
“ အမြဲစိမ်း ”
ငါ့ရဲ့ အမြဲစိမ်းသစ်ပင်လေး
အစိမ်းရောင်… ဖြစ်ဖြစ်
ပန်းလေးတစ်ပွင့်တောင် ... ၊
မပွင့်ဝေခဲ့ဘူး ။
မိုးရေကြိုက်တာ မင်းသဘာဝ
နှုတ်ဆိတ်နေတတ်တာ မင်းအတ္တ
ငါ့ဘက်ကလည်း မျှော်လင့်ခြင်းကို
နက်နက်ရှိုင်းရှိုင်း ထိုးသိပ်ပျိုးထောင်ခဲ့လေတော့ …၊
စိတ်လိုလက်ရ ကြေကြေကွဲကွဲအပြုံးတွေ
လွင့်မျောနေဆဲ တိမ်စိုင်တွေမှာ ခိုတွဲလို့ …၊
မင်းခြယ်ထားတဲ့ အစိမ်းရောင်ကမ္ဘာမှာ
အစိမ်းရောင်ကဗျာတွေပဲ အသက်ဝင်နေပြီ ။
ခပ်စိမ်းစိမ်းနေဖို့
မင်းဘက်ကသွေးရဲရင် ၊
ငါ့ကြေကွဲမှုဆိုတာ ဘာရောင်လဲ …
မင်း သိဖို့ ….မလိုတော့ပါဘူး။
အစိမ်းရောင်နှောင်ကြိုးဆိုတာ …
သံယောဇဉ်ကို ရစ်နှောင်ဖို့ ၊
မခိုင်ခံ့ဆုံး ကြိုးတစ်ချောင်း ဖြစ်နေလို့ပဲ
ဒီပွဲမှာ .. ငါ အရှုံးပေးလိုက်တယ် ။
အစိမ်းရောင် မိုးရေစက်တွေနဲ့
မှတ်ဥာဏ်စိမ်းသစ်တောတစ်ခုမှာ
အမြဲစိမ်းသစ်ပင်လေးတစ်ပင်
ထာဝရ ရှင်သန်ရင်း ... ၊
နေရစ်ခဲ့ပါတော့ကွာ … ။ ။
မိုးရေကြိုက်တာ မင်းသဘာဝ
နှုတ်ဆိတ်နေတတ်တာ မင်းအတ္တ
ငါ့ဘက်ကလည်း မျှော်လင့်ခြင်းကို
နက်နက်ရှိုင်းရှိုင်း ထိုးသိပ်ပျိုးထောင်ခဲ့လေတော့ …၊
စိတ်လိုလက်ရ ကြေကြေကွဲကွဲအပြုံးတွေ
လွင့်မျောနေဆဲ တိမ်စိုင်တွေမှာ ခိုတွဲလို့ …၊
မင်းခြယ်ထားတဲ့ အစိမ်းရောင်ကမ္ဘာမှာ
အစိမ်းရောင်ကဗျာတွေပဲ အသက်ဝင်နေပြီ ။
ခပ်စိမ်းစိမ်းနေဖို့
မင်းဘက်ကသွေးရဲရင် ၊
ငါ့ကြေကွဲမှုဆိုတာ ဘာရောင်လဲ …
မင်း သိဖို့ ….မလိုတော့ပါဘူး။
အစိမ်းရောင်နှောင်ကြိုးဆိုတာ …
သံယောဇဉ်ကို ရစ်နှောင်ဖို့ ၊
မခိုင်ခံ့ဆုံး ကြိုးတစ်ချောင်း ဖြစ်နေလို့ပဲ
ဒီပွဲမှာ .. ငါ အရှုံးပေးလိုက်တယ် ။
အစိမ်းရောင် မိုးရေစက်တွေနဲ့
မှတ်ဥာဏ်စိမ်းသစ်တောတစ်ခုမှာ
အမြဲစိမ်းသစ်ပင်လေးတစ်ပင်
ထာဝရ ရှင်သန်ရင်း ... ၊
နေရစ်ခဲ့ပါတော့ကွာ … ။ ။
“လေပြည်ချမ်းချမ်း”
18th, March 2012;
15:31 pm, Sunday!
Comments
Post a Comment