထားချက်က … “ အချစ် ” ဆိုရင် ညီမျှခြင်းရဲ့ တစ်ဖက်မှာ ရင်ခုန်သံ တွေကို … ငါက .. ဖြည့်စွက်တယ် ။ ပေးထားချက်က … “ အလွမ်း ” ဆိုရင် ညီမျှခြင်းရဲ့ တစ်ဖက်မှာ ခါးသီးတဲ့မျက်ရည်စက်တွေကို ငါက .. ဖြည့်စွက်တယ် ။ ပေးထားချက်က … “အပြုံး ” ဆိုရင် ညီမျှခြင်းရဲ့ တစ်ဖက်မှာ ကြည်နူးဆွတ်ပျံ့ခြင်းတွေကို ငါက .. ဖြည့်စွက်တယ် ။ ပေးထားချက်က … “ အမုန်း ”ဆိုရင် ညီမျှခြင်းရဲ့ တစ်ဖက်မှာ နားလည်မှု ပြတ်လပ်ခြင်း ကို ငါက … ဖြည့်စွက်တယ် ။ ပေးထားချက် အရပဲ … ငါလည်း တွက်ခဲ့တာပါ …၊ အဖြေမမှန်တာဟာ စစ်သူနဲ့ရော …. ဆိုင်နေနိုင်သလား ။ ငါ့ဘက်ကသာ မေးခွန်းထုတ်ခွင့်ရရင် မင်းအဖြေလွှာဟာ Credit ဖြစ်မှာသေချာပါတယ် ... ။ ပြောင်းလဲခြင်းတွေ မရပ်တန့်နိုင်တဲ့ 21 ဆိုတဲ့ ရာစုကိန်းဂဏန်းမှာ R & B တွေ ပိုမြူးကြွလာသလို K-Pop ကလည်း ပြုစားတယ် ။ ငါလည်း … အသည်းကွဲလို့ ဂျိုကာတစ်ကောင် ဖြစ်သွားရင် … (သင် …) သိပ် အံ့သြမသွားပါနဲ့ …။ ငိုနေတာထက် ပြုံးနေတ...

" Life Corners with Colours " ( ကျွန်မတို့နှင့် အရောင်များ )

" Life Corners with Colours " ( ကျွန်မတို့နှင့် အရောင်များ ) ကမ္ဘာကြီးသည် အရောင်များနှင့် ဖွဲ့စည်းထားသော စကြ၀ဠာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ စကြ၀ဠာထဲမှ နေ၏ အရောင်သည် အ၀ါရောင်ဖြစ်သည် ဟု ကျွန်မဆိုတော့.. ကျွန်မ၏ သူငယ်ချင်းတစ်ယောက်က.. ငြင်းသည်။ နေ၏အရောင်က အနီရောင်ဟု သူကဆိုသည်။ နောက်တစ်ယောက်ကမူ နေ၏အရောင်သည် လိမ္မော်ရောင်ဖြစ်သည်ဟု .. ဆိုပြန်သည်။ တကယ်တမ်း အမှန်တရားဆိုသည်မှာ .. တစ်ခုတည်းသာ ရှိသည်ဟု အားလုံးလက်ခံထားကြလျှင် ကျွန်မတို့ထဲမှ နှစ်ယောက်ကတော့ သေချာပေါက်မှားတော့မည် ဖြစ်သည်။ သို့သော် … ကျွန်မပြန်စဉ်းစားကြည့်တော့ ကျွန်မတို့အားလုံး မမှားနိုင်ဟု ကျွန်မထင်သည်။ အဘယ်ကြောင့်ဆိုသော် .. ကျွန်မက နေကို မွန်းတည့်ချိန်နှင့်ကပ်လျက် အချိန်မှာကြည့်သောကြောင့် နေ၏အရောင်က အ၀ါလွင်ဆုံး ဖြစ်နေခဲ့သည်။ အနီရောင်ဟု သတ်မှတ်သော သူငယ်ချင်းကတော့ အရုဏ်ဦး နေတက်ချိန်မှာ.. ကြည့်ခဲ့သောကြောင့်ဖြစ်သည်။ လိမ္မော်ရောင်ဟု ဆိုသောသူငယ်ချင်းကတော့ ဆည်းဆာချိန်အနီးနားမှာ ကြည့်ခဲ့မိတာကြောင့် ဖြစ်ပေလိမ့်မည်။ အရာဝတ္ထုတစ်ခုအပေါ် ခံစားချက်အားသန်သော အချိန်အလိုက် ကြည့်ရှုရင်း ..ကျွန်မတို့၏ ကိုယ်ပိုင်အမှန်တရားကို က...

"ခေတ်သစ်ရဲ့ နှစ်သစ် ရိုးရာသင်္ကြန် "

  "ခေတ်သစ်ရဲ့ နှစ်သစ် ရိုးရာသင်္ကြန် " မရိုးနိုင်တဲ့ တီးလုံးတွေကို တစ်နှစ်တစ်ခါ .. Upgrade လုပ်ပြီး တန်ခူး က … တီးခတ်တယ် ။ ခေတ်အဆက်ဆက် ရာဇ၀င်သမိုင်းကြောင်းမှာ … အလွမ်းဇာတ်လိုက်ကြီးဖြစ်တဲ့ ဖိုးဥသြရဲ့ အသံခလုတ်နဲ့ … နွေဦးကန့်လန့်ကာကို … အသာအယာ ဆွဲဖွင့်ပြီးနောက် … ၊ “ လက်ဆေးမိုး ” သာ ရွာသွန်းဖြိုးခဲ့မယ်ဆို … နုခက်သစ် အရွက်စိမ်းနဲ့ … ရွှေသွေးခြယ် ပိတောက်တွေ ၊ လေပြည်မှာ ယိမ်းနွဲ့လို့ … မြိုင်မြိုင်ဆိုင်ဆိုင် ကကြတော့မယ် ။ သင်္ကြန် … ရေ ( ရိုးရာမပျက်ပါပဲ …. ) တစ်ဆယ့်နှစ်လရာသီရဲ့ ပွဲမှာ … မင်းက … အလှဘုရင်မအဖြစ် ဗိုလ်စွဲထားတုန်းပဲ …လေ ။ ။ “ လေပြည်ချမ်းချမ်း ” 1:45pm ; Wednesday April 4th; 2012 !

" အချစ် မညီမျှခြင်း ပေးဆပ်မှု "

  " အချစ် မညီမျှခြင်း ပေးဆပ်မှု " "အချစ်" ဆိုတဲ့ တက္ကသိုလ်မှာ "ပေးဆပ်ခြင်း" ဘာသာရပ်ကို အဓိကဘာသာတွဲအဖြစ် ယူခဲ့တယ် ။ နာကျင်ခြင်းတွေ အခန်းဆက်သင်ကြားရင်း မပျက်မကွက် … အတန်းတက်ခဲ့ပါတယ် ။ တကယ့် တကယ်တမ်း လက်တွေ့ခန်းမှာ အချစ်တစ်ခုကို စနစ်တကျစမ်းသပ်ဖေါ်ထုတ်တော့ အယောင်ယောင်အမှားမှားနဲ့.. ကျရှုံးတယ် ။ နားလည်မှု ဆိုတဲ့ … Atom တစ်မျိုး … လိုအပ်နေခဲ့လို့ … ။ အချစ်ဆိုတာ နားလည်မှု atom နှစ်ဆ၊ ရင်ခုန်သံ atom တစ်ဆနဲ့ ပေါင်းစပ်ထားတဲ့ Molecule တစ်ခုဆိုရင် …၊ ကိုယ်စီ …ကိုယ်စီပြဋ္ဌာန်းမယ့် … နားလည်မှုသင်ရိုးကျေညက်ဖို့ (လိုအပ်ရင် …) (ငါတို့ …) သူငယ်တန်းထိပြန်ဆင်းကြမယ် … ။ ။   “ လေပြည်ချမ်းချမ်း ” March 7th, 2012 ! 9:56pm !

"တင်းနစ်ကစားပွဲ " [Life in Tennis Match ]

  "တင်းနစ်ကစားပွဲ " [Life in Tennis Match ]   ယှဉ်ပြိုင်မှုတိုင်းဟာ ရှုံးထွက်ပွဲစဉ်ချည်းပဲ … ။ နှစ်ခါပြန်မရတဲ့ အခွင့်အရေးအတွက် အမှားပြင်ဆင်ချက် မလိုအပ်ဘူး ။ Unforced Error ဆိုတာ ကိုယ့်ကိုကိုယ် ပြန်သတ်တဲ့လက်နက်။ ကိုယ့်အားနည်းချက်ဆိုတာ သူတစ်ပါးအတွက် နိုင်ကွက် …။ သူတစ်ပါးရဲ့ Twist အတွက် ကိုယ့်မှာ … Return ခပ်ကောင်းကောင်းတော့ ရှိဖို့ လိုအပ်တယ်။ မျက်လှည့်ပြကွက်တစ်ခုလို ဗေဒင်ယတြာတစ်ခုလို ၊ ထင်ကြေးနဲ့ပုံဖေါ်တဲ့ အမှန်တရားတစ်ခု .. မဟုတ်ခဲ့ ။ မနိုင်ရင် ရှုံးမယ် ၊ မရှုံးရင် နိုင်မယ် … ရိုးစင်းလှတဲ့အမှန်တရားအတွက် သရေရလဒ် မရှိတဲ့ ပြကွက်တစ်ခုသာဖြစ်တယ်။ အမှားတွေ အခါခါထပ်၊ Deuce တွေ အခါခါတက်ပြီး၊ ဒီလိုနဲ့ … ပွဲစဉ် အဆုံးသတ်ဟာ တဖြည်းဖြည်းချင်း… နီးကပ်၊ ဘယ်သူကများ သက်လုံ ပိုကောင်းခဲ့လိမ့်မလဲ … အဆုံးအဖြတ်ရလဒ်ဟာ အဲဒီမှာ ကျောချင်းကပ် .. ရပ်လို့ ။ ပြုတ်ကျခဲ့မှာလား …၊ ဆက်တက်လှမ်းခွင့်ရမလား ၊ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတတ်ခဲ့ပြီလား ။ အနိုင်ဆီဖောက်မယ့်လမ်း အရှုံးတွေနဲ့ … ခင်းထားတတ်တာ .. ဆန်းမှမဆန်းဘဲလေ ။ အချိန်တိုင်းအတွက် (ငါတို့ ..) ဆက်လျှောက်နေဖို့ပဲ...

“ ကြယ်ကလေးရဲ့ FM ”

  “ ကြယ်ကလေးရဲ့ FM ” ဆည်းလည်းသံလေးလို ပင်လယ်ရဲ့ဂီတသံ … မှာ ဒီတစ်ညတော့ .. ကြယ်တွေတောင် …မျက်တောင်ခတ်ဖို့မေ့သွားလေရဲ့ ။ ပန်းချီကားတစ်ချပ်ရဲ့ ဆေးရောင်တွေလို ကဗျာတစ်ပုဒ်ရဲ့ ခဲရာခဲဆစ်ကာရံတွေလို ဝေ့ဝေ့၀ိုက်ဝိုက် ရစ်ခွေသွားတဲ့ မြစ်တစ်စင်းရဲ့ သံစဉ်အဘိဓာန်မှာ … ကြယ်တွေ ဘယ်လောက်များများ ခိုဝင်နားခဲ့ဖူး …. လဲ ။ အမြဲစီးဆင်း … မြစ်တစ်စင်းရဲ့ ပင်လယ်အဖြစ် ပြောင်းလဲတည်တံ့ခြင်းမှာ လှုပ်ခတ်စီးကျလာတဲ့ သံစဉ်လေးတွေ …၊ (ဒါတွေကို …) နှလုံးသားနဲ့ ဖမ်းယူနားဆင်ဖို့ ဘယ် FM မှာများ လွှတ်တင်ထားပြီ လဲ ။ ဖြစ်နိုင်မယ်ဆို …. FM တစ်ခုတည်းကပဲ မူပိုင်ခွင့်ရချင်တယ် … (… ပင်လယ်ရဲ့…) ခမ်းနားချိုလွင်တဲ့ သံစဉ်တွေနဲ့ နေ့သစ်တိုင်းအတွက် သာယာချိုမြိန်တဲ့ ဆေးရောင်ခြယ်ခွင့်ရချင်လို့ … ။ ။ “ လေပြည်ချမ်းချမ်း ” Feb 20th, 15:40 pm Monday !!!

“လေးကြောင်းမျဉ်း”

  “လေးကြောင်းမျဉ်း” ဘယ်တော့မှ … မဆုံနိုင်တာချင်း အတူတူ အသည်းမာတဲ့ မျဉ်းဖြောင့်တော့ မဟုတ်ခဲ့ဘူး ။ “ ဘ … ၀ ” ဆိုတာကို လမ်းကျဉ်းလေးထဲ ပစ်ထည့်ရင်း ဖြောင့်ဖြောင့်တန်းတန်း လျှောက်ဖို့ ကိုယ့်ကိုကိုယ် ခင်းပေးထားတယ် ။ လှလှပပ စီစီရီရီ … လက်ရေးစာလုံးလေးတွေ ငေးကြည့်ရင်း တစ်ချောင်းငင် လို ကိုယ့်ပေါ်တက်ရပ်ရပ်၊ နသတ် လို ကိုယ့်အပေါ်လာသတ်သတ်၊ မနာကျင်တတ်ဘဲ လမ်းလျှောက်တတ်ကာစ ကလေး … တည့်တည့်ဖြောင့်ဖြောင့် ဆက်လက်နင်းလျှောက်ဖို့ အားပေးမြဲ ။ ဒီလိုနဲ့ နောက်ဆုံးစာမျက်နှာ ရောက်လာတော့ ဒီစာအုပ်ကို .. လွှတ်ချခဲ့ကြတော့မယ် … ။ ဘောင်ခတ်မထားလိုတဲ့ စိတ်အတွေးနဲ့ လွတ်လပ်ခွင့်ပေးလိုက်တော့ … ၀ိုင်းစက်စက် လက်ရေးစာလုံးလေးတွေပဲ သူ့မှာ… အမှတ်တရကျန်နေခဲ့တယ် ။ အမြဲလုံးဝန်းနေတဲ့ ကမ္ဘာကြီးမှာ “ဘ ..၀ ” ထဲက “ ၀ ” လုံးလို အရာအားလုံးဟာ …. လှလှပပ ၀ိုင်းပတ်နေကြပြီး နောက်ဆုံးတစ်နေ့ … ကိုယ့်ဆီပဲ ပြန် လည်လာဦးမယ် … ။ သဏ္ဍာန်တူပြီး ဂုဏ်ရည်မတူတဲ့ “၀” လုံးနဲ့ သုည လို ပိန်လိုက် ဖောင်းလိုက် ဇာတ်ကွက်တွေကြားမှာ ဘ၀ ဇာတ်ဆရာကို လွယ်လွယ်လေး အရှုံးမပေးစေချင်ဘူး ။ “လဲရင် ပြန်ထ … ဒါဘ၀တဲ့ .. သတ္တိမွေးပါ ...

“ Valentine’s Day ”

“ Valentine’s Day ” ရင်ခုန်ခြင်းနဲ့ စီးဆင်းတဲ့ မြစ်တစ်စင်းရဲ့ … ပွဲတော် ။ လူပုဂ္ဂိုလ်နှစ်ဦးကြား မှားခေါ်မိတဲ့ Ph.No မဟုတ်ဘဲ သေချာချိန်းဆိုထားတဲ့ … သာယာချိုလွင်တဲ့ Ring Tone တစ်ခု ဖြစ်တယ် ။ စွယ်တော်ရွက်တွေ ဖုံးလွှမ်းနေတဲ့ ကမ္ဘာမြေရဲ့ အသစ်အဆန်းနေ့တစ်နေ့မှာ Newton အသစ်တစ်ယောက်ကို … မမျှော် နဲ့ … ။ ဒီကမ္ဘာပေါ်က … အနီရောင်ပန်းသီး မှန်သမျှ ဒီနေ့မှာပဲ … ကြွေကျသွားခဲ့ပြီ ။ ပန်းနုရောင် နှင်းဆီတစ်ခက်၊ အညိုရင့်ရောင် ချောကလက်နဲ့ အမှတ်တရ ကတ်ဒ်လေးတစ်ကတ်ဒ်ဟာ နှလုံးသားတံခါး တစ်ချပ်ရဲ့ Password လည်း ဖြစ်သွားနိုင်ရဲ့ … ။ ကြည်နူးခြင်းလှိုင်းကြက်ခွပ်တွေနဲ့ ပျားရည်မြစ်တစ်စင်းရဲ့ ကမ်းစပ်မှာ ဒီနေ့ .. လူအစည်ကားဆုံးပါပဲ ။ သတိ ပျားရည်မြစ်ကမ်းတစ်လျှောက် တစ်ယောက်တည်း လမ်းမလျှောက်ရ … ။ “လေပြည်ချမ်းချမ်း” [ Be Happy All my friends at Feb 14th of Valentine’s Day ,2012 :)* ]

" The Lovely Shoes for my lovely One "

" The Lovely Shoes for my lovely One " “ Personality … ” “ ကိုယ်ရည်ကိုယ်သွေး ” ဟူသော အဲသည်အင်္ဂလိပ်စာလုံးလေးသည် ကျွန်မဘ၀မှာ ဦးနှောက်ထဲ မကြာခဏရောက်လာတတ်သည် ။ ငယ်ငယ်လေးကတည်းက ကျွန်မက … အရာရာမှာ ခမ်းနားလှပမှ ကျေနပ်တတ်သူ။ ကျွန်မရည်မှန်းချက်ကလည်း မြင့်မြင့်မားမား ။ အမှတ်အမြင့်ဆုံးရမှ တက်ရောက်ရမည့် ဆေးကျောင်းဆိုတာကိုလည်း .. ကျွန်မ အလွန်တက်ရောက်ချင်ခဲ့သည်။ “ ၀ါသနာ ”ဆိုတာကို ထည့်မတွေးတတ်သေးသော ကလေးအတွေးမှာ အမြင့်ဆုံး၊ အကောင်းဆုံး ဆိုတာတွေကိုပဲ အိပ်မက်မက်ခဲ့ဖူးသည်။ လိုချင်တာအတွက် ကြိုးစားရကောင်းမှန်းလည်း သိနားလည်ခဲ့ရသည်။ တကယ်တမ်း လက်တွေ့ဘ၀မှာ ကြိုးစားတိုင်း ခရီးမရောက်တာမျိုး ကြုံလာရသည့်အခါ “ ကံတရား ” ဆိုတာကိုလည်း ကျွန်မသဘောပေါက်လာခဲ့သည်။ သို့တိုင် ကျွန်မကြိုးစားမှု မလျော့အောင် ကိုယ့်ကိုကိုယ် သံပတ်တင်းရသည်။ တစ်ခါတစ်လေ စိတ်ဓါတ်က ဟိုးချောက်နက်ထဲထိ ထိုးစိုက်ကျသွားသောအခါ … ကျွန်မ မျက်ရည်ကျခြင်းနှင့် အဆုံးသတ်သည်။ ကျွန်မ၏ ချို့ယွင်းချက်က “ စိတ်ဓါတ်ပျော့ညံ့တတ်မှု” ဖြစ်သည်။ ကျွန်မက အရာရာမှာ ခံစားတတ်လွန်းကာ မျက်ရည်လွယ်တတ်သူဖြစ်သည်။ ပြီးတော့ အစွဲအလမ်းကြီးတတ်သည်။ သ...